ဖရူဆိုမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

ဖရူဆိုမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်


Ministry of Information/ ကယားပြည်နယ် / July 03, 2020
image_latest


ဖရူဆို ဇူလိုင် ၃

ကယားပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များ အတွက် တူညီ ဝတ်စုံ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဖရူဆိုမြို့ မီးသတ်စခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အစိုးရသက်တမ်း (၄)နှစ်ကျော်ကာလအတွင်း အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အခါ အားလျော် စွာ တွေ့ဆုံလျက်ရှိကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေနှင့် မိမိတို့၏ ခံယူချက်၊ ယုံကြည် ချက် စေတနာမေတ္တာများဖြင့် ဆောင်ရွက်ပေးသည်ကို ယုံကြည်ပါကြောင်း၊ ဖရူဆိုမြို့နယ်အတွင်းရှိ အရန် မီးသတ်တပ်ဖွဲ့ဝင်များကို တူညီ ဝတ်စုံ (၁၇၀)စုံကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ လိုအပ်ချက်များကိုလည်း မူဝါဒများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ လာပါက တပ်ဖွဲ့ဝင်များအနေနှင့် ပြည်သူအတွက် အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနေသူများဖြစ်ပြီး စေတနာ့ဝန်ထမ်းစိတ်ဓာတ်ဖြင့် ပြည်နယ်အကျိုး၊ ပြည်သူ များ၏ အကျိုးကို စိတ်တူကိုယ်တူ စုပေါင်းကြိုးပမ်း ဖော်ဆောင် ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံ ၁၇၀ စုံအား အရန် မီးသတ်တပ်ဖွဲ့ဝင်များကိုယ်စား တပ်ခွဲမှူးထံ ပေးအပ်ပြီး ထောက်ပံ့ငွေကျပ် (၂)သိန်းကို မြို့နယ် မီးသတ်ဦးစီးမှူးထံ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖရူဆိုမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ  တက်ရောက်ကြသည်။

ရီရယ်(ဒီးမော့ဆို)

 

HOT NEWS
January 4,