ဖရူဆိုမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေ ပေးအပ်

ဖရူဆိုမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေ ပေးအပ်


Ministry of Information/ ကယားပြည်နယ် / July 03, 2020
image_latest


ဖရူဆို   ဇူလိုင်   ၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်သောအဖွဲ့မှ ဖရူဆိုမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ၊ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို  ယနေ့ နံနက်ပိုင်းက ဖရူဆိုမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့အခမ်းအနားတွင် ထောက်ပံ့ပေးအပ်မှု (၄)မျိုး ပေးအပ်သွားမည်ဖြစ်ပြီး အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင် များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ၊ ကိုဗစ် ကာလအတွင်း စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေပေးအပ် သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလ ဘယ်ချိန်အဆုံးသတ်မည်ကို မျှော်မှန်း၍ မရသေးပါကြောင်း၊ ကျန်းမာရေးညွှန်ကြားချက်များကို အထူး အလေးထား လိုက်နာကြရန်နှင့် ပြည်တော်ပြန်များနှင့် ပတ်သက်၍ သတင်းရရှိပါက အချိန်နှင့်တပြေးညီ သတင်းပေးပို့၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်သောအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများအား သက်ဆိုင်ရာ စေတနာ့ ဝန်ထမ်း (၃)ဦး ထံ ပေးအပ်ပြီး ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စု (၂၄)စု၊ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အို (၄၁)ဦး၊ ကိုယ်ဝန်ဆောင် မိခင်(၇၄၁)ဦးနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးငယ် (၆၄၂)ဦး တို့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ငွေ လက်ခံရယူမည့် သူများ တက်ရောက်ကြသည်။

ရီရယ်(ဒီးမော့ဆို)

HOT NEWS
January 4,