မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် (၁၄)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ၂၈ မြို့နယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် (၁၄)နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ၂၈ မြို့နယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / February 27, 2022
image_latest


မန္တလေး ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက် ၁၄ နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ၂၈ မြို့နယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားပရိသတ်များ တက်ရောက်ကြပြီး အမရပူရမြို့နယ်အသင်းနှင့် သာစည်မြို့နယ်အသင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါပြိုင်ပွဲတွင် အမရပူရမြို့နယ်နှင့် သာစည်မြို့နယ်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ အမရပူရမြို့နယ်အသင်းက သာစည်မြို့နယ်အသင်းကို ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ ပထမဆုရ အမရပူရ မြို့နယ်အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု ငွေကျပ်သိန်း ၂၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း၊ ဒုတိယဆုရ သာစည်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုငွေကျပ် ၁၀ သိန်း၊ ပူးတွဲတတိယဆုရ ပျော်ဘွယ်မြို့နယ်နှင့် တောင်သာမြို့နယ် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုငွေကျပ် ငါးသိန်းစီနှင့် အကောင်းဆုံး အားကစားသမားများအတွက် တစ်ဦးချင်းဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများက ပေးအပ်ချီးမြှင့်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် ၁၄ နှစ်အောက် အခြေခံပညာ ကျောင်းပေါင်းစုံ ၂၈ မြို့နယ် လူငယ်ဘောလုံး ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၆ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အထိ ကျင်းပခဲ့ရာ မြို့နယ် ၂၈ မြို့နယ်မှ ၂၈ သင်း ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားသမားများအတွက် အားကစားဝတ်စုံများ၊ သွားလာရေး၊ တည်းခိုနေထိုင် စားသောက်ရေးများအား ငွေကျပ်သိန်း ၆၀၀ ခန့် ကုန်ကျဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,