မော်လမြိုင်မြို့နယ်သမဝါယမဦးစီးဌာန၌ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်း ဖွင့်လှစ်
မော်လမြိုင်မြို့နယ်သမဝါယမဦးစီးဌာန၌ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်း ဖွင့်လှစ်
Ministry of Cooperatives and Rural Development/ Naypyitaw / December 09, 2024
မော်လမြိုင် ဒီဇင်ဘာ ၆
ပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန (မော်လမြိုင်မြို့)က ကြီးမှူး၍ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ သမဝါယမမွမ်းမံသင်တန်းဖွင့်ပွဲကို မော်လမြိုင်မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ လုပ်ငန်းစစ်ဆေးရေး ဦးစီးအရာရှိ ဒေါ်အေးန္ဒာဟန်က အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြတ်မြတ်မွန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြား သည်။ မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအား အသင်းကိုယ်တိုင် စာရင်းရေးဆွဲ နိုင်ရေးအပြင် ဦးစီးဌာနမှ လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းများ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ သမဝါယမဘာသာရပ်များအား ဆွေးနွေးသင်ကြားပေးမည်ဖြစ်သည်။
အဆိုပါ အသင်းအမှုဆောင်များနှင့် အသင်းဝန်းထမ်းများ သမဝါယမွမ်းမံသင်တန်းကို (၂၆-၁၁-၂၀၂၄)မှ (၂၈-၁၁-၂၀၂၄) ရက်ထိ နံနက်(၉:၀၀)မှ ညနေ(၁၅:၄၅)နာရီအထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနလက်အောက်ရှိ အခြေခံသမဝါယမ အသင်းများအား အသင်းကိုယ်တိုင်စာရင်းရေးဆွဲနိုင်ရေးအတွက် သင်ကြားပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
