မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး ရာပြည့်မဂ္ဂဇင်းထုတ်ဝေရေး ဆပ်ကော်မတီ အစည်းအဝေး ကျင်းပ

မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး ရာပြည့်မဂ္ဂဇင်းထုတ်ဝေရေး ဆပ်ကော်မတီ အစည်းအဝေး ကျင်းပ

Ministry of Information/ ​နေပြည်တော် / May 30, 2020
image_latest


ရန်ကုန်  မေ  ၂၉

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ကျရောက်မည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိရာ ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေးဆပ်ကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ၌ ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပရာ ရာပြည့်မဂ္ဂဇင်း ထုတ်ဝေရေး ဆပ်ကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ဆပ်ကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာ့ရုပ်ရှင်ရာပြည့်မဂ္ဂဇင်းအား ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း ကဏ္ဍ စုံလင်စွာဖြင့် ထူးခြားကောင်းမွန်စွာ ထုတ်ဝေနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း ကျရောက်မည့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် အစည်း အဝေးများ ပြုလုပ်လျက်ရှိရာ မေ ၂၈ ရက်က စာတမ်းဖတ်ပွဲများ ကျင်းပရေးဆပ်ကော်မတီ၏ အစည်း အဝေးကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်