ရန်ကုန်မြို့တော်ဝန် မြို့တော်စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်မြို့တော်ဝန် မြို့တော်စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / February 23, 2022
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်အကြား ဘုရင့်နောင်လမ်းမပေါ်ရှိ ကမာရွတ်ချောင်း ရေစီးရေလာကောင်းစေရန် ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ချောင်းအတွင်း ရေဆင်းမြောင်းများ ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းရန်နှင့် ချောင်းကမ်းတစ်လျှောက် မြေညှိရန် မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ကမာရွတ်မြို့နယ် ဘုရင့်နောင်လမ်းနှင့် လှိုင်မြစ်လမ်းထောင့်ရှိ ဘုရင့်နောင်လမ်း ရေနုတ်မြောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ ကမာရွတ်မြို့နယ် ရန်ကုန်စီးပွားရေးတက္ကသိုလ် မာလာဆောင်ရှေ့ ယုဒဿန်ဘုရား ရှိခိုးကျောင်းဝင်ပေါက်ရှေ့မှ အင်းလျားလမ်းဆုံထိ ခြံစည်းရိုးနှင့် လူသွားစင်္ကြံအကြား မြေယာရှုခင်းဆောင်ရွက်ထားမှုကို လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ပါရမီလမ်းနှင့် ပြည်လမ်းထောင့်အနီး အင်းလျားကန်၌ မြေထိန်းနံရံ တည်ဆောက်နေမှုကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်း ဘေးဝဲယာ မြေညှိခြင်း၊ ရေဖျန်းခြင်း၊ သဲနှင့် ဖွဲများထည့်၍ မြက်စိုက်ခြင်းလုပ်ငန်းများ၊ လမ်းတစ်လျှောက် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နား စခန်းရှေ့ ပြည်လမ်းမြောင်းတစ်လျှောက် လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ မင်္ဂလာကန် ရေပိုလွှဲ Spill way ကြမ်းခင်းနှင့် ရေထုတ်မြောင်း မြေထိန်းနံရံ ပြုပြင်ဆောင်ရွက်နေမှု၊ ကန်ပေါင်တစ်လျှောက် မြက်ခင်း၊ အရိပ်ရပင်၊ ပန်းအလှပင် များစိုက်ပျိုး၍ မြေယာရှုခင်းဆောင်ရွက်နေမှု၊ လူသွားစကြံ စက်ဘီးလမ်းဘေးတွင် ခုံတန်းများ တပ်ဆင်ထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အမှတ်(၁) တပ်မတော်ဆေးရုံကြီးအတွင်း ကတ္တရာကွန်ကရစ်(AC) ခင်းကျင်းနေမှုကို လည်းကောင်း၊ စမ်းချောင်းမြို့ နယ်ပန်းလှိုင်ရပ်ကွက် ရှင်စောပုလမ်း အောင်ချမ်းသာမြောင်းအတွင်း အမှိုက်များ ဆယ်ယူရှင်းလင်းနေမှု၊ ၎င်းမှ အောင်ချမ်းသာမြောင်းနှင့် တစ်ဆက်တည်းရှိသည့် ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက် ဦးလူနီလမ်းကွင်းချောင်းမြောင်းများအတွင်း Excavator ယန္တရားဖြင့် အမှိုက်များ၊ သဲမြေများနှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်

HOT NEWS
January 4,