သတင်းတင်ပြခြင်း

သတင်းတင်ပြခြင်း


Sagaing Region Government/ Monywa / September 29, 2020
logo


(၂၉-၉-၂၀၂၀)ရက်​နေ့တွင် ရွှေဘိုခရိုင်၊ ခရိုင်အဆင့် Coronavirus Disease 2019-(COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ ဦးကိုကိုအောင်သည် ယ​နေ့နံနက်ပိုင်းတွင် ရွှေဘိုမြို့နယ် Coronavirus Disease 2019-(COVID-19)ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရွှေဘိုမြို့၊ စည်ပင်သာယာမြို့မ​ဈေးကြီးအတွင်း/အပြင်ရှိ ​ဈေးသည်၊​ဈေးဝယ်များနှင့် သွားလာနေကြသူများအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ Mask တပ်ဆင် ထားခြင်းမရှိသူ(၄၀)ဦးအား (၁)ဦးလျှင် ဒဏ်ငွေ (၅၀၀ဝိ/-)စီ ဒဏ်ရိုက်ခဲ့ပြီး ၎င်း(၄၀)ဦးအား တစ်ဦးလျှင် Mask(၂၀)ခုစီပြန်လည်ပေး အပ်ခဲ့ပါသည်။
 
ဆက်လက်၍ ၁၅၀၀အချိန်တွင် ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အသွားအလာကန့်သတ်သည့် တားမြစ်မိန့်ထုတ်ပြန်ထားသော ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကံသာကုန်းကျေးရွာသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောMask (၂၀၀၀)ခု၊ အလှူရှင်များ လှူဒါန်းထားသော ကြက်ဥ အလုံး (၁၅၀၉၀)လုံးတို့အား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
​​​​​​​

 

HOT NEWS
January 4,