သတင်းတင်ပြခြင်း

သတင်းတင်ပြခြင်း


Sagaing Region Government/ Monywa / October 14, 2020


(၁၄-၁၀-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် MYTCLကုမ္ပဏီ ဝန်ထမ်းများမှ စုပေါင်း၍ COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ခေါက်ဆွဲခြောက်ဗူး (၃၄)ဗူး၊ Royal-D အချိုရည် (၂၄၉)ဗူး၊ အိုဗာတင်း (၅၇)ထုပ်၊ ဆပ်ပြာမှုန့် (၁၃)ထုပ်၊ ခေါင်းလျှော်ရေဗူး (၅၅)ဗူး၊ သွားတိုက်ဆေး (၄၅)ဗူး၊ ရွှေဝါဆပ်ပြာ (၄၄)ထောင့်၊ အမွှေးဆပ်ပြာခဲ (၄၆)ခဲ ၊ တစ်သျှူး (၁၈၄)လိပ် ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် COVID-19ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးစိုးငြိမ်းထက်မှ လက်ခံရယူပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ ​​​​​​​

HOT NEWS
January 4,