သားဖွားသင်တန်းကျောင်း (ဘားအံ)၏ ဆဌမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်း

သားဖွားသင်တန်းကျောင်း (ဘားအံ)၏ ဆဌမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်း


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / January 29, 2020


ဘားအံ - ဇန်နဝါရီ(၂၈)

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်း ကျောင်း(ဘားအံ)၏ ဆဌမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ (၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဘားအံမြို့၊ သူနာပြု သင်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်လွှတ်တော်ဉက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ ဆရာမများ၊ သူနာပြု/ သားဖွား သင်တန်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

  အခမ်းအနားတွင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အမှာစကား ပြောကြားရာတွင် ယနေ့အခမ်း အနားဟာ သားဖွားသင်တန်းသူများ ဂုဏ်ယူဝမ်းမြောက်ရမည့် ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲတစ်ခုဖြစ်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကို အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးနိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ဆရာဝန်၊ သူနာပြု၊ သားဖွားနှင့် ဆေးဖက်ပညာသည်များကို နိုင်ငံတော်က တိုးမြှင့်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဘက်စုံဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းခံရပြီးတဲ့ သားဖွားဆရာမတစ်ဦးအနေနဲ့ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ပြည်သူအကျိုးအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

 ထို့နောက် သားဖွားသင်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ပညာရေးအဖွဲ့၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက နေရာယူကြပြီး သားဖွားသင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဇင်မော်မော်က သင်တန်းသူများအား အမေးအဖြေနှင့် သူနာပြုသစ္စာအဓိဌာန်များ ရွတ်ဆိုစေသည်။ ဆက်လက်၍ ကျောင်းအုပ်ကမိန့်ခွန်းပြောကြားပြီး သင်တန်းသူ(၅၅)ဦးအား ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်များ အပ်နှင်းပေးခဲ့ ကြောင်း သိရသည်။

HOT NEWS
January 4,