တနင်္သာရီတိုင်းဒေသကြီးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၅/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၅/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပပြုလုပ်


/ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ / October 11, 2018


(၁၁.၁၀.၂၀၁၈)ရက်နေ့ (၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ (၅/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် မှ   အဖွင့်အမှာစကားပြောကြားရာတွင် သိမ်းဆည်မြေတိုင်ကြားစာများနှင့် စပ်လျဉ်းပြီး  ခရိုင်/ မြို့နယ်/ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စိစစ်ရေးအဖွဲ့များအား  တိုင်ကြားစာများစိစစ်ရာတွင် အရေးတယူ မြန်မြန်ဆန်ဆန်နှင့်  သေသေချာချာစိစစ်ပြီး ပြီးပြတ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျူးကျော်ကိစ္စများကိုလည်း တိတိကျကျပြတ်ပြတ်သားသား အရေးယူဆောင်ရွက်စေချင်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ တိုင်ကြားစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး မြေပြင်တွင် ညှိနှိုင်းဆောင်ရွက်ရာ၌  ဒေသခံပြည်သူများ၏ ယုံကြည်မှု ရရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များအား ကူညီဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။ 
၎င်းနောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်ကြားစာအမှုတွဲ တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တက်ရောက်လာသော ကိုယ်စားလှယ်များမှ ပြန်လည်ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ပြီး နိဂုံးချုပ်အနေဖြင့်  တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ  တိုင်ကြားစာများဖြေရှင်း ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊နည်းဥပဒေ၊ မူဝါဒ၊ မြေယာဥပဒေအကိုးအကားများနှင့်အညီ မလွှဲမသွေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေပညာရှင်များထံမှလည်း ဥပဒေအကူအညီတောင်းပြီး ဆောင် ရွက်ရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် နိဂုံးချုပ် အမှာစကားပြောကြားပြီးနောက် အစည်းအဝေးကို (၁၂၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။