ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးနိုင်ရန် အရေးကြီး

ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့ရလူငယ်မောင်မယ်များ မွေးထုတ်ပေးနိုင်ရန် အရေးကြီး


Ministry of Information/ ရန်ကုန် / February 11, 2019
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန် နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရန်ကုန်နည်းပညာတက္ကသိုလ်၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ မြင့်သိန်းက ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့်စပ်လျဉ်းသည့် အချက် အလက်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက University Autonomy နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင် ပြောင်းလဲမှု ပြုလုပ်ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ အသက် ၅ နှစ်အရွယ်ကလေးသည် ၉ သိန်းမှ ၁ သန်းဝန်းကျင် အထိရှိပြီး မူလတန်းပြီးမြောက်သူသည် ၉ သိန်း ၆ သောင်းမှ ၉ သိန်း ၈ သောင်းဝန်းကျင် ရှိပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူဦးရေသည် ၂၀၁၆ ခုနှစ်တွင် ၆၅၀၀၀၀ ဖြေဆိုကြပြီး အောင်မြင်သူဦးရေ ၁ သိန်းကျော် အောင်မြင်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၇၃၀၀၀၀ ဖြေဆိုပြီး ၂ သိန်းကျော် အောင်မြင် ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ၈၃၀၀၀၀ ဖြေဆိုပြီး ၂၅၀၀၀၀ အောင်မြင်ကြောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင် ၈၉၀၀၀၀ ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်လျက်ရှိပါကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၏ ကျောင်းသားဦးရေ ၇၈၉၆၅၀ ရှိပြီး နေ့သင်တန်းတက္ကသိုလ်များသည် ၂၅၀၀၀၀ သာ လက်ခံနိုင်သဖြင့် အဝေးသင်ကျောင်းသားဦးရေ သည် ၅၃၀၀၀၀ ရှိပါကြောင်း၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် တက်နေသည့် ကျောင်းသား ဦးရေ ၇၁၈၉၀ ရှိပြီး ပညာရေးကောလိပ် နှင့် ပညာရေးတက္ကသိုလ်များတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေသည် ၁၇၄၀၆ ဦးရှိသဖြင့် စုစုပေါင်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ဦးရေသည် ၈၇၉၀၅၁ ဦး ရှိပါကြောင်း။
ထိုဦးရေမှ ဘွဲ့ရအရေအတွက်ကို ကြည့်ပါက နေ့သင်တန်းမှ ဘွဲ့ရဦးရေသည် ၅၅၀၀၀ ခန့်ရှိပြီး အဝေးသင် တက္ကသိုလ်များမှ ဘွဲ့ရဦးရေသည် ၆၀၀၀၀ ခန့်ရှိပါကြောင်း၊ နေ့သင်တန်း တက္ကသိုလ်များ၏ ၂၅၀၀၀၀ တွင် ၅၀၀၀၀ ခန့်သာဘွဲ့ရရှိပြီး ၅၃၀၀၀၀ တွင် ၆၀၀၀၀ ခန့်သာ ဘွဲ့ရရှိပါကြောင်း၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် များ၏ ဘွဲ့ရရှိသည့် ဦးရေအပါအဝင် တစ်နှစ်တွင် ၁၄၀၀၀၀ ဝန်းကျင်သာ ရှိပါကြောင်း၊ ဘွဲ့ရဦးရေ၏ ၈၀ ရာခိုင်နှုန်း သည် ကျောင်းသူများဖြစ်ပြီး ၂၀ ရာခိုင်နှုန်းသာ ကျောင်းသားများဖြစ် ပါကြောင်း၊ ထို့ကြောင့် ကျား၊ မ အချိုးသည်လည်း အရေးကြီး ပါကြောင်း၊ ဒေသ၏လိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့ရလူငယ် မောင်မယ်များ မွေးထုတ်ပေးနိုင်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် နိုင်ငံတကာမှ ပညာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ ပြင်ပ ပုဂ္ဂလိကများမှ သိရှိနိုင်ရန်အတွက် မိမိတို့ တက္ကသိုလ်၏ Website များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး ဆရာ ဆရာမများ၏ ဓာတ်ပုံများနှင့် ဌာန အလိုက်၊ Research Group အလိုက်ဖော်ပြပြီးTeaching Experience, Research Publication များ ထည့်မှသာ သတင်းအချက်အလက်များကို အလွယ်တကူ သိရှိနိုင်မည်ဖြစ် ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဘွဲ့ရလူငယ်များအဖြစ် ပြုစုပျိုးထောင်ရာ၌ တစ်သက်တာ သင်ယူလေ့လာနိုင်ရန်အတွက် အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာ အသုံးပြု၍ ကျောင်းသား ကျောင်းသူများအား High-tech learning ဖြင့် သင်ကြားနိုင်ရန်အတွက် သုတေသန ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ် များတွင် ရေးသားနိုင်စွမ်းရှိရန်၊ သို့မှသာ ဆရာ ဆရာမများက စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့် နီးစပ်သော သင်ရိုးညွှန်း တမ်းများကို ပြုစုသင်ကြားပေးနိုင်မည်ဖြစ်ပြီး Project based learning (high-tech learning, high-touch learning) အသုံးပြုခြင်းဖြင့် Real World Application များနှင့် လိုက်လျောညီထွေဖြစ်ရန်နှင့် အထောက်အကူပြု အသုံးချနိုင် မည်ဖြစ်ကြောင်း။
တက္ကသိုလ် world ranking အရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန် သည့် world ranking တွင် YTU သည် ကမ္ဘာ့အဆင့် ၁၈၃၉၀ အာဆီယံ အဆင့် ၁၂၄၂ ရှိပြီး ယခင်နှစ်ထက် ၁၆၂ ဆင့်တက်လာပြီး မြန်မာနိုင်ငံမှတက္က်သိုလ် များသည် ကမ္ဘာ့အဆင့် တိုးတက်လာ သော်လည်း အာဆီယံတွင် ပြိုင်ဆိုင်မှု ပြင်းထန်သည့် အတွက် ကြိုးပမ်းအားထုတ် ရန်လိုအပ်ပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်း ရှိပြီး အရည်အသွေးရှိသော ဘွဲ့ရလူငယ်များကို ဆက်လက်ပြုစု ပျိုးထောင်ကြ စေလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများနှင့် ဝန်ထမ်းများက တင်ပြဆွေးနွေးသည့် တက္ကသိုလ် ပဋိညာဉ်စာတမ်းများ ရေးဆွဲရေး၊ နိုင်ငံနှင့်ဒေသ၏ လိုအပ် ချက်များ လိုက်လျောညီထွေရှိသော သင်ကြားရေးအစီအစဉ်များ တိုးချဲ့ ဆောင်ရွက်ရေး၊ သုတေသနဆိုင်ရာ ကျင့်ဝတ်စောင့်ထိန်းရေး၊ ရာထူးတိုး ပြောင်းနှင့် ဝန်ထမ်းအိမ်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်နှင့် ရန်ကုန်ပညာရေး တက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
 

HOT NEWS
January 4,