ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တက်ရောက်


Ministry of Information/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁ဝ

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း တိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့လှည့်ခရီးသွားများ မြန်မာနိုင်ငံအတွင်းသို့ လွယ်ကူအဆင်ပြေစွာ ဝင်ရောက် လည်ပတ်နိုင်ရေးအတွက် ဗီဇာဖြေလျှော့မှုများကို ပြီးခဲ့သည့်နှစ်အတွင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခု ထပ်မံ၍ အနောက်နိုင်ငံများမှ ခရီးသွားများအတွက် သင့်လျော်သည့် နိုင်ငံများကိုရွေးချယ်၍ ဗီဇာဖြေလျှော့ ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းတိုးတက်ရေး အတွက် နိုင်ငံအလိုက်၊ နယ်မြေအလိုက် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပေးထားပြီး ခရီးသွား လုပ်ငန်းမြှင့်တင်ရေးရန်ပုံငွေများကို နိုင်ငံတော်မှခွင့်ပြု ပေးထားကြောင်း၊ လုပ်ငန်းအဖွဲ့များအနေဖြင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအစီအစဉ်များကို စနစ်တကျ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ငွေကြေးသုံးစွဲမှုများတွင် ဘဏ္ဍာရေး စည်းမျဉ်း၊စည်းကမ်းများအတိုင်း သုံးစွဲဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ-ဂျပန်၊ ကိုရီးယား၊ အာဆီယံ၊ ဥရောပ၊ တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်း အဖွဲ့များ၊ ပြည်တွင်း ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရီးသွား လုပ်ငန်းအဖွဲ့၊ Digital Marketing အကောင် အထည်ဖော်ရေး လုပ်ငန်းအဖွဲ့တို့မှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ် သည်များကို ညှိနှိုင်းပေးသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်း တွင် ရန်ကုန်မြို့ ဗိုလ်ဆွန်ပက်လမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် လူဇင်ဘတ်နိုင်ငံ Luxemburg Development အဖွဲ့အစည်းတို့ ပူးပေါင်း၍ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနေသည့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းကျောင်း၌ သင်တန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်
 

HOT NEWS
January 4,