တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးရှိ

တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးရှိ


Ministry of Information/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော်၊ မတ် ၁၄

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အဋ္ဌမနေ့ ပထဝီဝင်ဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၇ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၃၅၂ ခု၊ စာစစ် ဌာနစုစုပေါင်း ၁၃၅၉ ခုတွင် ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၁၂၅၃၈၁ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၂၀ ၊ အမြင်အာရုံ မသန်စွမ်းဖြေဆိုသူ ၂၄ ဦး၊ အကြားအာရုံ မသန်စွမ်းဖြေဆိုသူ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ၄ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၃၅ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၇၈ ဦးနှင့် ကရင် ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၉ ဦးရှိကြောင်း သိရသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,