လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၊ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူးများ၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးများနှင့် ဒေါ်မာရှောက်ဆန်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၊ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူးများ၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူးများနှင့် ဒေါ်မာရှောက်ဆန်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ


Ministry of Information/ လားရှိုး / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ မြို့နယ်ဦးစီး မှူးနှင့် တိုက်နယ်မှူးများသည် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းနှင့် မွေး/တိုး စာရင်းပြု လုပ်ခြင်းတို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက်ပေးနေခြင်းအား အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြား ခဲ့သည်။
တိုင်ကြားစာအရ ကော်မရှင်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်၊ မွေး/တိုးပြုလုပ်ရန်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရန်တို့ အတွက် စုစုပေါင်း ငွေကျပ် (၁၂)သိန်း (၈)သောင်းကိုလည်းကောင်း၊ ဒုတိယ လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွှန့်သည် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရန်အတွက် ငွေကျပ် (၁၀)သိန်းကိုလည်း ကောင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်သည် နိုင်ငံသား စိစစ်ရေးကတ်ပြား လဲလှယ်ရန်အတွက် ငွေကျပ်(၁၅)သိန်းကိုလည်းကောင်း၊ လက်ထောက် လူဝင်မှု ကြီးကြပ်ရေး မှူး ဦးထက်ဝင့်အောင်သည် အိမ်ထောင်စုစာရင်း ပြုလုပ်ရန်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ရန်တို့အတွက် ငွေကျပ်(၂၁)သိန်း၊ အကျိုးဆောင်အဖြစ် ဆောင်ရွက်သူ ဒေါ်မာရှောက်ဆန်း ထံမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ် ပေးခြင်းအတွက် ငွေကျပ်(၅)သိန်းနှင့် မွေး/တိုးပြုလုပ်ခြင်းအတွက် ငွေကျပ် (၆ ဒသမ ၈) သိန်းတို့ကို လည်းကောင်း၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်သည် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့ အတွက်ငွေကျပ်(၁၄)သိန်း၊ မွေး/တိုးပြုလုပ်ခြင်းအတွက် ငွေကျပ် (၂)သိန်း တို့ကိုလည်း ကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းသည် အိမ်ထောင်စုစာရင်း အမည် ပြင်ဆင်ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ခြင်းတို့အတွက် ငွေကျပ် (၉)သိန်းကို လည်းကောင်း တောင်းခံရယူ ခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့သည်ကို တွေ့ရှိရကြောင်း။
လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းသည် မြို့နယ်ဉီးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စုခွဲခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် တောင်းခံထားသည့် ငွေကျပ် (၁၂)သိန်း (၈)သောင်းကို လက်ခံရယူ ပေးခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ်ခြင်းအတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ထံမှ ငွေကျပ် တစ်သိန်း လက်ခံရယူခဲ့ခြင်းဖြင့် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်နှင့် ဦးရန်ဝင်း အောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်၊ ဒေါ်အိအိမွန်အောင်နှင့် ဒေါ်ခင်မေထွန်း တို့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းနှင့် ဒေါ်မာရှောက်ဆန်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း လားရှိုးမြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမ သတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,