ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲတော် ၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ပွဲတော် ၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်


Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း နှင့်အတူယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၊ Dianchi International Convention and Exhibition Center ၌ မြန်မာပြခန်းများတွင် မြန်မာနိုင်ငံ ထွက်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည် ကြည့်ရှုအားပေးကာ ကုန်သည် လုပ်ငန်းရှင်များ၏ တင်ပြ ချက်များကို ညှိနှိုင်း ဆောင်ရွက်ပေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် Dianchi international Convention and Exhibition Center ၌ ကျင်းပသည့် တောင်နှင့်အရှေ့ တောင်အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ၂၀၁၉ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် သည်။
ဖွင့်ပွဲအခမ်းအနားတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်း ရေးမှူး Mr. Chen Hao၊ တရုတ်၊ တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီးက အဖွင့်နှုတ်ခွန်း ဆက်စကားပြော ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် နှင့်အတူ ချင်းတောင်ရတနာ ကုမ္ပဏီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Sichuan Newstar Konijac Co., Ltd တို့အကြား ဝဥ နည်းပညာနှင့် အရည် အသွေးမြှင့်တင်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် အရည်အသွေးမြင့် ဝဥခြောက်ရောင်းဝယ်ရေး နားလည်မှု သဘောတူ စာချုပ်ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေ ၅ နာရီတွင် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Ruan Chengfa နှင့်အဖွဲ့နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော်တွင် မြန်မာနိုင်ငံမှ ကုန်စည်ပြခန်း (၆၆) ခန်း၊ ကုန်သည် လုပ်ငန်းရှင် (၂၅၀) တက်ရောက်ခဲ့ပြီး ချင်းပြည်နယ်မှ ဝဥနှစ်စဉ်တန်ချိန် (၅၀၀) ခန့်၊ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ(၅) သန်းခန့်ရောင်း ဝယ်ရေးစာချုပ်နှင့် အခြား ကုန်သွယ်မှု စာချုပ်များကို လက်မှတ် ရေးထိုး နိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,