ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများအစည်း အဝေး ကျင်းပ

ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများအစည်း အဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / July 12, 2019
image_latest


နေပြည်တော်၊ ဇူလိုင် ၁၂

ပထမအကြိမ် ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ အစီအစဉ် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး ( First BIMSTEC Ministerial Meeting on Agriculture – 1 st BAMM ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton Hotel , Grand Ball Room ၌ ကျင်းပသည်။
အခမ်းအနားသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် များ၊ အဆင့်မြင့်အရာရှိများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က ဘင်းမ်စတက် နိုင်ငံများ၏ စုစုပေါင်း ပြည်တွင်းထွက်ကုန်သည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံ ရှိပြီး လူဦးရေ ၁ ဒသမ ၅ ဘီလီယံခန့်ရှိပါကြောင်း၊ ကမ္ဘာတစ်ဝန်းလုံးရှိ လူဦးရေ ၏ ၂၂ ရာခိုင်နှုန်း ဖြစ်ပါ ကြောင်း၊ အဖွဲ့ဝင်နိုင်ငံ များအကြားဖွံ့ဖြိုးတိုးတက်မှုညီမျှချင်းမရှိသော်လည်း တူညီသော စိန်ခေါ်မှုများရှိနေသည့်အတွက် စီးပွားရေးပေါင်း စည်းခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည် တံ့စေရေး၊ ဆင်းရဲမှုပပျောက်စေရေး၊ အားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက် စေရေး၊ စီးပွားရေးတိုးတက်မှု ညီမျှစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရေရှည်တည်တံ့ စေရေးတို့ကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည် ဖြစ် ပါကြောင်း၊ နီပေါနိုင်ငံတွင်ကျင်းပ ခဲ့သည့် (၄)ကြိမ် မြောက်ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု လုပ် ငန်းများ ကိုတိုးမြှင့် ဆောင်ရွက်သင့်ပါကြောင်း၊ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုသည် ဘင်းမ်စတက် ဒေသ တွင်းရှိပူးပေါင်းဆောင်ရွက်မှု ဧရိယာ(၁၄)ခုအနက်တစ်ခုဖြစ်ပြီး ယခုကျင်းပပြုလုပ်သည့် အစည်း အဝေး၏ ဆောင်ပုဒ်သည်"စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝစေရေးအတွက် ရာသီဥတု ပြောင်းလဲမှုအား ခံနိုင်ငံရည်ရှိပြီး ရေရှည် တည်တံ့သော စိုက်ပျိုးရေး မှတစ်ဆင့်စိုက်ပျိုးထုတ်လုပ်သူများ သာယာဝပြော စေရေး" ဖြစ်ပါကြောင်း၊ အဆိုပါ ဆောင်ပုဒ်သည် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့ စေရေး ပန်းတိုင်အထူးသဖြင့် ဆင်းရဲမှုနှင့် ငတ်မွတ် ခေါင်းပါးမှုပပျောက်စေရေးပန်းတိုင်နှင့် တိုက်ရိုက် ဆက်စပ် မှုရှိပါကြောင်း၊ ပထမအကြိမ် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များအဖွဲ့အစည်းအဝေးကို ၂၀၀၇ ခုနှစ်တွင်နေပြည်တော် ၌ ကျင်းပနိုင်ခဲ့ပြီး ယခု ပထမအကြိမ် စိုက်ပျိုး ရေးဝန်ကြီး များအစည်းအဝေးကို အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပနိုင်သည့်အတွက် များစွာ ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။
ထို့နောက် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံး အထွေထွေအတွင်းရေးမှူးချုပ်၊ Ambassador M.Shahidul Islam က အမှာစကားပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဘင်းမ်စတက် စိုက်ပျိုး ရေးဆိုင်ရာဝန်ကြီးများ၊ ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပထမအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို အဆိုပါ ဟိုတယ် သရဖီခန်းမ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက ဘင်းမ်စတက်နိုင်ငံများ အကြား စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများပိုမိုတိုးတက်ကောင်းမွန် လာစေရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက် သင့်သည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ လမ်းညွှန်မှု ပြုခြင်း၊ ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ်ဘင်းမ်စတက်စိုက်ပျိုးရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးမှ ဆွေးနွေးချက်များနှင့် အကြံပြုချက်များကို အတည်ပြု လက်ခံခြင်း၊ အစည်းအဝေးတွင်ထုတ်ပြန်မည့်ပူးတွဲကြေညာချက်မူကြမ်း အပေါ်ညှိနှိုင်း ဆွေးနွေးခြင်း၊ အတည်ပြုခြင်းနှင့် ဒုတိယအကြိမ်ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေး ကျင်းပမည့် နေ့ရက်၊ နေရာနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခြင်းတို့ဆောင်ရွက်ကြပြီး ပူးတွဲကြေညာချက် ထုတ်ပြန်ကြသည်။
အစည်းအဝေးအပြီးတွင် ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများ၊ ကိုယ်စား လှယ်အဖွဲ့ ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိများသည် Gem Museum၊ Rice Processing Complex ၊ စိုက်ပျိုးရေးသုသေတနဦးစီးဌာန ရှိမျိုးစေ့ဘဏ်နှင့် ရိတ်သိမ်းချိန်လွန် သုတေသနဌာနတို့ကို သွား ရောက် လေ့လာကြသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,