နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား လက်ခံ တွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / July 26, 2019
image_latest


နေပြည်တော် ဇူလိုင် ၂၅

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာမန်ဂျူရူလ် ကရင်ခမ်ချောင်ဒရီကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မကြာမီသွားရောက်မည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ် စီစဉ်ဆောင်ရွက်ထားမှုများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် အမြဲတမ်းအတွင်းဝန်က နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့ စေရေးအတွက် ကျေးရွာအလိုက် စိစစ်ထားသည့် နေရပ်စွန့်ခွာသွားသူများစာရင်းကို သတ္တမအသုတ်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပေးပို့ ထားပြီးဖြစ်ကြောင်း၊ စိစစ်ပြီး နေရပ်စွန့်ခွာသွား သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စတင်လွှဲပြောင်းပေးမည်ဆိုပါက ယင်းစိစစ်ပြီး နေရပ်စွန့်ခွာသွားသူ များကို ဦးစားပေးဆောင်ရွက် သွားရန်နှင့် နှစ်နိုင်ငံသဘောတူညီချက်များကို လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စိစစ်ပြီး နေရပ် စွန့်ခွာသွားသူများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံအနေဖြင့် အဆင်သင့်ရှိကြောင်း အသိပေးပြောကြား ခဲ့သည်။

 

သတင်းစဉ်

HOT NEWS
January 4,