နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် တရားရုံးများ၏ အခြေခံမျဉ်းအချက်အလက်များဆွေးနွေးခြင်း၊ စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်းနှင့် အစီရင်ခံစာရေးသားခြင်း၊ နည်းပညာသုံး မှုခင်းစီမံခန့်ခွဲရေးစနစ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် တရားရုံးများ၏ အခြေခံမျဉ်းအချက်အလက်များဆွေးနွေးခြင်း၊ စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်းနှင့် အစီရင်ခံစာရေးသားခြင်း၊ နည်းပညာသုံး မှုခင်းစီမံခန့်ခွဲရေးစနစ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


The Supreme Court of the Union/ နေပြည်တော် / July 26, 2019


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် USAID-PRLM တို့ပူးပေါင်း၍ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်တရားရုံးများ၏ အခြေခံမျဉ်းအချက် အလက်များ ဆွေးနွေးတင်ပြခြင်း၊ စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်း၊ နည်းပညာသုံး မှုခင်းစီမံခန့်ခွဲရေး စနစ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်၊ Kempinski ဟိုတယ်၌ ကျင်းပသည်။

​​​​​​​         


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် တရားရုံးများက ကောက်ယူခဲ့သော စစ်ဆေးပြီးအမှု၊ စစ်ဆေးဆဲအမှု၊ တရားရုံးအသုံးပြုသူများ ကျေနပ်မှုစစ်တမ်းများ၏ အခြေခံ မျဉ်းများကို သုံးသပ်တင်ပြခြင်း၊ ယခင်မှုခင်းစီမံခန့်ခွဲမှု တရားရုံးများ၏ စစ်ဆေးပြီးအမှုနှင့် စစ်ဆေးဆဲအမှုများ၏ ၁-၁-၂၀၁၉ ရက်နေ့မှ ၃၀-၆-၂၀၁၉ ရက်နေ့ထိ ရလာဒ်များကို အခြေခံမျဉ်းနှင့် မဟာဗျူဟာစီမံကိန်းပါ လျာထားသတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ဆွေးနွေး သုံးသပ်ခြင်း၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် တရားရုံးများအား စောင့်ကြည့်စစ်ဆေး အကဲဖြတ်ခြင်းနှင့် အစီရင်ခံစာရေးသားခြင်း၊ နည်းပညာသုံး မှုခင်းစီမံခန့်ခွဲရေးစနစ် အသုံးပြုခြင်း စသည့်အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်သည်။

​​​​​​​         

​​​​​​​         


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ မှုခင်းစီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်တင်နွယ်စိုး နှင့် ကော်မတီဝင်များ၊ လေ့ကျင့်သင်ကြားရေးလုပ်ငန်းအဖွဲ့ဝင်များ၊ နည်းပညာ သုံး မှုခင်းစီမံခန့်ခွဲရေးစနစ် လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် ညှိနှိုင်းရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ခရိုင်တရားရုံးများမှ ခရိုင်တရားသူကြီးများ စုစုပေါင်း (၅၅) ဦး တက်ရောက်ကြသည်။ အလုပ်ရုံဆွေးနွေးပွဲအား ၂၆-၇-၂၀၁၉ ရက်နေ့ မှ ၂၉-၇-၂၀၁၉ ရက်နေ့ထိ (၄) ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

HOT NEWS
January 4,