ကရင်ပြည်နယ်ရေဘေးသင့်ဒေသများတွင် အသုံးပြုရန် စက်တပ်ဖိုင်ဘာလှေ(၇)စီး လှူဒါန်း

ကရင်ပြည်နယ်ရေဘေးသင့်ဒေသများတွင် အသုံးပြုရန် စက်တပ်ဖိုင်ဘာလှေ(၇)စီး လှူဒါန်း


Ministry of Information/ ဘားအံ / August 13, 2019
image_latest


 ဘားအံ ဩဂုတ် ၁၃

ကရင်ပြည်နယ် အတွင်း၌ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိပြီး ဒေသနေ ပြည်သူများ အနေ ဖြင့် နှစ်စဉ်နီးပါး ရေဘေးဒုက္ခကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိရာ ရေဘေးသင့်ဒေသများတွင် အသုံးပြုနိုင်ရန် ရန်ကုန် တိုင်းဒေသကြီးမှ စေတနာရှင်များ စုပေါင်း လှူဒါန်းသည့် စက်တပ်ဖိုင်ဘာလှေ(၇)စီးကို ယနေ့ ညနေ ၅ နာရီခွဲ အချိန်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းသည်။

ရှေ့ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယခုကဲ့သို့ စေတနာထက်သန်စွာ ဖြင့် လာရောက် လှူဒါန်းပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ သဒ္ဒါတရားထက်သန်စွာဖြင့် ရေဘေးသင့် ပြည်သူများအပေါ် အသိစိတ်ဓာတ်ရှိရှိြဖင့် မျှဝေပေးသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကျေးဇူး တင်ပါကြောင်း ပြောကြားခဲ့ပြီး အလှူရှင်များကိုယ်စား ဦးသန့်ဇင်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားသည်။

 ထို့နောက် အလှူရှင်များက စက်တပ်ဖိုင်ဘာလှေ (၇)စီးအား ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ အဆိုပါ စက်တပ် လှေများ အား ပိုင်ကျုံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုး အစရှိသည့် ရေဘေးသင့်ဒေသများသို့ ခွဲဝေ ပေးသွားမည် ဖြစ် သည်။ ယနေ့ ပေးအပ်လှူဒါန်းသည့် စက်တပ် ဖိုင်ဘာလှေများတွင် တစ်စီးလျှင် ငွေကျပ်(၁၃)သိန်း တန်ဖိုးရှိ အလျားပေ (၂၀) ဖိုင်ဘာလှေ ၅ စီး၊ တစ်စီးလျှင် ငွေကျပ်သိန်း(၂၀)တန်ဖိုးရှိ အလျားပေ(၃၀) ဖိုင်ဘာ လှေ ၂ စီး၊ အဆိုပါ လှေများ တွင် တပ်ဆင်ရန် ငွေကျပ်(၅)သိန်းတန်ဖိုးရှိ Honda 22 HP အင်ဂျင်(၇)လုံးနှင့် စပ်ဆက် ပစ္စည်း များအား ပေးအပ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

HOT NEWS
January 4,