လောင်းလုံးမြို့၊ ကျောက်နီမော်-ကြက်လွှတ် ကားလမ်းပေါ်တွင် ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနိုင်

လောင်းလုံးမြို့၊ ကျောက်နီမော်-ကြက်လွှတ် ကားလမ်းပေါ်တွင် ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနိုင်


Ministry of Information/ ​နေပြည်တော် / August 15, 2019
image_latest


လောင်းလုံး၊ ဩဂုတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်တွင် ဩဂုတ်လ(၁၀)ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြို ကျ၍ ကျောက်နီမော်ကျေးရွာမှ မြတ်ရှင်မော်ဘုရား ကားလမ်းပေါ်တွင် မြေသားများဖုံးလွှမ်း၍ ယာဉ်များသွားလာမှုရပ်တန့်ခဲ့ရသည်။

ယနေ့ နံနက်(၁၁)နာရီတွင် ကျောက်နီမော်ကျေးရွာမှ ကြက်လွှတ်ကျေး ရွာအထိ (၁၀)မိုင်(၂)ဖာလုံခန့် ကားလမ်းမပေါ်တွင် ပိတ်နေသော မြေသား များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖယ်ရှားရှင်းလင်းပြီးဖြစ်၍ ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပြီး၊ ကြက်လွှတ်ကျေးရွာမှ မြတ်ရှင်မော်ဘုရားအထိ(၂ ) မိုင် နီးပါး ဆက်၍ မြေသားများဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။

လောင်းလုံး(ပြန်/ဆက်)

 

HOT NEWS
January 4,