ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr.Saurabh Kumar နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr.Saurabh Kumar နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / August 15, 2019
image_latest


နေပြည်တော် သြဂုတ် ၁၄

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Saurabh Kumar နှင့်အဖွဲ့ အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် UID System ကိစ္စရပ်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ဝင်ပေါက်ဖြစ်သည့် တမူး-မိုးရေးတွင် International Gate ဖွင့်လှစ်ဆောင်ရွက်မှု၊ အိန္ဒိယနိုင်ငံမှ ထုတ်ပေးထားသည့် OCI ပတ်စပို့ ဗီဇာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ လွယ်ကူစွာ ဝင်ရောက် နိုင်ရေးအတွက် လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရသော အခက်အခဲများနှင့် အခြေအနေများကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများမှတဆင့် ဆက်သွယ်ဆောင်ရွက် သွားနိုင်ရေးကိစ္စနှင့် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,