အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျ သံအမတ်ကြီး Ms. Andrea Faulkner အား လက်ခံတွေ့ဆုံ


Ministry of Information/ ​နေပြည်တော် / June 12, 2019
image_latest


နေပြည်တော် ဇွန် ၁၂

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး Ms. Andrea Faulkner အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်း မ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးဌာန (၁၈) ခုတွင် အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (CPU) ဖွဲ့စည်းဆောင် ရွက်နေမှု၊ ကျောင်းသားလူငယ်များ၏ ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေးအတွက် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ပညာပေး အစီအစဉ်များ ဆောင်ရွက်နေမှု၊ ဖြောင့်မတ်တည်ကြည်မှုလူငယ်စခန်းကို နေပြည်တော်တွင် ဖွင့်လှစ်ဆောင်ရွက် ခဲ့မှု၊ အများပြည်သူအကျိုး ထုတ်ဖော်သတင်းပေးသူများအား အကာ အကွယ်ပေးရေးဥပဒေ (မူကြမ်း) ရေးဆွဲဆောင်ရွက် နေမှု အပါအဝင် ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်သည့် ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
 

HOT NEWS
January 4,