JMC အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်း အဝေးကျင်းပ

JMC အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သားကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်း အဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / August 14, 2019
image_latest


ရန်ကုန် သြဂုတ် ၁၃

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်တွင် ပါဝင်သည့် အရပ်သား ကိုယ်စားလှယ်များ၏ သတ္တမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ကမာရွတ် မြို့နယ်၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဒုတိယ ဥက္ကဋ္ဌ(၂) ဦးကိုကိုကြီးက မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း လိုအပ် မှုများ ရှိလျှင် ထောက်ပြအကြံပေးမှုများကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ လက်ရှိကာလသည် JMC တွင် သာမက မြန်မာ့ငြိမ်းချမ်းရေးခရီးစဉ်တွင်လည်း ခေတ္တခဏ အရှိန်အဟုန် ရပ်တန့်နေသည့် ကာလဖြစ်ကြောင်း၊ သို့သော်လည်း ယခင်က ထက်ပိုမိုပြီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အရပ်သား ကိုယ်စားလှယ်များ၏ စေ့စပ် ညှိနှိုင်းရေးခရီးစဉ်များ၊ အလွတ်သဘော တွေ့ဆုံမှုများ၊ လူထုတွေ့ဆုံပွဲများနှင့် JMC ဆိုင်ရာ ရှင်းလင်းပွဲ များသည် ရပ်တန့်နေသည့် JMC လုပ်ငန်းများ စတင်နိုင်ရန်၊ ရှင်သန်နိုင်ရန်အတွက် အစွမ်းကုန်ကြိုးစား လုပ်ဆောင် နေသည့် သက်သေများဖြစ်ကြောင်း၊ ထိုကဲ့သို့ JMC အရပ်သားကိုယ်စားလှယ်များ၏ စဉ်ဆက်မပြတ် ကြိုးပမ်း နေမှုများ ကြောင့်လည်း ယာယီဆိုင်းငံ့ထားသည့် အဖွဲ့အစည်းများ အနေဖြင့် မကြာမီကာလအတွင်း၌ JMC လုပ်ငန်း စဉ်များ တွင်ပြန်လည်ပူးပေါင်းလာမည့် အရိပ်အငွေ့များ၊ အလားအလာ များကိုလည်း မိမိတို့ကြားသိနေရပြီ ဖြစ်ကြောင်း။

ယခုအစည်းအဝေးတွင် မိမိတို့ JMC အဖွဲ့ဝင်များအနေဖြင့် ဆိုင်းငံ့ကာလအတွင်း ဆောင်ရွက်ရန်ရှိသည်များနှင့် ဆောင်ရွက် လိုသည့်၊ ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များကို တတ်နိုင်သမျှ ထိထိ ရောက်ရောက်နှင့် လွတ်လွတ် လပ်လပ် တင်ပြဆွေးနွေးကြပြီး အခက်အခဲများ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်းစဉ်းစား ဆွေးနွေးကြစေ လိုကြောင်း၊ ယခုကာလအတွင်း ခေတ္တရပ်ဆိုင်းနေသည့် JMC လုပ်ငန်းဆိုင်ရာကိစ္စများတွင် ဒေသခံအရပ်သား စောင့်ကြည့် သူများနှင့် ပတ်သက်ပြီး ရှေ့ဆက်လက်လုပ်ဆောင်ရန် ကိစ္စရပ်များ၊ လစဉ်အစည်း အဝေးများ၊ စွမ်းရည် မြှင့်တင်ခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် လူထုတွေ့ဆုံပွဲ ကိစ္စရပ်များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း။

ယနေ့ အစည်းအဝေးမှရရှိလာသည့် အရပ်သားကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ တင်ပြချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှသာ JMC လုပ်ငန်းများ အရှိန်အဟုန်နှင့် အောင်မြင်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အရပ်သား ကိုယ်စားလှယ်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင်ကြည့်ရေး လုပ်ငန်း စဉ်တွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို နားလည်သိရှိပြီး မြန်မာ့ငြိမ်းချမ်းရေးနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးတွင် မိမိတို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း များနှင့်အတူ လက်တွဲ ဆောင်ရွက်သွားကြရန်နှင့် ရည်ရှည်တည်တံ့ခိုင်မြဲသည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဖြစ်ပေါ် လာစေရေးတွင် နှစ်ဖက်အဖွဲ့ အစည်းများ အကြား ဘက်လိုက်မှုကင်းသော သမာဓိ လူကြီးများအဖြစ်နှင့် ဆောင်ရွက် နိုင်သောအရပ်သား ကိုယ်စားလှယ်များအဖြစ် ဆက်လက် ကြိုးပမ်းကြရန် ဆန္ဒပြုကြောင်း ပြောကြားသည်။

ထို့နောက် သဘာပတိအဖွဲ့ဝင် သူရဦးဘိုနီက JMC အရပ်သား ကိုယ်စား လှယ်များ၏ လုပ်ဆောင်ချက်များသည် JMC ၏ လုပ်ငန်းကို ပိုမိုတိုး တက်အောင်၊ JMC လုပ်ငန်းများပိုမိုအောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့ သည် ကိုလေ့လာ တွေ့ရှိရကြောင်း၊ ငြိမ်းချမ်းရေး အောင်မြင်စေရန်နှင့် ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်နိုင်ရန် အတွက် ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရပ်သားကိုယ်စားလှယ်များသည် မိမိတို့ နယ်မြေ အလိုက် တွေ့ကြုံနေရသည့် အခက်အခဲများအပေါ် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဖြင့်ပါဝင် ဆွေးနွေး ကြမည် ဟုယုံကြည်ကြောင်း ပြောကြားသည်။

ယင်းနောက် သဘာပတိအဖွဲ့ဝင် ဦးမောင်မောင်ငြိမ်းက JMC စတင် ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျင် လေးနှစ် ခန့်ပင်ရှိပြီဖြစ် ကြောင်း၊ ထိုကာလ အတွင်း မိမိတို့အနေဖြင့် ဖြတ်သန်းလာခဲ့သည်မှာ အောင်မြင်မှု များစွာရှိသလို၊ အခက် အခဲအချို့ ရင်ဆိုင်တွေ့ကြုံခဲ့မှုများလည်း ရှိကြောင်း၊ ယခုအစည်း အဝေးများ၏ အနှစ်သာရများသည် ယင်း အခက်အခဲများကို မည်ကဲ့သို့ကျော်လွှား နိုင်မည်၊ပြဿနာများကို မည်ကဲ့သို့ ဖြေရှင်းနိုင်မည်ကို ဝိုင်းဝန်း စဉ်းစား ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွင် မိမိတို့သည် အရေးပါသည့် အခန်းကဏ္ဍတွင် ရောက်ရှိနေကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် JMC အဖွဲ့အစည်းအဆင့်ဆင့်၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာများကို တင်ပြ ဆွေးနွေး ခြင်းနှင့် ယင်းအစီရင် ခံစာများတွင် ပါရှိသည့် အားသာချက်၊ အားနည်းချက်၊ အကြံပြုချက် များကို ဝိုင်းဝန်း ဆွေးနွေး ခြင်းတို့ကို ဆောင်ရွက်ကြသည်။

JMC-U ဒုတိယဥက္ကဋ္ဌ(၂) ဦးကိုကိုကြီးက ``ဒီကာလမှာ ထူးခြားတာက ဆိုင်းငံ့ထားတဲ့ကာလ ဖြစ်တဲ့ အတွက် ကြောင့် JMC တစ်ခုလုံးရဲ့ စုံညီအစည်းအဝေးကို မလုပ်နိုင်သေးဘူး။ ဒါကြာင့် အရပ်သားတွေရဲ့ အခန်း ကဏ္ဍက ပိုပြီးတော့ အရေးကြီးလာတယ်။ အရပ်သားတွေက နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ လွတ်လပ်တဲ့ အရပ်သား ကိုယ်စားလှယ် တွေဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အရပ်သား ကိုယ်စားလှယ်တွေဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အလွတ်သဘော သွားရောက် ညှိနှိုင်းတာတွေ လည်းရှိတယ်၊ တွေ့ဆုံတာတွေလည်းရှိတယ်။ ဒါက JMC ပုံမှန်လည် ပတ်ဖို့ အတွက် အရပ်သား ကိုယ်စား လှယ်တွေက ကြားဝင်ပြီး ဆောင်ရွက် နေရတာတွေရှိပါတယ်´´ ဟု မီဒီယာများအား ပြောကြားသည်။

အဆိုပါ အစည်းအဝေးကို လေးလလျှင်တစ်ကြိမ် ကျင်းပခြင်းဖြစ်ပြီး ယနေ့အစည်းအဝေးသို့ JMC အဆင့်ဆင့်မှ အရပ်သား ကိုယ်စား လှယ်များ၊ နည်းပညာအထောက်အကူပြု အဖွဲ့များ တက်ရောက်ကြသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

 

HOT NEWS
January 4,