MRTV Channel အား SD စနစ်မှ HD စနစ်သို့ ပြောင်းလဲထုတ်လွှင့်သွားမည်

MRTV Channel အား SD စနစ်မှ HD စနစ်သို့ ပြောင်းလဲထုတ်လွှင့်သွားမည်


Ministry of Information/ ​နေပြည်တော် / January 14, 2020


၁။ မြန်မာ့ရုပ်မြင်သံကြားကြည့် ပရိသတ်များ အရုပ်အသံအရည်အသွေး ပိုမိုကြည်လင်စွာ ကြည့်ရှုနိုင်ရန်အတွက် MRTV Channel အား ပုံမှန်ထုတ်လွှင့်နေသော Standard Definition (SD) စနစ်အပြင်  High Definition (HD) စနစ် ကိုပါ တွဲဖက်၍ (၁၅-၁-၂၀၂၀) ရက်နေ့မှ စတင်စမ်းသပ်ထုတ်လွှင့်သွားမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် (၁၅-၂-၂၀၂၀) ရက်နေ့မှစတင်၍ HD စနစ်တစ်မျိုးတည်းဖြင့်သာ ပြောင်းလဲ ထုတ်လွှင့် သွားမည် ဖြစ်ပါသည်။

၂။ ထိုသို့ HD စနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲ ထုတ်လွှင့်မှုများသည် အရုပ်အသံအရည်အသွေး ကောင်းမွန်ရေးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်ပြီး Digital စနစ်ဖြင့် ဖမ်းယူကြည့်ရှုနေကြသည့် ရုပ်မြင်သံကြားဖမ်းစက်များအနေဖြင့် HD အရည်အသွေးအတိုင်း ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

၃။ Analogue စနစ်ဖြင့် ဖမ်းယူကြည့်ရှုနေသော TV များတွင်မူ မည်သည့်ချိန်ညှိမှုကိုမှ ပြုလုပ်ရန်မလိုအပ်ဘဲ ယခင်အတိုင်း ဆက်လက်ဖမ်းယူ ကြည့်ရှုနိုင် မည်ဖြစ်ပါသည်။

၄။ မြန်မာ့ရုပ်မြင်သံကြား ပရိသတ်များအနေဖြင့် MRTV Channel အား HD စနစ်သို့ အဆင့်မြှင့်တင်ကြည့်ရှုနိုင်ရန် DVB-T2 Set-top Box (သို့မဟုတ်) DVB-T2 Tuner ပါရှိသော LCD/LED TV များအား  Auto Tuning ပြန်လည် ပြုလုပ်ခြင်းဖြင့် ရုပ်သံအရည်အသွေးကောင်းမွန်စွာ ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

(က) DVB-T2 Set-top Box ဖြင့် ဖမ်းယူပါက

Menu မှ Channel Search ကို ရွေးပြီး Auto Search သို့ သွား၍ OK နှိပ်ပါ။

Menu - > Channel Search - Auto Search > OK

(ခ) DVB-T2 Tuner ပါရှိသော LCD / LED Flat TV များဖြင့်ဖမ်းယူကြည့်ရှုပါက

Menu မှ Channel ကိုသွားပြီး Tuner Type တွင် Antenna ကိုရွေး၍ OK နှိပ်ပါ။ ပြီးလျှင် Auto Scan ကိုနှိပ်ပါ။ Country တွင် (Myanmar) နှင့် Mode တွင် ( DTV+ ATV ) တို့ကိုရွေးချယ်၍ start သို့ သွားပြီး OK နှိပ်ပါ။

Menu - > Channel - > Tuner Type - > Antenna

Auto Scan — > Country (Myanmar) » Mode (DTV+ATV) Start > OK

(ဂ) Analogue TV (Tube) ကို Set-top Box နှင့် ချိတ်ဆက်ကြည့်ရှုပါက ရုပ်ပုံအရွယ်အစား ချိန်ညှိရန် အတွက်

Set-top Box ၏ Menu မှ Picture ကိုနှိပ်ပြီး Aspect Ratio မှ 16:9 Wide Screen ကိုရွေး၍ OK နှိပ်ပါ။

Menu → Picture > Aspect Ratio - 16:9 Wide Screen —> OK

၅။ ဖမ်းယူချိန်ညှိပြီးပါက Channel Box တွင် အောက်ပါအစီအစဉ်အတိုင်းChannel များကို ဖမ်းယူရရှိမည်ဖြစ်ပါသည်-

(1) MRTV-HD

(2) MRTV-SD

(3) MRTV Hluttaw

(4) MRTV NRC

(5) MRTV Farmer

(6) MRTV Sport

(7) MRTV Entertainment

(8) ML

(9) MRTV-4

(10) Channel-7

(11) 5- Plus

(12) MNTV

(13) Channel-9

(14) Mizzima

(15) DVB

(16) Channel K

(17) YTV

(18) Fortune

(19) Myanma Radio

(20) Upper TineyinThar

(21) Lower Tineyin Thar

၆။ အထက်အပိုဒ် ၅ ပါ ဒီဂျစ်တယ်ရုပ်သံလိုင်းများအား ဖမ်းယူကြည့်ရှုနေသူများအနေဖြင့်လည်း(၁၅-၁-၂၀၂၀) ရက်နေ့မှစတင်၍အထက်အပိုဒ် ၄ ပါ အစီအစဉ်များအတိုင်း Auto Tuning ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။

၇။ မြန်မာ့ရုပ်မြင်သံကြားကြည့် ပရိသတ်များအနေဖြင့် ထိုသို့ဖမ်းယူကြည့်ရှုရာတွင် အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်

(က) 9 Meter Earthstation (တပ်ကုန်း ၊ ရုံးချုပ်) ဖုန်း၊ ၀၉-၄၀၈၀၈၂၀၉၀

 (ခ) 9 Meter Earthstation (ရန်ကုန် ၊ ပြည်လမ်း) ဖုန်း၊ ၀၉-၄၀၈၀၈၂၀၀၀

 

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

HOT NEWS
January 4,