မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ ဝန်ဆောင်မှုလုပ်ငန်းများ

ဘဏ္ဍာရေးနှင့်အခွန်

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ ဝန်ဆောင်မှုလုပ်ငန်းများ

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏

ဝန်ဆောင်မှုလုပ်ငန်းများ

နိုင်ငံခြားငွေစာရင်း လုပ်ငန်းများ

၁။      နိုင်ငံခြားငွေ စာရင်းရှင်အပ်နှံငွေစာရင်း ဖွင့်လှစ်ပေးခြင်း          

၂။      နိုင်ငံခြားငွေ(အမေရိကန်ဒေါ်လာ) ဖြင့် စာရင်းသေအပ်ငွေ (Foreign Currency Fixed Deposit) များလက်ခံပေးခြင်း

၃။      နိုင်ငံခြားငွေ စာရင်းရှင်အပ်ငွေစာရင်းဖွင့်လှစ်ထားသူများအတွက် ငွေသားထုတ်ပေးခြင်း၊ လက်ခံခြင်း၊ စာရင်းပြောင်းပေးခြင်း၊ ငွေပေးအမိန့်လွှာထုတ်ပေးခြင်း၊

နိုင်ငံခြားငွေလွှဲလုပ်ငန်းများ

ပြည်ပမှလွှဲပို့ငွေများ လက်ခံဆောင်ရွက်ပေးခြင်း (Inward Remittance)

ပြည်ပအဆက်အသွယ်ဘဏ်များမှ လွှဲပို့လာသည့် ကုန်သွယ်မှုမဟုတ်သော လွှဲပို့ငွေများ အား စာရင်းပိုင်ရှင်

ပြည်ပသို့ငွေလွှဲပေးပို့ဆောင်ရွက်ပေးခြင်း (Outward Remittance)

ပြည်ပသို့ ကုန်သွယ်မှု (Trade) နှင့် ကုန်သွယ်မှုမဟုတ်သော (Non-Trade) အတွက် နိုင်ငံခြားငွေလွှဲပို့ဆောင်ရွက်ပေးခြင်း၊

သွင်းကုန်၊ ပို့ကုန်နှင့် ကုန်သွယ်မှုချေးငွေလုပ်ငန်းများ

၁။      သွင်းကုန်ငွေလွှဲစာတမ်းဖွင့်လှစ်ပေးခြင်း၊ (Letter of Credit)

၂။      သွင်းကုန်ဘီလ်များအတွက် ငွေပေးချေခြင်း၊

၃။      ဘဏ်၏ စံနှုန်းသတ်မှတ်ချက်များနှင့်ညီညွတ်သည့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ၄င်းတို့၏ စာရင်းသေအပ်နှံငွေ (Fixed Deposit) ၊ အရံငွေကြေးအပ်နှံငွေ (Reserve) တို့အပေါ် အခြေခံ၍ ဘဏ်မှ သတ်မှတ် LC တန်ဖိုး၏ ရာခိုင်နှုန်းတစ်ခု (20% , 40%, 60%, 80%,100%) ဝန်ဆောင်မှုပေးခြင်း၊

၄။      LC  ဖွင့်လှစ်ခြင်းအတွက် နိုင်ငံခြားငွေရောင်းချပေးခြင်း၊

၅။      ပို့ကုန်ငွေလွှဲစာတမ်း (Letter of Credit)  အကြောင်းကြား ဆောင်ရွက်ပေးခြင်း၊

၆။      ပို့ကုန်ငွေလွှဲစာတမ်းအောက်မှကုန်သွယ်မှုချေးငွေများ(Post-Shipment and Pre-shipment Export Trade Financing) ​ဆောင်ရွက်ခြင်း၊

၇။      ကုန်သွယ်မှုလုပ်ငန်းများအတွက် ကာလတိုချေးငွေဝန်ဆောင်မှုများ

          -    ပို့ကုန်/သွင်းကုန်လုပ်ငန်းများ၊ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားဘဏ်ခွဲငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ဘဏ်နှင့် ဆက်သွယ်သူလုပ်ငန်း ကုမ္ပဏီများသို့ နိုင်ငံခြားငွေ ငွေမာငွေကြေး(အမေရိကန်ဒေါ်လာ) အာမခံရယူခြင်းဖြင့် ကာလတို မြန်မာကျပ်ချေးငွေ (Short-term Financing) အား (၈)ရက်၊ (၁)လ၊ (၃)လ နှစ်ကြိမ်အထိ ကာလများအတွက် အတိုးနှုန်း(၁)နှစ်လျှင် (၈.၅%)၊ (၉%)ဖြင့် ထုတ်ချေး ခြင်း။

ချေးငွေဌာန၏ဝန်ဆောင်မှုလုပ်ငန်းများ

          (၁)   စာရင်းပိုထုတ်ချေးငွေ                                          - ( ၁၃ % )

                 ( Ovredraft )၊(၁)နှစ်

          (၂)   နှစ်တိုချေးငွေ                                                     - ( ၁၂.၅ % )

                 ( Short Term Loan ) ၊(၁)နှစ်

          (၃)   နှစ်လတ်ချေးငွေ                                                 - ( ၁၂ % )

                 ( Medium Term Loan )

          (၄)   ကာလတိုမြန်မာကျပ်ချေးငွေ( ပို့ကုန်/သွင်းကုန် )        - ( ၅ % )

                 ( Short Term Financing ) ( Export/Import )

                 ( ၈ရက် မှ ၁၈၀ ရက် ထိ )

          (၅)   ကာလတိုကုန်သွယ်မှုချေးငွေ                                 - ( ၈.၅ % မှ ၉ % )

                 ( Short Term Trade Financing )

                 ( ၈ရက် မှ ၁၈၀ ရက် ထိ )

          (၆)   ဘဏ်အချင်းချင်းငွေချေးခြင်း                                - ( as arranged )

                 ( Bilateral Interbank Lending )

                 (၁လ၊ ၂လ ၊  ၃ လ မှ ၁ နှစ် ထိ )

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၏ တိုးချဲ့ဆောင်ရွက်နေသည့် အခြား ဝန်ဆောင်မှုများ

        မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်သည် Interbank Market ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပြည်တွင်းဘဏ်အချင်းချင်း၊ နိုင်ငံခြားငွေကြေးဝယ်ယူခြင်း၊ ရောင်းချ ခြင်း(FX Dealing) လုပ်ငန်းများနှင့် ဘဏ်၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ ကုန်သွယ်မှုနှင့်ငွေပေးချေခြင်းလုပ်ငန်းများအတွက် လိုအပ်သော မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်း(FX Dealing) လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။



    • ပဲခူးတိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက်အလက်


      • Publisher :ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
      • Publication Date : 26-02-2019
      • Pages :71
      • Language : မြန်မာ
      • Download
    • ဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ


      • Publisher :ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ
      • Publication Date : 21-02-2019
      • Pages :26
      • Language : English/ မြန်မာ
      • Download
    • ပဲခူးတိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ် ဒေသဆိုင်ရာအချက်အလက်များ


      • Publisher :ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
      • Publication Date : 26-02-2019
      • Pages :
      • Language : မြန်မာ
      • Download
ဆက်လက်ကြည့်ရှုရန်

အချက်အလက်များ မရှိသေးပါ

  • ရုံးအကူMinistry of Commerce


    Agency  : စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန         ပိတ်သိမ်းမည့်နေ့  : 2018-06-30
ဆက်လက်ကြည့်ရှုရန်
အထူးသတင်း
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံ တွေ့ဆုံ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေဆွေးနွေး
  •           
  • ကုန်းလမ်းသယ်ယူပို့ဆောင်မှု လျင်မြန်ချောမွေ့စေရေး အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
  •           
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ အန်ရွှမ်းမြို့သို့ ရောက်ရှိလေ့လာ
  •           
  • ဒုတိယမြို့တော်ဝန် နေရာအတွက် မဲဆန္ဒနယ်(၃)မှ မြို့တော်ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသည့် ဦးစိုးလွင်အား ရွေးချယ်တင်မြှောက်
  •           
  • တပ်မတော်စစ်ကြောင်းက AA အဖွဲ့ သိုဝှက်ထားသော ရိက္ခာပစ္စည်းများ ရှာဖွေတွေ့ရှိ
  •           
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ၂၀၁၉ ခုနှစ် သင်္ကြန်ကြိုဆိုပွဲ ကျင်းပ
  •           
  • ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ
  •           
  • သင်္ကြန်ကာလအကြိုနေရပ်ပြန်ပြည်သူများ၊ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးပညာပေး ဆောင်ရွက်
  •           
  • GAVI ဘုတ်အဖွဲ့ဝင်များ အစည်းအဝေးနှင့် (၅၂) ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်မှု ကော်မရှင် အစည်းအဝေးတို့သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်
  •           
  • မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် မြောက်ဦးမြို့ရှိ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်နှင့် မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး
  •