နိုင်ငံပိုင်စာရင်း (ပြန်တမ်း) မှ ပယ်ဖျက်ပေးခြင်း


Ministry of Planning and Finance / April 10, 2018

ဝန်ဆောင်မှု ရယူရန် အခြေခံ လိုအပ်ချက်များ

နိုင်ငံပိုင်စာရင်း (ပြန်တမ်း) မှ ပယ်ဖျက်လိုသော ယာဉ်များ အတွက် နိုင်ငံပိုင် စာရင်းတွင် ရေးသွင်းထားခဲ့သော ယာဉ်များ ဖြစ်ရပါမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

(က) သံရည်ကျိုသတ်မှတ်ပြီး ယာဉ်ဖြစ်ပါက နိုင်ငံတော် သမ္မတရုံး၏ခွင့်ပြုစာ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (သို့မဟုတ်) စက်မှုဝန်ကြီးဌာနသို့ အပ်နှံပြီးသည့် လွှဲပြောင်း/ လက်ခံပြေစာ

( ခ ) လေလံတင်ရောင်းချပြီးသည့် ယာဉ်များဖြစ်ပါက လေလံတင် အထောက်အထား၊ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း

 

လျှောက်ထားရန် အဆင့်များ

ညွှန်ကြားရေးမှူးချုပ်၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေး ရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော် သို့ လိပ်မူ၍ တိုက်ရိုက် လျှောက်ထားရန်

ဆက်သွယ်ရမည့်လိပ်စာ

ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်

ဝန်ဆောင်မှု ရရှိနိုင်မည့် တည်နေရာများ

ရုံးအမှတ် (၃၂)၊ နေပြည်တော်

Website လိပ်စာ

www.mopfi.gov.mm