တောင်သူလယ်သမားများအား သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးခြင်း


Ministry of Planning and Finance / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

၁။ ငွေချေးမည့်ကျေးရွာအုပ်စုတွင် နေထိုင်သူဖြစ်ရမည်။

၂။  ပုံစံ (၇) အမည်ပေါက် ရှိရမည်။

၃။ အမှန်လယ်ယာလုပ်ကိုင်သူဖြစ်ရမည်။

၄။ မိမိဘဏ်တွင် ငွေစုစာရင်းဖွင့်လှစ်ပြီးဖြစ်ရမည်။

၅။ အချိန်စေ့ကြွေးများပြေကျေပြီးဖြစ်ရမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သောစာရွက်စာတမ်းများ

၁။ ချေးငွေစာချုပ်ပုံစံ ၃ စုံ

၂။ ပုံစံ(၇) မိတ္တူ

လျှောက်ထားရန်အဆင့်များ

ငွေချေးလိုသောတောင်သူသည် ကျေးရွာချေးငွေစီစစ်ရေးအဖွဲ့ ဥက္ကဌထံသို့ သွား၍ အထောက်အထားစာရွက်စာတမ်းများပြ၍ လျှောက်ထားရမည်။ ဘဏ်ခွဲတွင် ငွေစုစာရင်း မဖွင့်ရသေး ပါကဖွင့်လှစ်စေပြီး ဥက္ကဌမှ ၃ ဦးအစုအဖွဲ့ ဖွဲ့၍ဘဏ်ခွဲသို့ တင်ပြလျှောက်ထားရပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

ငွေချေးလိုသောတောင်သူနေထိုင်ရာကျေးရွာတည်ရှိသည့် မြို့နယ်ဘဏ်ခွဲများ

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

၁။မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဖွင့်လှစ်ထားသည့် မြို့နယ် များ၊

၂။ ပြည်နယ်/ တိုင်းဒေသကြီးများ၊

၃။ ရုံးချုပ်(ရန်ကုန်)

Website လိပ်စာ

https://www.mopfi.gov.mm