ကုန်သေတ္တာအခွံများ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း
-
TOPICS
- View All
- Health
- Education & Research
- Social
- Economy
- Agriculture
- Labour & Employment
- Livestock
- Law & Justice
- Security
- Hotel & Tourism
- Citizen
- Natural Resources & Environment
- Industries
- Construction
- Science
- Technology
- Transportation
- Communication
- Information & Media
- Religion, Art & Culture
- Finance & Tax
- SMEs
- Natural Disaster
- Power & Energy
- Sports
- Statistics
- Insurances
- City Development
- Visas & Passports
ကုန်သေတ္တာအခွံများ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း
Ministry of Transport and Communications / November 02, 2018
- ဝန်ဆောင်မှု ရယူရန် အခြေခံ လိုအပ်ချက်များ
၁။ ကုန်သေတ္တာအခွံ အလုံးရေအား လုပ်ကိုင်ခွင့်တွင် ခွင့်ပြုထားသည့်အရေအတွက်နှင့်ထားသိုမည့်ပုံစံအတိုင်းသာ သိုလှောင် ထားရှိခွင့်ပြုသည်။ သတ်မှတ်အရေအတွက်ထက် ကျော်လွန်၍ သိုလှောင်ခြင်း မပြုရ။
၂။ ဆိုခဲ့သော ကုန်သေတ္တာအခွံ သိုလှောင်ခြင်း လုပ်ငန်း လုပ် ကိုင်ခွင့်အား သက်ဆိုင်ရာဆိပ်ကမ်း တံတားအတွင်း ကုန်သေတ္တာ အခွံများ သိုလှောင်ရန်အတွက် အသုံးပြုရမည်။
၃။ ဤကုန်သေတ္တာအခွံ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင် ခွင့် သက်တမ်းကို (တစ်)နှစ်သာ ခွင့်ပြုသည်။
၄။ ဤခွင့်ပြုချက်ကို ရရှိသည့်အတွက် ခွင့်ပြုလက်မှတ်ရ သူ(များ)သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ၂၅ရက်နေ့စွဲပါ စာအမှတ်၊ လသ/ ၁၂၄၂/ ၂၀၁၃ (အစည်းအဝေးမှတ်တမ်း)အရ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ US$ ၁၅၀၀ကို ဤခွင့်ပြုလက်မှတ် ဆက်လက် တည်ရှိနေသ၍ ကာလပတ်လုံး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အား ပေးဆောင်ရမည်။
၅။ ခွင့်ပြု လက်မှတ်ရသူ(များ)သည် လုပ်ကိုင်ခွင့် သက် တမ်း သတ်မှတ်ကာလပြည့်မြောက်ပါက လုပ်ငန်းဆောင် ရွက်ခြင်းကို ချက်ချင်းရပ်ဆိုင်းရမည်။
၆။ ဤခွင့်ပြုလက်မှတ်အား ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းခြင်း မပြုနိုင်သည်ဖြစ်၍ ခွင့်ပြုလက်မှတ်ရသူ(များ)သည် ဆိုခဲ့ သော ကုန်သေတ္တာအခွံ သိုလှောင်ခြင်းလုပ်ငန်းကို ပိုင်ဆိုင် သူ အဖြစ်မှ ရပ်စဲခဲ့သော်လည်းကောင်း၊ ထိုကုန်သေတ္တာအခွံ သိုလှောင် ခြင်းလုပ်ငန်းကို အထက်ဖော်ပြခဲ့သည့်အတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိခဲ့လျှင် သော်လည်းကောင်း ဤခွင့်ပြု လက်မှတ် ရပ်စဲ သွားပြီဟု မှတ်ယူရမည်။
၇။ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဆိပ်ကမ်း အလုပ်သမားများ အက်ဥပဒေနှင့် အလုပ်သမား များ အလုပ်စိစစ်ရေး ဥပဒေများနှင့်အညီ လိုက်နာဆောင် ရွက်ရမည်။
၈။ ခွင့်ပြုလက်မှတ်ရသူ(များ)သည် အထက်ဖော်ပြခဲ့သော စည်းကမ်းချက် တစ်စုံတစ်ရာကို ဖောက်ဖျက်ပါက ဤခွင့်ပြု လက်မှတ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က အချိန်မရွေးရပ်ဆိုင်း ခြင်း(သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုလုပ်နိုင်၍ ထိုသို့ပြုလုပ်ရ ပါက ခွင့်ပြုလက်မှတ် ရသူ(များ)သည် မိမိတို့၏ အစီအစဉ် ဖြင့် ချက်ချင်းဖျက်သိမ်း ပေး ရမည်။
၉။ ကုန်သေတ္တာအခွံများ သိုလှောင်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အပတ်စဉ်၊ လစဉ်မှတ်တမ်းများအား မြန်မာ့ ဆိပ်ကမ်းအာဏာ ပိုင်မှ သတ်မှတ်သည့် ပုံစံဖြင့် တောင်းခံ လာပါက စနစ်တကျ ပြုစု၍ မပျက်မကွက် ပေးပို့ရမည်။
၁၀။ ကုန်သေတ္တာအခွံ သိုလှောင်ခြင်းလုပ်ငန်းနှင့် လုပ်ငန်း ခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ စစ်ဆေးရေးအရာရှိများက အခါအားလျော်စွာ စစ်ဆေး၍ စစ် ဆေးတွေ့ရှိချက်အရ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရမည်။
၁၁။ လုပ်ငန်းလိုင်စင်ရသည့် အဖွဲ့အစည်းမှ ခန့်အပ်ထား သော ဝန်ထမ်း-လုပ်သားများ ထိခိုက် ဒဏ်ရာရရှိခြင်း၊ ကိုယ် အင်္ဂါချို့ ယွင်းခြင်းနှင့် သေဆုံးခြင်းများအတွက် လျော်ကြေး ကိစ္စများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် (လုံးဝ) မသက်ဆိုင်စေရ။
၁၂။ လုပ်ကိုင်ခွင့် သက်တမ်းတိုး လျှောက်ထားရာတွင် သက် တမ်း မစေ့မီ(၁)လကြိုတင်၍ လျှောက်ထားရမည်။
၁၃။ ကုန်သေတ္တာ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် သက် တမ်းတိုးခြင်းအား အချိန်မီ ဆောင်ရွက်ခြင်းမပြုဘဲ သတ်မှတ်ရက်ထက် ၁လ (ရက်ပေါင်း ၃၀)အတွင်း ကျော်လွန် ပါက ဒဏ် ကြေးအဖြစ် ကျပ် တစ်သိန်း၊ ၁လ (ရက်ပေါင်း ၃၀) ထက် ကျော် လွန်ပါက ကျပ်နှစ်သိန်း၊ ၂ လ(ရက်ပေါင်း ၆၀) ထက်ကျော်လွန် ပါက ကျပ်သုံးသိန်း၊ ၃လ (ရက်ပေါင်း ၉၀) ထက်ကျော်လွန် ပါက ကျပ် ဆယ်သိန်းနှင့် ၄လ (ရက်ပေါင်း၁၂၀)ထက် ကျော် လွန်ပါက အပြီးလုပ်ကိုင်ခွင့် ပိတ်သိမ်းခြင်းခံရမည်။
၁၄။ ကုန်သေတ္တာအခွံများ လက်ခံရာတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနမှ သတ်မှတ်ထား သော ကုန်သေတ္တာအခွံ လက်ခံခြင်း ပုံစံ(၉၁)နှင့် ပြန်လည် ထုတ်ပေးရာတွင် ကုန်သေတ္တာအခွံများ ထုတ်ယူခြင်း ပုံစံ (၁၀၂)တို့ပါရှိမှသာ လက်ခံ သိုလှောင်ခြင်း၊ ထုတ်ပေးခြင်း များ ပြုလုပ်ရမည်။
၁၅။ ကုန်သေတ္တာအခွံများအား လွယ်ကူလျင်မြန်စွာ လက်ခံ ထုတ်ပေးနိုင်ရေးအတွက် Location Tracking System၊ လုံခြုံ မှုအတွက် CCTV System၊ လွင်ပြင်မီး ( High Mast Lighting) နှင့် လုံခြုံရေးမီးများ လုံလောက်စွာ တပ်ဆင် ထားရှိရမည်။
၁၆။ ကုန်သေတ္တာအခွံ သိုလှောင်ခွင့်ပြုသည့် အရေအတွက် ၏ Maximun Capacity ၈၀% ရောက်ရှိသည့်အခါ ဆောင်ရွက် မည့် Contingency Plan အား ရေးဆွဲထား ရှိရမည်။
၁၇။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် Port EDI System နှင့် လိုက်ပါ ဆောင်ရွက်နိုင်မည့် ကွန်ပျူတာစနစ်တစ်ခုအားအသုံးပြု၍ လို အပ်ချက်များအား လိုက်နာဆောင်ရွက်ရမည်။
၁၈။ ကုန်သေတ္တာအခွံများ လက်ခံသိုလှောင်ခြင်းနှင့် ပြန်လည် ထုတ်ပေးခြင်းစသည့် လုပ်ငန်းများအား (၂၄) နာရီပတ်လုံး ဝန်ဆောင်မှုပေးနိုင်အောင် စီစဉ်ဆောင် ရွက်ရ မည်။
၁၉။ ဆိပ်ကမ်းတံတား၏အနီးရှိအများပြည်သူ အသုံး ပြုသည့် လမ်းမ၊ လမ်းသွယ်များအား သက်ဆိုင်ရာ ဆိပ်ကမ်း တံတားသို့ ဝင်/ထွက်မည့် ကုန်သေတ္တာတင်ယာဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ်စေရေး စနစ်တကျ စီမံ ဆောင်ရွက်ရမည်။
၂၀။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကုန်သေတ္တာအခွံများ သိုလှောင် ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်များအား မပျက်မကွက် လိုက်နာရမည်။
၂၁။ ကုန်သေတ္တာအခွံ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင် သော ပုဂ္ဂလိကတံတားများအနေဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့် များမရှိဘဲ လုပ်ကိုင်ပါကမြန်မာ့ဆိပ်ကမ်းအာဏာ ပိုင် ဥပဒေ ပုဒ်မ ၈၃ နှင့် ၉၀ အရ အရေးယူခြင်းခံရမည်။
- ဝန်ဆောင်ခ
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ US$ ၁၅၀၀
- လိုအပ်သော စာရွက်စာတမ်းများ
၁။ သက်ဆိုင်ရာ ဆိပ်ကမ်း၏ လျှောက်ထားလွှာ (သို့မဟုတ်) သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားလွှာ။
၂။ ဆိပ်ကမ်းတံတား အကျယ်အဝန်းနှင့် ကုန်သေတ္တာအခွံ သိုလှောင်မည့် နေရာအကျယ်အဝန်း။
၃။ ဆိပ်ကမ်းတံတားအတွင်း ကုန်သေတ္တာအခွံ သိုလှောင်မည့် Yard Area ၏ တည်နေရာပြ မြေပုံ (သို့မဟုတ်) Conceptual Plan (ကုန်သေတ္တာတင်ယာဉ် ဝင်/ထွက်ရာ လမ်းကြောင်း၊ ကုန် ကိုင်တွယ်သည့်ကရိယာနှင့်ယန္တရားများ လုပ်ငန်းဆောင်ရွက်ရာ လမ်းကြောင်းများ၊ Gate House, Boundary Wall (Fence), Office Building, Maintenance Workshop များအား အသေးစိတ်ဖော်ပြရန်)
၄။ သိုလှောင်လိုသည့် ကုန်သေတ္တာအခွံ အရေအတွက် အား TEU ဖြင့် ဖော်ပြရန်။ သိုလှောင်မည့် ပုံစံအား TGS (Total Ground Slots )ဖြင့် ဖော်ပြရန်။
၅။ ကုန်သေတ္တာအခွံ သိုလှောင်မည့် လုပ်ငန်းအပြင် အခြား ဆောင်ရွက်မည့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများ (ဥပမာအား ဖြင့် Container Clearing Services ,Container Repair Facilities နှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများ)အား ထည့်သွင်းဖော်ပြရန်။
၆။ အကယ်၍ အဆိုပါ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်မည် ဆိုပါက အဆိုပါ ဆောင်ရွက်မည့် ဝန်ထမ်း များ နှင့် ၎င်းတို့ ရရှိထားသော ကျွမ်းကျင်လက်မှတ်များ ရရှိမှု အခြေ အနေများကိုပါ ပူးတွဲဖော်ပြရန်။
၇။ ကုန်သေတ္တာအခွံ သိုလှောင်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ကောက်ခံမည့် ဝန်ဆောင်မှု အခွန်အခ နှုန်း ထား။
၈။ ကုန်သေတ္တာအခွံ ကိုင်တွယ်ရန်ထားရှိသည့် ကုန်ကိုင်တွယ် ကိရိယာများ၏ စာရင်း။ (အမျိုးအစား၊ စက်စွမ်းအား၊ အရေ အတွက်တို့ဖြင့်ဖော်ပြရန်)
၉။ Yard Lighting, Security Lighting System နှင့် Sub-station ရှိ လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းစာရင်းနှင့် Electrical Diagram။(လျှပ်စစ် စစ်ဆေးရေး(EI) စစ်ဆေးချက် အပါအဝင် ဖော်ပြရန်)
၁၀။ ကုန်သေတ္တာအခွံများအား လွယ်ကူလျင်မြန်စွာ သိုလှောင် ထုတ်ပေးနိုင်ရေးအတွက် တပ်ဆင်ထားရှိသည့် Location Tracking System အမျိုးအစား။
၁၁။ ကုန်သေတ္တာအခွံ ကိုင်တွယ်သည့် ကုန်ကိုင်တွယ် ကိရိယာ စက်၊ ယာဉ်ယန္တရားများ မောင်းနှင်မည့် စက်မောင်း အမည် စာရင်း။ (ဂိုဏ်းအမှတ်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ အဘအမည်၊ ကျွမ်းကျင်မှုလက်မှတ်)
၁၂။ ကုန်ကိုင်တွယ်ကိရိယာနှင့် စက်ယာဉ် ယန္တရားမောင်း သင်တန်း သင်ရိုးညွှန်းတမ်း။
၁၃။ အလုပ်သမားဘေးအန္တရာယ်ကင်းရှင်းရေး သင်ရိုးညွှန်း တမ်း။
၁၄။ ဆိပ်ကမ်းလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်မိတ္တူ။
၁၅။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊စာရင်းဌာနသို့ ICD License Fees ပေးသွင်းပြီးကြောင်း ငွေရ ပြေစာမိတ္တူ။
- လျှောက်ထားရန်
ဦးဆောင်ညွှန်ကြားရေးမှူးထံသို့ လျှောက်ထားရမည်။
- ဝန်ဆောင်မှုပေးသည့် ဌာနများအား ဆက်သွယ်ရမည့်လိပ်စာ
ကုန်လုပ်ငန်းဌာန၊လုပ်သားရေးရာဌာန
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့
- ဝန်ဆောင်မှုရရှိမည့် တည်နေရာများ
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊
အမှတ်(၁၀)၊ပန်းဆိုးတန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့
- ဝဘ်ဆိုက်လိပ်စာ
http://www.mpa.gov.mm
Online မှ တစ်ဆင့် တိုင်းရင်းဆေးဝါးကြော်ငြာစိစစ်ပေးပါရန် လျှောက်ထားခြင်း
Ministry of Health & Sports / December 23, 2021
Online မှ တစ်ဆင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်လျှောက်ထားခြင်း
Ministry of Health & Sports / September 30, 2021
Cosmetic Online-Booking နှင့် Medical Device Individual Online-Booking System
Ministry of Health & Sports / September 30, 2021
သွေးလှူဒါန်းမှု ပြုလုပ်နိုင်ရန် Online Booking စနစ်
Ministry of Health & Sports / April 08, 2018