ကန်သာယာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခြင်း

ကန်သာယာတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခြင်း

Sagaing Region Government/ Monywa / September 10, 2020
logo


မုံရွာမြို့၊ ကန်သာယာသာယာလှပရေးအတွက် ကန်သာယာတည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးသည် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်လှ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးစိုးလွင်တို့နှင့်အတူ (၁၀-၉-၂၀၂၀)ရက်နေ့ နံနက်(၀၉၀၀) နာရီချိန်တွင် မုံရွာမြို့၊ ကန်သာယာသာယာလှပရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ပါသည်။ မုံရွာမြို့၊ ကန်သာယာသာယာလှပရေးအတွက် ကန်သာယာကန်ဘောင်မြေထိန်း နံရံ(RC) ကျောက်ထုပ်လောင်းခြင်းလုပ်ငန်း၊ ကန်သာယာ ကျောက်ထုပ်ပေါ်တွင် စတီးလက်ရန်းများပြုလုပ်ခြင်းလုပ်ငန်းနှင့် ကန်သာယာပတ်လမ်း ကွန်ကရစ်ခင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းများနှင့်အညီသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

​​​​​​​​​​​​​​​​​​​​​​​​​​​​



ဓာတ်ပုံနှင့် ဗီဒီယိုများ

အထူးသတင်း