စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

Sagaing Region Government/ monywa / November 21, 2020


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ မဟာဘုံကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ အတွင်း​ရေးမှူးတို့ တက်ရောက်၍ ကထိန်သင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက် ဘဒ္ဒန္တအရိယာလင်္ကာရ အရှင်သူမြတ် ထံတော်မှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်များ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ဆရာတော်များထံသို့ ကထိန်လျာ ဉာတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် မုံရွာမြို့ ဇမ္ဗူ့ရောင်ခြည် ကျောင်းတိုက်၊ တိုက်အုပ်နာယက ဘဒ္ဒန္တ ဃောသိတ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားတော်များကို နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သော စုပေါင်းမဟာဘုံကထိန် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်(၁၁)ကျောင်းအတွက် စုစုပေါင်းလှူဒါန်းငွေကျပ်(၃၂၄၉၀၆၁၀) ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြွရောက်တော် မူကြသော ဆရာတော်သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

​​​​​​​



ဓာတ်ပုံနှင့် ဗီဒီယိုများ