မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ကြော်ငြာထည့်သွင်းပေးနိုင်ပါရန် လျှောက် ထားခြင်း


Ministry of Information / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(က)အစိုးရ/ဌာနဆိုင်ရာကြော်ငြာ

ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၏ သာမန်ကြော်ငြာ များ (အလုပ်ခေါ်ယူခြင်း၊ သင်တန်းသားခေါ်ယူခြင်း၊ အလုပ်ပိတ်ရက်၊ တင်ဒါ ကြေညာချက်နှင့်အခြားကြော်ငြာများ)အား ဝန်ကြီးဌာန၊ ဌာနဆိုင်ရာခေါင်းစီး တံဆိပ်ပါရှိပြီး ဌာန ဆိုင်ရာ အကြီးအကဲ လက်မှတ်ရေးထိုးထားသည့် ကြော်ငြာထည့် လိုသည့် အကြောင်းကြားစာပါရှိရပါမည်။

(ခ)စီးပွားရေးကြော်ငြာ

(က) သက်ဆိုင်ရာ ဝန်ကြီးဌာနအတွက် ဝန်ငွေရရှိနိုင်သော ကြော်ငြာ များ။ (ဥပမာ-လေလံတင်ရောင်းချခြင်း၊ အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း၊ ဝင်ငွေခွန် ထမ်းဆောင်ရန် အကြောင်း ကြားခြင်း၊ ထီဆုငွေများလာရောက် ထုတ်ယူရန် အကြောင်းကြားခြင်း၊ လမ်းတံတားအခွန်များ ကောက်ခံခြင်း၊ ဌာနဆိုင်ရာမှ သင်တန်းကြေးယူ၍ သင်တန်းဖွင့်ခြင်း၊ စသည် ဖြင့်)များအား ဌာနဆိုင်ရာ မျဉ်းသားချက်ဖြင့် (သို့မဟုတ်) ငွေသားဖြင့် ပေးချေခွင့်ပြုနိုင်ပါရန် တရားဝင် ရုံးစာပါရှိရမည် ဖြစ်ပြီး စီးပွားရေးကြော်ငြာဈေးနှုန်းအတိုင်း ကောက်ခံပါသည်။

(ခ) ပညာရေးနှင့်မပတ်သက်သော သင်တန်းကြော်ငြာများ။ (ဥပမာ-ကွန်ပျူတာ၊ စကားပြော၊ ကျောက်မျက်၊ စက်ချုပ်၊ ဝင်ခွင့်စာမေးပွဲ စသည်ဖြင့်) ကို သင်တန်း လိုင်စင်မိတ္တူ ပါရှိရပါမည်။

(ဂ) ပညာရေးနှင့်ဆိုင်သောကြော်ငြာများ။ ပညာရေးဝန်ကြီး ဌာန၏ ကိုယ်ပိုင် ဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်ခွင့်လိုင်စင် (သို့) ဘော်ဒါလိုင်စင် (သို့) ကိုယ်ပိုင် ကျောင်းလိုင်စင် ပါရှိရပါမည်။

(ဃ) တိုင်းရင်းဆေးဝါးကြော်ငြာများ။ တိုင်းရင်းဆေးဦးစီးဌာန (နေပြည်တော်) ၏ ခွင့်ပြုချက်ပါရှိရပါမည်။ ထုတ်လုပ်ခွင့် လိုင်စင်အမှတ်ပါရှိရပါမည်။

(င) ပြည်တွင်းကုန်အမှတ်တံဆိပ်ကြော်ငြာများ။ ကြော်ငြာ ဒီဇိုင်းတွင် ကုန်အမှတ်တံဆိပ် လိုင်စင်ပါရပါမည်။ ကုမ္ပဏီ မှတ်ပုံတင်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ထားသည့် စာရွက်စာတမ်းများ ပါရှိရပါမည်။ ရှေ့နေလိုင်စင်၊ ရှေ့နေ့၏ တရားဝင်စာပါသည့် ကြော်ငြာထည့်ခွင့် လျှောက်လွှာများ ပူးတွဲပါရှိ ရပါမည်။

(စ) အရောင်းမြှင့်တင်ရေးအတွက် ဖျော်ဖြေရေးဆိုင်ရာ ကြော်ငြာများ။ ပြည်နယ်/တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ ထောက်ခံ ချက် (ပွဲခွင့်ပြုမိန့်) ပါရှိရပါမည်။

(ဆ) ထုပ်ပိုးရောင်းချသော စားသောက်ကုန်ပစ္စည်း ကြော်ငြာ များ (ဥပမာ-ကော်ဖီမစ်၊ နို့မှုန့်၊ လက်ဖက်စသည် အားဖြင့်)။ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA)၏ ဘေးအန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိရပါမည်။

(ဇ) အိမ်ရောင်း၊ ကားရောင်းရန်ကြော်ငြာများ။ ပိုင်ဆိုင်မှု အထောက်အထား မိတ္တူ၊ ကြော်ငြာလာထည့်သူ၏ နိုင်ငံသား စိစစ်ရေးကတ်နှင့် မိတ္တူပူးတွဲ ပါရှိရပါမည်။

(ဈ) ပျောက်ဆုံးခြင်းကြော်ငြာများ(အိမ်ဂရန်၊ မော်တော်ယာဉ် လိုင်စင် စသည်ဖြင့်)။ သက်ဆိုင်ရာရဲစခန်း၏ ပျောက်ဆုံး ကြောင်း ထောက်ခံချက်နှင့် ကြော်ငြာလာထည့်သူ၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် မိတ္တူပူးတွဲပါရှိရပါမည်။

(ည) ပျော်ပွဲရွှင်ပွဲကြော်ငြာများ၊ ကုန်စည်ပြပွဲကြော်ငြာများ၊ Live Show ကြော်ငြာများ။ ပြည်နယ်/တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၏ ထောက်ခံချက် (ပွဲခွင့်ပြုမိန့်) ပါရှိရပါမည်။

(ဋ) သူနာပြုသင်တန်း၊ ဆေးဝါးသင်တန်းကြော်ငြာများ။ ကျန်းမာရေးဝန်ကြီးဌာန ၏ ခွင့်ပြုချက်ပါရှိရပါမည်။

(ဌ) ပြည်တွင်းခရီးသွားလုပ်ငန်းကြော်ငြာများ။ လိုင်စင် ပါရှိရပါမည်။

(ဍ) ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ကုန်ပစ္စည်း ကြော်ငြာများ။ သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ခွင့်လိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်၊ ပြည်တွင်း ကုန်အမှတ်တံဆိပ် မှတ်ပုံတင်မိတ္တူ ပါရှိရပါမည်။

(ဎ) ရုပ်ရှင်၊ ဗီဒီယို၊ တေးသံသွင်း၊ Tape, CD, VCD, DVD ခွေ ကြော်ငြာများ။ သက်ဆိုင်ရာဌာန အကြီးအကဲ၏ ဖြန့်ချိ ခွင့် လက်မှတ်ပါရှိရပါမည်။

(ဏ) ပြည်တွင်းအလုပ်ခေါ်ကြော်ငြာများ။ သက်ဆိုင်ရာ (ကုမ္ပဏီ၊ လုပ်ငန်း စသည်ဖြင့်) ၏ ကုမ္ပဏီလိုင်စင်၊ လုပ်ငန်းလိုင်စင် ပါရှိရပါမည်။ ယင်း ကြော်ငြာတွင် “ပြည်တွင်း၌သာ ခန့်ထား ရန်နှင့် လျှောက်ထားသူသည် အလုပ်သမားမှတ်ပုံတင် ပါရှိရမည်” ဟူသော စာသားပါ ရှိရပါမည်။

(တ) ထီကြော်ငြာများ။ ပြည်တွင်းအခွန်ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ဖွင့်လှစ်သည့် ထီပေါက်ဂဏန်းကြော်ငြာများကို မည်သည့်ဆိုင်မှ ပေါက်သည် ကို ထည့်သွင်း ကြော်ငြာ ခွင့်ပြုပါသည်။

(ထ) တရားရုံးကြော်ငြာများ။ တရားရုံးနှင့်ပတ်သက်သော ကြော်ငြာဖြစ်ရပါမည်။ တရားရုံးတံဆိပ်နှင့် တရားသူကြီး၏ လက်မှတ်ပါရှိရပါမည်။ ကြော်ငြာ ထည့်သွင်းခွင့်စာ ပါရှိရပါမည်။

(ဒ) ရှေ့နေကြော်ငြာများ။ သက်ဆိုင်ရာရှေ့နေ၏ တရားဝင်စာနှင့် ရှေ့နေလိုင်စင်၊ ရှေ့နေမှ တာဝန်ယူကြောင်း လက်မှတ်များပါရှိရပါမည်။ လိုအပ်ပါက စာချုပ်စာတမ်း များနှင့် အထောက်အထားမိတ္တူများ ပူးတွဲပါရှိရပါမည်။

(ဓ) ဘွဲ့ထူး၊ ဂုဏ်ထူးရရှိ၍ ဂုဏ်ယူဝမ်းမြောက်ခြင်း ကြော်ငြာ များ။ ဘွဲ့ရရှိသည့် အထောက်အထားပြည့်စုံစွာ ပါရှိရပါမည်။

(န) စေ့စပ်ကြောင်းလမ်းပြီးစီးခြင်း ကြော်ငြာများ။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်၊ ကာယကံရှင် (၂)ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ကြော်ငြာလာ ရောက်ထည့်သွင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ပါရှိရပါမည်။

(ပ) လက်ထပ်ပြီးစီးခြင်း ကြော်ငြာများ။ လက်ထပ်ထားသော တရားဝင်လက်ထပ် စာချုပ်နှင့် စာချုပ်မိတ္တူ၊ ကာယကံရှင် (၂)ဦးတို့၏ နိုင်ငံသားစိစစ်ရေးကတ်၊ ကြော်ငြာလာရောက် ထည့်သွင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်နှင့် မိတ္တူများ ပါရှိရပါမည်။ တပ်မတော်အရာရှိများဖြစ်ပါက သက်ဆိုင်ရာ ဌာန၏ ခွင့်ပြုချက်ပါရှိရပါမည်။

(ဖ) မွေးနေ့ဆုတောင်းကြော်ငြာများ။ မွေးနေ့ရှင်၏ သန်းခေါင် စာရင်းမိတ္တူ၊ ခွင့်ပြုချက်၊ မွေးနေ့ရှင်နှင့် ကြော်ငြာထည့်သွင်း သူတို့၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူများ ပါရှိရပါမည်။

(ဗ) စေ့စပ်ပွဲဖျက်သိမ်းခြင်း၊ မင်္ဂလာပွဲဖျက်သိမ်းခြင်း ကြော်ငြာများ။ မူလစေ့စပ်ထားသော၊ လက်ထပ်ထားသော စာရွက် စာတမ်း၊ စာချုပ်စာတမ်း၊ အထောက်အထား၊ ဖျက်သိမ်း ရခြင်းအထောက်အထား၊ ကာယကံရှင်များ၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူများနှင့် ကြော်ငြာထည့်သွင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူပူးတွဲတင်ပြရပါမည်။ တစ်ဖက် (သတို့သား၊ သတို့သမီး) မိဘများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ကြော်ငြာမျိုး မဖြစ်စေရ။

(ဘ) နိုင်ငံခြားကုမ္ပဏီများနှင့် ဌာနဆိုင်ရာတို့ ဖက်စပ် ဆောင်ရွက် လုပ်ကိုင်သည့် လုပ်ငန်းကြော်ငြာများ။ဌာနဆိုင်ရာ၏ ထောက်ခံချက်စာချုပ်မိတ္တူ ပါရှိရ ပါမည်။

(မ) ဟိုတယ်၊ လေကြောင်းလိုင်း၊ ပြည်ပအလုပ်အကိုင်၊ သင်တန်း၊ ကျောင်း၊ ကြော်ငြာများ။ ဟိုတယ်၊ ပြည်ပ ခရီးစဉ်နှင့် လေကြောင်းလိုင်းများ လိုင်စင်မိတ္တူပါရှိ ရပါမည်။ ပြည်ပ အလုပ်အကိုင်ကြော်ငြာအတွက် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအဖွဲ့ (နေပြည်တော်)၏ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီလိုင်စင် ပါရှိရပါမည်။ သင်တန်းနှင့်ကျောင်း ကြော်ငြာများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုမိန့်ပါရှိရပါမည်။

(ယ) နိုင်ငံခြားကုန်ပစ္စည်းကြော်ငြာများ။ (Branded) တံဆိပ် ကပ်နှိပ်ထားသော နိုင်ငံခြားမှ ထုတ်လုပ်သော လူသုံးကုန် ပစ္စည်းနှင့် ဆေးဝါးများ (ဥပမာ- SONY, TV, VIDEO, TOSHIBA, Panasonic, Oramin-G, စသည်အားဖြင့်) အား သက်ဆိုင်ရာဝန်ကြီးဌာန၏ တင်သွင်းခွင့်လိုင်စင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)၏ ဘေးအန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက် ပါရှိရပါ မည်။

(ရ) Claims Day Notice ကြော်ငြာများ။ သက်ဆိုင်ရာ ဆိပ်ကမ်းအာဏာပိုင်၏ အထောက်အထားစာရွက်စာတမ်း ပါရှိရပါမည်။

(လ) Tender Notice ကြော်ငြာများ။ ကုမ္ပဏီလိုင်စင်မိတ္တူနှင့် ကုမ္ပဏီ၏ တရားဝင် စာရွက်စာတမ်းပါရှိရပါမည်။

(ဝ ) NGO အဖွဲ့အစည်းများ၏ Local Service Only (Vacancy) ကြော်ငြာများ။ NGO အဖွဲ့အစည်း ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ တရားဝင် စာရွက်စာတမ်း ခွင့်ပြုမိန့်နှင့် သက်ဆိုင်ရာကုမ္ပဏီ အဖွဲ့အစည်း၏ တရားဝင် စာပါရှိရပါမည်။

(သ) သံရုံးမှအလုပ်သမားခေါ်ခြင်းကြော်ငြာများ။ သက်ဆိုင်ရာသံရုံး၏ တရားဝင် စာ ပါရှိရပါမည်။

(ဟ) နိုင်ငံခြားသားပတ်စ်ပို့ပျောက်ဆုံးခြင်းကြော်ငြာများ။ ဗီဇာမိတ္တူ၊ ပတ်စ်ပို့ မိတ္တူနှင့် သံရုံးထောက်ခံစာပါရှိရပါမည်။

(ဠ ) နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်ဆောင်ရွက်လုပ်ကိုင်သည့် လုပ်ငန်း ကြော်ငြာများ။ ကုမ္ပဏီမှတ်ပုံတင်၊ လိုင်စင်မိတ္တူပါရှိ ရပါမည်။

(အ) နိုင်ငံခြား ကုန်အမှတ်တံဆိပ်ကြော်ငြာ (Trade mark Caution) များ။ ရှေ့နေ လိုင်စင်မိတ္တူ၊ ကုန်အမှတ်တံဆိပ် စာချုပ်စာတမ်းမှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ အဖွဲ့အစည်းမှ ပြည်တွင်းကုမ္ပဏီအဖွဲ့အစည်းအား လွှဲအပ်ထား သည့် တစ်ဦတည်း ကိုယ်စားလှယ်ဖြစ်ကြောင်း စာချုပ်၊ စာတမ်း အထောက်အထား များပါရှိရပါမည်။

(ဂ)လူမှုရေးကြော်ငြာ

(က) အမည်ပြောင်း၊ အမည်မှန် ဖခင်/ မိခင်အမည်မှန်၊ မွေးသက္ကရာဇ် အမှန်ကြော်ငြာများ။ သန်းခေါင်စာရင်းမိတ္တူ၊ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ၊ ကျောင်းထောက်ခံချက်တို့ ပါရှိရပါမည်။

(ခ) လူပျောက်ကြော်ငြာများ။ ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံချက်၊ စိတ်မနှံ့သူ ဖြစ်ပါက စိတ်ကျန်းမာရေး ဆေးရုံ ဆေးစာပါရှိရပါမည်။ ကြော်ငြာ ထည့်သွင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ပါရှိရပါမည်။ အသက် ကြီးရင့်သူ၊ စိတ်ဝေဒနာရှင်နှင့် ကလေးများအတွက်သာ ဓာတ်ပုံဖော်ပြရ ပါမည်။

(ဂ) အမြန်ပြန်လာပါကြော်ငြာများ။ ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက်၊ ကြော်ငြာထည့်သွင်းသူ၏ နိုင်ငံသား စိစစ်ရေး ကတ်မိတ္တူပါရှိရပါမည်။

(ဃ) ကွာရှင်းပြတ်စဲခြင်းကြော်ငြာများ။ တရားဝင် ကွာရှင်း စာချုပ်ပါရှိရပါမည်။ လာထည့်သူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူပါရှိရပါမည်။ ကိုယ်တိုင် မဟုတ်ပါက ကိုယ်စား လှယ်လွှဲစာပါရှိရပါမည်။

(င) ဇနီး၊ ခင်ပွန်းအဖြစ်မှ မသက်ဆိုင်ကြော်ငြာများ။ ဇနီး၊ ခင်ပွန်းဖြစ်ကြောင်း လက်ထပ်စာချုပ်မိတ္တူ၊ သန်းခေါင် စာရင်း မိတ္တူ၊ လာထည့်သူ၏ နိုင်ငံသားစိစစ်ရေး ကတ်မိတ္တူများ ပါရှိရပါမည်။

(စ) တရားဝင်ဇနီးဖြစ်ကြောင်းကြော်ငြာများ။ ဇနီး/ခင်ပွန်းဖြစ်ကြောင်း အထောက် အထားပါရှိရပါမည်။ ဇနီးကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်တင်ပြ၍ ထည့်သွင်း ရပါမည်။ ကိုယ်တိုင်မဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူပါရှိရပါမည်။

(ဆ) သား၊ သမီးစွန့်လွှတ်ကြောင်း ကြော်ငြာများ။ မိဘ နှစ်ပါး၏ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ၊ သန်းခေါင် စာရင်းမိတ္တူ၊ စွန့်လွှတ်ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးမှူး ထောက်ခံချက်၊ မိဘများကိုယ်တိုင်မဟုတ်ပါက ကိုယ်စားလှယ်လွှဲစာနှင့် ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တင်ပြ ရပါမည်။

(ဇ ) စာအုပ်ကြော်ငြာများ။ လာရောက်ထည့်သွင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူပါရှိရပါမည်။

(ဈ) ဘာသာရေးနှင့်ပတ်သက်သော ကြော်ငြာများ (တရားပွဲ၊ တရားစခန်း ကြော်ငြာများ၊ ဘာသာရေးနှင့် အခမ်းအနား ကြော်ငြာများ)။ သာသနာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် (သို့) ပြည်နယ်/တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက် ပါရှိရပါမည်။

(ည) ဝမ်းနည်းကြေကွဲခြင်း၊ လွမ်းဆွတ်သတိရခြင်း ကြော်ငြာများ။ နာရေးကြော်ငြာ ပါပြီးမှ ထည့်ရပါမည်။ နာရေးကြော်ငြာတွင် ထည့်သွင်းထားခြင်း မရှိပါက သေဆုံးကြောင်း အထောက် အထား ပါရှိရပါမည်။

(ဋ) နာရေးကျေးဇူးတင်ကြော်ငြာများ။ မူလနာရေးကြော်ငြာ ထည့်သွင်းပြီးပါက ကျေးဇူးတင်ကြော်ငြာ ထည့်သွင်းခွင့်ပြုသည်။ ကြော်ငြာထည့်သွင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူပါရှိရပါမည်။

(ဃ)နာရေးကြော်ငြာ

(က) နာရေးကြော်ငြာများ။ ကွယ်လွန်ကြောင်း သေစာရင်း မိတ္တူ (သို့) ရပ်ကွက် ထောက်ခံစာ၊ ဆေးရုံ/ဆေးခန်းမှ ပေးသည့် ကွယ်လွန်ကြောင်း အကြောင်းကြားစာနှင့် ကြော်ငြာထည့်သွင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ပါရှိရပါမည်။

ဝန်ဆောင်ခ

မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၏ ကြော်ငြာခနှုန်းထားများ

စဉ်

ကြော်ငြာအမျိုးအစား

ရောင်စုံကြော်ငြာ

နှုန်းထား(ကျပ်)

သုတ၊ရသဆိုင်ရာစာအုပ်ကြော်ငြာ( လက်မ x ကော်လံ)

(ဂျာနယ်/မဂ္ဂဇင်းကြော်ငြာများမပါ)

၆၀၀၀

ဌာနဆိုင်ရာကြော်ငြာ ( လက်မ x ကော်လံ)

၃၁" နှင့်အထက် စီးပွားရေးနှုန်းထားအတိုင်း

၁၀၀၀၀

လူမှုရေးကြော်ငြာ ( လက်မ x ကော်လံ)

၃၁" နှင့်အထက် စီးပွားရေးနှုန်းထားအတိုင်း

၁၀၀၀၀

စီးပွားရေးကြော်ငြာ ( လက်မ x ကော်လံ)

  • (လင်း) ပြည်တွင်း/နိုင်ငံခြား
  • (ကြေး) ပြည်တွင်း/နိုင်ငံခြား
  • (လင်း) ပြည်တွင်း/နိုင်ငံခြား
  • (ကြေး) ပြည်တွင်း/နိုင်ငံခြား

(အတွင်းစာမျက်နှာများ) ( လက်မ x ကော်လံ)

(" x ၂၀. လက်မ)အထိ

(၂၁" x ၄၀. လက်မ)အထိ

(၄၁" x ၆၀. လက်မ)အထိ

(၆၁" x ၈၁ လက်မ)အထိ

 

၃၅၀၀၀ / ၆၀၀၀၀

၄၀၀၀၀ / ၈၀၀၀၀

၂၅၀၀၀ / ၄၀၀၀၀

၃၀၀၀၀ / ၆၀၀၀၀

 

၁၂၀၀၀

၁၄၀၀၀

၁၆၀၀၀

၁၈၅၀၀

နိုင်ငံခြားကုန်ပစ္စည်းကြော်ငြာ၊ ပြည်ပလေကြောင်း လိုင်းကြော်ငြာ၊ ပြည်ပဟိုတယ်ကြော်ငြာ ( လက်မ x ကော်လံ)

၃၀၀၀၀

 

နိုင်ငံခြားကုန်အမှတ်တံဆိပ်/ မူပိုင်ခွင့်နှင့်ပတ်သက်သော ကြော်ငြာ ( လက်မ x ကော်လံ)

၅၀၀၀၀

 

ပြည်တွင်းလေကြောင်းလိုင်း၊ နိုင်ငံသားပိုင်ဟိုတယ်၊ နိုင်ငံသားပိုင် ပြည်ပခရီးသွားကြော်ငြာများ

( လက်မ x ကော်လံ)

၁၅၀၀၀

 

နာရေးကြော်ငြာ ( လက်မ x ကော်လံ)

၃၀၀၀

 

လိုအပ်သောစာရွက်စာတမ်းများ

ကြော်ငြာထည့်သွင်းလိုသည့်ကဏ္ဍအလိုက် ပါရှိရမည့် စာရွက်စာတမ်းများ ပြည့်စုံစွာ ပူးတွဲ ပါရှိရမည်။

လျှောက်ထားရန်အဆင့်များ

ကြော်ငြာထည့်သွင်းလိုသည့် ကဏ္ဍအလိုက်ပါရှိရမည့် စာရွက်စာတမ်းများ ပြည့်စုံစွာပူးတွဲ၍ ဝန်ဆောင်မှုပေးသည့်နေရာဒေသများတွင် လာရောက် လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

(၁) ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)၊ စီမံရေးရာဌာန၊

ဖုန်း ၀၆၇-၄၁၂၁၁၈။

(၂) နေပြည်တော်သတင်းစာတိုက်(တပ်ကုန်း)

ဇေယျာသီရိမြို့နယ်၊ ခရေပင်လမ်းခွဲ၊ နေပြည်တော်။

ဖုန်း ၀၆၇-၃၆၁၄၈၊ ၀၆၇-၃၆၁၂၉။

(၃) မြန်မာ့အလင်းသတင်းစာတိုက်(ရန်ကုန်)

အမှတ်(၅၃)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း ၀၁-၅၄၅၈၃၄၊ ၀၁-၅၅၉၁၁၈။

(၄) ကြေးမုံသတင်းစာတိုက်(ရန်ကုန်)

အမှတ်(၇၇)၊ ၅၂ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း ၀၁-၂၉၉၄၂၇၊ ၀၁-၂၄၈၁၀၂။

(၅) သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းစာအုပ်ဆိုင်

အမှတ်(၁၇၃/၁၇၅)၊ ပန်းဆိုးတန်းလမ်း၊ အလယ်ဘလောက်၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း ၀၁-၂၄၈၁၀၁၊ ၀၁-၂၄၈၁၀၂။

(၆) မြန်မာ့အလင်းပုံနှိပ်တိုက်(ရန်ကုန်)

အမှတ်(၅၈)၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း ၀၁-၅၅၈၃၂၉။

(၇) ကိုယ်ပွားသတင်းစာတိုက်(မန္တလေး)

လမ်း(၂၀x၂၁)ကြား၊ (၈၂x၈၃)လမ်းကြား၊ ပုလဲငွေရောင်ရပ်၊ မန္တလေးမြို့

ဖုန်း ၀၂-၃၉၉၃၄၊ ၀၂-၃၉၉၃၅

(၈) ကိုယ်ပွားသတင်းစာတိုက်(တောင်ကြီး)

ရုံးကြီးလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့၊

ဖုန်း၀၈၁-၂၁၂၁၁၆၄

(၉) ကိုယ်ပွားသတင်းစာတိုက်(မကွေး)

နတ်မောက်လမ်း၊ တပ်မ(၈၈)တပ်နယ်စျေးအနီး၊ မကွေးမြို့၊

ဖုန်း ၀၆၃-၂၀၂၃၇၁၂

(၁၀) ကိုယ်ပွားသတင်းစာတိုက်(ကျိုင်းတုံ)

မြို့သစ်(၃-ခ)၊ အမှတ်(၁)လမ်းသွယ်၊ မြို့ပတ်လမ်း၊ ကျိုင်းတုံမြို့၊

ဖုန်း ၀၈၄-၂၂၄၉၂

(၁၁) ကိုယ်ပွားသတင်းစာတိုက်(ကလေး)

အောင်ဇေယျရပ်ကွက်၊ မြို့နယ်အားကစားကွင်းအနီး၊ ကလေးမြို့၊

ဖုန်း ၀၇၃-၂၂၁၃၃

(၁၂) ကိုယ်ပွားသတင်းစာတိုက်(မြစ်ကြီးနား)

အမှတ်(၄၁)၊ ဧရာရပ်ကွက်၊ အောင်ဆန်းလမ်း၊ မြစ်ကြီးနားမြို့၊

ဖုန်း ၀၇၄-၂၅၂၂၄၆၂

(၁၃) ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)

ရမ္မာဝတီလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း၊ မိန်းစက်ကြီး အနီး၊ မန်ကျည်းမြိုင် ရပ်ကွက်၊ စစ်တွေမြို့၊

ဖုန်း ၀၄၃-၂၀၂၃၀၆၈

(၁၄) ကိုယ်ပွားသတင်းစာတိုက်(လားရှိုး)

ဟူးမွန်ကျေးရွာထိပ်၊ ဟူးမွန်ဆည်ဘယ်ဘက်ခြမ်း၊ (၁၂) ရပ်ကွက်၊ မန်ဆူဘုရားရှေ့၊ အဝေရာထမ်းမ၊ လားရှိုးမြို့

ဖုန်း ၀၈၂-၂၄၀၆၇

(၁၅) ကိုယ်ပွားသတင်းစာတိုက်(မြိတ်)

မေတ္တာလမ်း၊ ရှမ်းချောင်းရပ်၊ ကလွင်ကျေးရွာအုပ်စု၊ မြိတ်မြို့၊

ဖုန်း ၀၅၉-၄၂၁၈၃

(၁၆) ကိုယ်ပွားသတင်းစာတိုက်(မော်လမြိုင်)

ကြာအင်းကျေးရွာ၊ မော်လမြိုင်မြို့နယ်၊

ဖုန်း ၀၅၇-၂၇၅၂၅၊ ၀၅၇-၂၇၅၂၆

(၁၇) ကိုယ်ပွားသတင်းစာတိုက်(မုံရွာ)

နန္ဒဝန်ရပ်ကွက်၊ ဆက်သွယ်ရေးတာဝါတိုင်အနီး၊ မုံရွာမြို့

ဖုန်း- ၀၇၁-၂၆၅၃၅၊ ၂၆၅၃၃

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

(၁) ပြန်ကြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)၊ စီမံရေးရာဌာန၊

ဖုန်း ၀၆၇-၄၁၂၁၁၈။

(၂) နေပြည်တော်သတင်းစာတိုက်(တပ်ကုန်း)

ဇေယျာသီရိမြို့နယ်၊ ခရေပင်လမ်းခွဲ၊ နေပြည်တော်။

ဖုန်း ၀၆၇-၃၆၁၄၈၊ ၀၆၇-၃၆၁၂၉။

(၃) မြန်မာ့အလင်းသတင်းစာတိုက်(ရန်ကုန်)

အမှတ်(၅၃)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း ၀၁-၅၄၅၈၃၄၊ ၀၁-၅၅၉၁၁၈။

(၄) ကြေးမုံသတင်းစာတိုက်(ရန်ကုန်)

အမှတ်(၇၇)၊ ၅၂ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း ၀၁-၂၉၉၄၂၇၊ ၀၁-၂၄၈၁၀၂။

(၅) သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းစာအုပ်ဆိုင်

အမှတ်(၁၇၃/၁၇၅)၊ ပန်းဆိုးတန်းလမ်း၊ အလယ်ဘလောက်၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့

ဖုန်း ၀၁-၂၄၈၁၀၁၊ ၀၁-၂၄၈၁၀၂။

(၆) မြန်မာ့အလင်းပုံနှိပ်တိုက်(ရန်ကုန်)

အမှတ်(၅၈)၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း ၀၁-၅၅၈၃၂၉။

(၇) ကိုယ်ပွားသတင်းစာတိုက်(မန္တလေး)

လမ်း(၂၀x၂၁)ကြား၊ (၈၂x၈၃)လမ်းကြား၊ ပုလဲငွေရောင်ရပ်၊ မန္တလေးမြို့

ဖုန်း ၀၂-၃၉၉၃၄၊ ၀၂-၃၉၉၃၅

(၈) ကိုယ်ပွားသတင်းစာတိုက်(တောင်ကြီး)

ရုံးကြီးလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့၊

ဖုန်း၀၈၁-၂၁၂၁၁၆၄

(၉) ကိုယ်ပွားသတင်းစာတိုက်(မကွေး)

နတ်မောက်လမ်း၊ တပ်မ(၈၈)တပ်နယ်စျေးအနီး၊ မကွေးမြို့၊

ဖုန်း ၀၆၃-၂၀၂၃၇၁၂

(၁၀) ကိုယ်ပွားသတင်းစာတိုက်(ကျိုင်းတုံ)

မြို့သစ်(၃-ခ)၊ အမှတ်(၁)လမ်းသွယ်၊ မြို့ပတ်လမ်း၊ ကျိုင်းတုံမြို့၊

ဖုန်း ၀၈၄-၂၂၄၉၂

(၁၁) ကိုယ်ပွားသတင်းစာတိုက်(ကလေး)

အောင်ဇေယျရပ်ကွက်၊ မြို့နယ်အားကစားကွင်းအနီး၊ ကလေးမြို့၊

ဖုန်း ၀၇၃-၂၂၁၃၃

(၁၂) ကိုယ်ပွားသတင်းစာတိုက်(မြစ်ကြီးနား)

အမှတ်(၄၁)၊ ဧရာရပ်ကွက်၊ အောင်ဆန်းလမ်း၊ မြစ်ကြီးနားမြို့၊

ဖုန်း ၀၇၄-၂၅၂၂၄၆၂

(၁၃) ကိုယ်ပွားသတင်းစာတိုက်(စစ်တွေ)

ရမ္မာဝတီလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း၊ မိန်းစက်ကြီး အနီး၊ မန်ကျည်းမြိုင် ရပ်ကွက်၊ စစ်တွေမြို့၊

ဖုန်း ၀၄၃-၂၀၂၃၀၆၈

(၁၄) ကိုယ်ပွားသတင်းစာတိုက်(လားရှိုး)

ဟူးမွန်ကျေးရွာထိပ်၊ ဟူးမွန်ဆည်ဘယ်ဘက်ခြမ်း၊ (၁၂) ရပ်ကွက်၊ မန်ဆူဘုရားရှေ့၊ အဝေရာထမ်းမ၊ လားရှိုးမြို့

ဖုန်း ၀၈၂-၂၄၀၆၇

(၁၅) ကိုယ်ပွားသတင်းစာတိုက်(မြိတ်)

မေတ္တာလမ်း၊ ရှမ်းချောင်းရပ်၊ ကလွင်ကျေးရွာအုပ်စု၊ မြိတ်မြို့၊

ဖုန်း ၀၅၉-၄၂၁၈၃

(၁၆) ကိုယ်ပွားသတင်းစာတိုက်(မော်လမြိုင်)

ကြာအင်းကျေးရွာ၊ မော်လမြိုင်မြို့နယ်၊

ဖုန်း ၀၅၇-၂၇၅၂၅၊ ၀၅၇-၂၇၅၂၆

(၁၇) ကိုယ်ပွားသတင်းစာတိုက်(မုံရွာ)

နန္ဒဝန်ရပ်ကွက်၊ ဆက်သွယ်ရေးတာဝါတိုင်အနီး၊ မုံရွာမြို့

ဖုန်း- ၀၇၁-၂၆၅၃၅၊ ၂၆၅၃၃

Website လိပ်စာ

မရှိပါ။