ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လျှောက်ထားခြင်း


Ministry of Information / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

လျှောက်ထားသူသည် အသက် (၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

လိုအပ်သော စာရွက်စာတမ်းများ

(က) ပုံနှိပ်ခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရာတွင် လိုအပ်သည့် ဆက်စပ် စာရွက်စာတမ်းများ

(ကက) ကျပ်သုံးရာတန် ရုံးခွန်တံဆိပ်ခေါင်းကပ်ထားပြီးအချက် အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားသည့် လျှောက်လွှာပုံစံ (၁) ၊ မိတ္တူ (၁) စုံ ပူးတွဲ တင်ပြရန်၊

(ခခ) အသက် (၁၈) နှစ်ပြည့်ပြီးကြောင်းနှင့် နိုင်ငံသား ဖြစ်ကြောင်း သက်သေ အထောက်အထားအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ၊ အိမ်ထောင်စု စာရင်းမိတ္တူ ၊

(ဂဂ) နိုင်ငံခြားသားဖြစ်ပါက လျှောက်ထားသည့် လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ခွင့်ပြုမိန့် မိတ္တူ နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ ၊

(ဃဃ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဆိုင်ရာမှတ်ပုံတင်မိတ္တူ ၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့စည်းမျဉ်း မိတ္တူ ၊ ကုမ္ပဏီဖြစ်ပါကအစုရှယ်ယာ များခွဲဝေရောင်းချခြင်း ပုံစံ (၆) မိတ္တူ နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ တာဝန်ခွဲဝေ ခန့်အပ် ခြင်း ပုံစံ (၂၆) မိတ္တူနှင့် ဒါရိုက်တာအဖွဲ့ သို့မဟုတ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း ၊

(ငင) ဌာနဆိုင်ရာဖြစ်ပါက တာဝန်ပေးအပ်သည့် အထောက် အထား ၊

(စစ) ပုံနှိပ်စက်အတွက် အရောင်းအဝယ်ပြေစာမိတ္တူ သို့မဟုတ် တစ်ဆင့် ဝယ်ယူခြင်းအတွက် အရောင်းအဝယ်စာချုပ်မိတ္တူ ၊

(ဆဆ) လျှောက်ထားသူ၏ လိုင်စင် ဓာတ်ပုံ (၄) ပုံ ၊

(ဇဇ) ကိုယ်ရေးမှတ်တမ်း (၂) စုံ ။

(ခ) သတင်းစာထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရာတွင် လိုအပ်သည့် ဆက်စပ်စာရွက်စာတမ်းများ

(ကက) ကျပ်သုံးရာတန် ရုံးခွန်တံဆိပ်ခေါင်းကပ်ထားပြီး အချက် အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားသည့် လျှောက်လွှာပုံစံ (၂) ၊ မိတ္တူ (၁) စုံ ပူးတွဲတင်ပြရန်၊

(ခခ) အသက် (၁၈) နှစ်ပြည့်ပြီးကြောင်းနှင့် နိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက်အထားအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ၊ အိမ်ထောင်စု စာရင်းမိတ္တူ ၊

(ဂဂ) နိုင်ငံခြားသားဖြစ်ပါက လျှောက်ထားသည့် လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ခွင့်ပြုမိန့် မိတ္တူ နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ ၊

(ဃဃ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဆိုင်ရာမှတ်ပုံတင်မိတ္တူ ၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့စည်းမျဉ်း မိတ္တူ ၊ ကုမ္ပဏီ ဖြစ်ပါကအစုရှယ်ယာ များခွဲဝေရောင်းချခြင်း ပုံစံ (၆) မိတ္တူ နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ တာဝန်ခွဲဝေခန့်အပ်ခြင်း ပုံစံ (၂၆) မိတ္တူနှင့် ဒါရိုက်တာအဖွဲ့ သို့မဟုတ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း ၊

(ငင) အစုစပ်လုပ်ငန်းဖြစ်ပါက စာချုပ်မိတ္တူနှင့် အစုစပ် အဖွဲ့ဝင် များ၏ အစည်းအဝေး မှတ်တမ်း၊

(စစ) တစ်ဦးတည်းပိုင် သို့မဟုတ် အစုစပ်ပိုင် သို့မဟုတ် အသင်း အဖွဲ့ပိုင် သို့မဟုတ် ကုမ္ပဏီပိုင် စသည့် ရင်းနှီးမြှုပ်နှံမှု အခြေအနေ တင်ပြစာ ၊

(ဆဆ) လျှောက်ထားသည့် သတင်းစာတိုက်၏ လုပ်ငန်းဆောင်ရွက် ပုံစည်းမျဉ်း၊ အခြေခံ လုပ်ဆောင်မှုနှင့် လိုက်နာရမည့် စာနယ်ဇင်းကျင့်ဝတ် အကြောင်း အရာများပါဝင်သည့် တင်ပြစာ ၊

(ဇဇ) ကိုယ်ပိုင် ပုံနှိပ်လုပ်ငန်းမရှိပါက ရိုက်နှိပ်မည့်ပုံနှိပ်လုပ်ငန်း အသိအမှတ်ပြု လက်မှတ် မိတ္တူနှင့် ပုံနှိပ်သူ၏ သဘော တူညီချက်တင်ပြစာ

(ဈဈ) လျှောက်ထားသူ၏ လိုင်စင် ဓာတ်ပုံ (၄) ပုံ ၊

(ညည) ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့တို့၏ ကိုယ်ရေးမှတ်တမ်း (၂) စုံ ။

(ဂ) ဂျာနယ်ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရာတွင် လိုအပ်သည့် ဆက်စပ်စာရွက်စာတမ်းများ

(ကက) ကျပ်သုံးရာတန် ရုံးခွန်တံဆိပ်ခေါင်းကပ်ထားပြီး အချက် အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားသည့် လျှောက်လွှာပုံစံ (၃) ၊ မိတ္တူ (၁) စုံ ပူးတွဲတင်ပြရန်၊

(ခခ) အသက် (၁၈) နှစ်ပြည့်ပြီးကြောင်းနှင့် နိုင်ငံသား ဖြစ်ကြောင်း သက်သေအထောက် အထားအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ၊ အိမ်ထောင်စု စာရင်းမိတ္တူ ၊

(ဂဂ) နိုင်ငံခြားသားဖြစ်ပါက လျှောက်ထားသည့် လုပ်ငန်း အတွက် မြန်မာနိုင်ငံရင်းနှီ မြှုပ်နှံမှုကော်မရှင်၏ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ခွင့်ပြုမိန့် မိတ္တူ နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ ၊

(ဃဃ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း ဆိုင်ရာ မှတ်ပုံတင်မိတ္တူ ၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့စည်းမျဉ်း မိတ္တူ ၊ ကုမ္ပဏီ ဖြစ်ပါကအစုရှယ်ယာ များခွဲဝေရောင်းချခြင်း ပုံစံ (၆) မိတ္တူ နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ တာဝန်ခွဲဝေ ခန့်အပ် ခြင်း ပုံစံ (၂၆) မိတ္တူနှင့် ဒါရိုက်တာအဖွဲ့ သို့မဟုတ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း ၊

(ငင) အစုစပ်လုပ်ငန်းဖြစ်ပါက စာချုပ်မိတ္တူနှင့် အစုစပ် အဖွဲ့ဝင် များ၏ အစည်းအဝေး မှတ်တမ်း၊

(စစ) ကိုယ်ပိုင် ပုံနှိပ်လုပ်ငန်းမရှိပါက ရိုက်နှိပ်မည့်ပုံနှိပ်လုပ်ငန်း အသိအမှတ်ပြု လက်မှတ် မိတ္တူနှင့် ပုံနှိပ်သူ၏ သဘော တူညီချက်တင်ပြစာ

(ဆဆ) လျှောက်ထားသူ၏ လိုင်စင် ဓာတ်ပုံ (၄) ပုံ ၊

(ဇဇ) ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့တို့၏ ကိုယ်ရေးမှတ်တမ်း (၂) စုံ ။

(ဃ) မဂ္ဂဇင်းထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရာတွင် လိုအပ်သည့် ဆက်စပ်စာရွက်စာတမ်းများ

(ကက) ကျပ်သုံးရာတန် ရုံးခွန်တံဆိပ်ခေါင်းကပ်ထားပြီး အချက် အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားသည့် လျှောက်လွှာပုံစံ (၄) ၊ မိတ္တူ (၁) စုံ ပူးတွဲတင်ပြရန်၊

(ခခ) အသက် (၁၈) နှစ်ပြည့်ပြီးကြောင်းနှင့် နိုင်ငံသားဖြစ်ကြောင်း သက်သေအထောက် အထားအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ၊ အိမ်ထောင်စု စာရင်းမိတ္တူ ၊

(ဂဂ) နိုင်ငံခြားသားဖြစ်ပါက လျှောက်ထားသည့် လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ခွင့်ပြုမိန့် မိတ္တူ နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ ၊

(ဃဃ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ မှတ်ပုံတင်မိတ္တူ ၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့စည်းမျဉ်း မိတ္တူ ၊ ကုမ္ပဏီ ဖြစ်ပါက အစုရှယ်ယာ များခွဲဝေရောင်းချခြင်း ပုံစံ (၆) မိတ္တူ နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ တာဝန်ခွဲဝေခန့်အပ်ခြင်း ပုံစံ (၂၆) မိတ္တူနှင့် ဒါရိုက်တာအဖွဲ့ သို့မဟုတ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း ၊

(ငင) အစုစပ်လုပ်ငန်းဖြစ်ပါက စာချုပ်မိတ္တူနှင့် အစုစပ်အဖွဲ့ဝင် များ၏ အစည်းအဝေး မှတ်တမ်း၊

(စစ) ကိုယ်ပိုင် ပုံနှိပ်လုပ်ငန်းမရှိပါက ရိုက်နှိပ်မည့်ပုံနှိပ်လုပ်ငန်း အသိအမှတ်ပြု လက်မှတ် မိတ္တူနှင့် ပုံနှိပ်သူ၏ သဘော တူညီချက်တင်ပြစာ

(ဆဆ) လျှောက်ထားသူ၏ လိုင်စင် ဓာတ်ပုံ (၄) ပုံ ၊

(ဇဇ) ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့တို့၏ ကိုယ်ရေးမှတ်တမ်း (၂) စုံ ။

(င) အထွေထွေထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရာတွင် လိုအပ်သည့် ဆက်စပ်စာရွက်စာတမ်းများ

(ကက) ကျပ်သုံးရာတန် ရုံးခွန်တံဆိပ်ခေါင်းကပ်ထားပြီး အချက် အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားသည့် လျှောက်လွှာပုံစံ (၅) ၊ မိတ္တူ (၁) စုံ ပူးတွဲတင်ပြရန်၊

(ခခ) အသက် (၁၈) နှစ်ပြည့်ပြီးကြောင်းနှင့် နိုင်ငံသား ဖြစ်ကြောင်း သက်သေအထောက်အထားအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ၊ အိမ်ထောင်စု စာရင်းမိတ္တူ ၊

(ဂဂ) နိုင်ငံခြားသားဖြစ်ပါက လျှောက်ထားသည့် လုပ်ငန်း အတွက် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ခွင့်ပြုမိန့် မိတ္တူ နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ ၊

ဃဃ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ မှတ်ပုံတင်မိတ္တူ ၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့ စည်းမျဉ်း မိတ္တူ ၊ ကုမ္ပဏီ ဖြစ်ပါကအစုရှယ်ယာ များခွဲဝေရောင်းချခြင်း ပုံစံ (၆) မိတ္တူ နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ တာဝန်ခွဲဝေခန့်အပ်ခြင်း ပုံစံ (၂၆) မိတ္တူနှင့် ဒါရိုက်တာအဖွဲ့ သို့မဟုတ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း ၊

(ငင) အစုစပ်လုပ်ငန်းဖြစ်ပါက စာချုပ်မိတ္တူနှင့် အစုစပ် အဖွဲ့ဝင် များ၏ အစည်းအဝေး မှတ်တမ်း၊

(စစ) ကိုယ်ပိုင် ပုံနှိပ်လုပ်ငန်းမရှိပါက ရိုက်နှိပ်မည့်ပုံနှိပ်လုပ်ငန်း အသိအမှတ်ပြု လက်မှတ် မိတ္တူနှင့် ပုံနှိပ်သူ၏ သဘော တူညီချက်တင်ပြစာ

(ဆဆ) လျှောက်ထားသူ၏ လိုင်စင် ဓာတ်ပုံ (၄) ပုံ ၊

(ဇဇ) ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့တို့၏ ကိုယ်ရေးမှတ်တမ်း (၂) စုံ

(စ) သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထားရာတွင် လိုအပ်သည့် ဆက်စပ်စာရွက်စာတမ်းများ

(ကက) ကျပ်သုံးရာတန် ရုံးခွန်တံဆိပ်ခေါင်းကပ်ထားပြီး အချက် အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းထားသည့် လျှောက်လွှာပုံစံ (၆) ၊ မိတ္တူ (၁) စုံ ပူးတွဲတင်ပြရန်၊

(ခခ) အသက် (၁၈) နှစ်ပြည့်ပြီးကြောင်းနှင့် နိုင်ငံသားဖြစ်ကြောင်း သက်သေအထောက်အထားအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ၊ အိမ်ထောင်စု စာရင်းမိတ္တူ ၊

(ဂဂ) နိုင်ငံခြားသားဖြစ်ပါက လျှောက်ထားသည့် လုပ်ငန်းအတွက် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ခွင့်ပြုမိန့် မိတ္တူ နှင့် နိုင်ငံကူးလက်မှတ် မိတ္တူ ၊

ဃဃ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ မှတ်ပုံတင်မိတ္တူ ၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့စည်းမျဉ်း မိတ္တူ ၊ကုမ္ပဏီဖြစ်ပါကအစုရှယ်ယာ များခွဲဝေရောင်းချခြင်း ပုံစံ (၆) မိတ္တူ နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ တာဝန်ခွဲဝေခန့်အပ်ခြင်း ပုံစံ (၂၆) မိတ္တူနှင့် ဒါရိုက်တာအဖွဲ့ သို့မဟုတ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်း ၊

(ငင) အစုစပ်လုပ်ငန်းဖြစ်ပါက စာချုပ်မိတ္တူနှင့် အစုစပ် အဖွဲ့ဝင် များ၏ အစည်းအဝေး မှတ်တမ်း၊

(စစ) လွှင့်တင်မည့် သတင်းအေဂျင်စီ website လိပ်စာ

(ဆဆ) လျှောက်ထားသူ၏ လိုင်စင် ဓာတ်ပုံ (၄) ပုံ ၊

(ဇဇ) လုပ်ငန်းလုပ်ကိုင်သူနှင့် အယ်ဒီတာအဖွဲ့တို့၏ ကိုယ်ရေး မှတ်တမ်း (၂) စုံ

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်လိုသူသည် သတ်မှတ် လျှောက်လွှာ ပုံစံကို ရုံးခွန်တံဆိပ်ခေါင်း ကျပ် ၃၀၀ တန်ကပ်ပြီး ဝန်ကြီးဌာနသို့ ပေးပို့လျှောက်ထားရမည်၊

အဆင့်(၂)

ဝန်ကြီးဌာနသည် တင်ပြလာသော လျှောက်လွှာများအား စိစစ်၍ ပြည့်စုံမှန်ကန်မှုရှိပြီး တည်ဆဲဥပဒေများနှင့်အညီဖြစ်ပါက လျှောက်ထားသူအား သတ်မှတ်အခကြေးငွေ ကျပ်ငါးသောင်းကို သတ်မှတ်ငွေစာရင်းသို့ ချလန်ဖြင့်ပေးသွင်းစေရန် လျှောက်ထားသည့် နေ့မှစ၍ ၂၁ ရက်အတွင်း အကြောင်းပြန်ကြားရမည်။

အဆင့်(၃)

ဝန်ကြီးဌာနသည် ချလန်ရရှိပါက ပုံနှိပ်ခြင်းလုပ်ငန်း အတွက် အသိအမှတ်ပြုပုံစံ ၇ ကိုလည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်း အတွက် အသိအမှတ်ပြုပုံစံ ၈ ကိုလည်းကောင်း၊ သတင်းအေဂျင်စီ လုပ်ငန်းအတွက် အသိအမှတ်ပြုပုံစံ ၉ ကိုလည်းကောင်း ၃ ရက်အတွင်း ထုတ်ပေးရမည်။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာ

ပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ၊ အမှတ်(၄)၊ ၀င်္ကပါလမ်း၊ ဗဟန်းမြို့နယ်။

ရန်ကုန်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ

အမှတ်(၄)၊ ၀င်္ကပါလမ်း၊ ဗဟန်းမြို့နယ်။

နေပြည်တော်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲ

ရုံးအမှတ်(၇)၊ နေပြည်တော်။

Website လိပ်စာ

http://www.moi.gov.mm