စာပေဗိမာန်စာမူဆုပြိုင်ပွဲဝင်ပုံစံနှင့်တင်သွင်းနိုင်ခြင်း၊ ဆုရွေးချယ်ခြင်း၊ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်


Ministry of Information / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံ လိုအပ်ချက်များ

(က) စာမူဆုပြိုင်ပွဲဝင်ပုံစံကိုစာပေဗိမာန်တွင်ဝယ်ယူကာစာမူများ တင်သွင်း နိုင်ပါသည်။ ပြိုင်ပွဲဝင်သူသည် ကလောင်အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာနှင့် စာမူဆုရရှိခဲ့ဖူးသည့်မှတ်တမ်းများကို နောက်ဆက်တွဲ ဖြင့် ဖော်ပြရပါမည်။

(ခ) စာပေဗိမာန် စာကြည့်တိုက်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိနှင့် စနေနေ့တွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားသည်။ စာပေဗိမာန် စာကြည့်တိုက်တွင် အသင်းဝင်လိုပါက အသင်းဝင်နိုင်ပါသည်။

(ဂ) အရောင်းဆိုင်တွင် စာပေဆုရစာအုပ်များ၊ စာပေဗိမာန်ထုတ် စာအုပ်/ စာစောင်များနှင့် အခြားတိုက်ထုတ်စာအုပ်များကို လွတ်လပ်စွာ ဝယ်ယူနိုင် သည်။

လိုအပ်သော စာရွက်စာတမ်းများ

စာကြည့်တိုက်အသင်းဝင်ရန် မှတ်ပုံတင်မူရင်းနှင်မိတ္တူ၊ ဓာတ်ပုံ (Passport size)

ဝန်ဆောင်ခ

(က) စာပေဗိမာန်ပြိုင်ပွဲဝင်ပုံစံမှာ-၁၀၀ ကျပ် ဖြစ်ပြီးနယ်မှမှာယူလိုပါက ၁၀၀၀ ကျပ် ပေးပို့မှာယူရမည်ဖြစ်ပါသည်။

(ခ) စာကြည့်တိုက်အသင်းဝင်လိုပါက သာမန်အသင်းသားအဖြစ် အသင်း ဝင်ကြေး ၁၀၀၀ ကျပ်၊ နှစ်စဉ်ကြေး ၅၀၀ ကျပ် ဖြစ်ပြီး စာအုပ်တစ်အုပ် ခုနစ်ရက် အခမဲ့ ငှားရမ်းခွင့်ရှိသည်။ အထူးအသင်းသားအဖြစ် အသင်းဝင်ကြေး ၂၀၀၀ကျပ်၊နှစ်စဉ်ကြေး၁၀၀၀ကျပ်ပေးသွင်းပြီးစာဖတ်ခွင့်၊မိတ္တူကူးခွင့်အပြင် စာအုပ်နှစ်အုပ်(တစ်အုပ်လျှင် ၁၀ ရက်)အခမဲ့ ငှားခွင့်ရှိသည်။

လျှောက်ထားရန်အဆင့်များ

အဆင့် ၁

စာပေဗိမာန် ပြိုင်ပွဲဝင်စာမူကို စာမူဆုလျှောက်လွှာပုံစံနှင့်အတူ မူရင်းနှင့်မိတ္တူ တွဲဖက်တင်ပြရမည်ဖြစ်ပါသည်။

အဆင့် ၂

ပြည်သူ့စာကြည့်တိုက်အတွက် အသင်းဝင်ပြီးပါက အသင်းဝင်ကတ်နှင့်အတူ စာအုပ်များ ငှားရမ်းနိုင်ပါသည်။

ဆက်သွယ်ရ မည့်လိပ်စာ

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ အမှတ် ၅၂၉၊ ၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန်သို့ ဆက်သွယ်နိုင်ပါသည်။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

ရန်ကုန်

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ အမှတ် ၅၂၉၊ ၅၃၁ ကုန်သည်လမ်း၊ စာပေဗိမာန်သို့ ဆက်သွယ်နိုင်ပါသည်။

Website လိပ်စာ

www.sarpaybeikman-pol.gov.mm



FAQs

စာပေဗိမာန်က စာပေဗိမာန်စာမူဆုရ စာအုပ်များ၊ ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုရစာအုပ်များ၊ စွယ်စုံကျမ်းနှစ်ချုပ်၊ သုတပဒေသာ၊ ရွှေသွေးနှင့် စာတမ်းဖတ်ပွဲစာအုပ်များကို ထုတ်ဝေ ဖြန့်ချိလျက်ရှိပါသည်။