မြန်မာဗီဒီယို ဇာတ်ကားများ ဆင်ဆာကြည့်ရှု့စစ်ဆေးခြင်း


Ministry of Information / April 19, 2018

လိုအပ်သော စာရွက်စာတမ်းများ

(၁)    ဆင်ဆာကြည့်ရှုစစ်ဆေးပေးရန် လျှောက်လွှာ

(၂)    မူပိုင်ထုတ်လုပ်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုချက်

(၃)    ဗီဒီယိုဇာတ်ကားရိုက်ကူးထုတ်လုပ်ခြင်းနှင့်စပ်လျဉ်းသည့် ဝန်ခံကတိပြုချက်

(၄)    ဝတ္ထုဇာတ်လမ်းများနှင့်သဘောတူညီချက်

(၅)   တေးသီချင်းနှင့်ပတ်သက်၍ သဘောတူညီချက်

(၆)   ဇာတ်ကားနှင့်ပတ်သက်သည့်အချက်များ

(၇)   ဆင်ဆာကြည့်ရှုရန်မြန်မာနိုင်ငံရုပ်ရှင်/ဂီတအစည်းအရုံး ၏ထောက်ခံချက်

(၈)   ဇာတ်လမ်းအကျဉ်း၊ တေးသီချင်းစာသား(၂၅)အုပ်

(၉)   ဆင်ဆာကြည့်ရှုစစ်ဆေးရန် "CC" အမှတ်အသားပါ DVD (၁၆)ချပ်

ဝန်ဆောင်ခ

၃၀၀၀ ကျပ်

လျှောက်ထားရန်အဆင့်များ

မရှိပါ။

ဆက်သွယ်ရမည့်လိပ်စာ

ရန်ကုန်

အမှတ် (၅၀) ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဝန်ဆောင်မှုရရှိ နိုင်မည့်တည်နေရာများ

ရန်ကုန်
အမှတ် (၅၀) ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဖြည့်စွက်ချက်

မြန်မာဗီဒီယို၊ ကာရာအိုကေစသည်တို့  ရိုက်ကူးထုတ်လုပ်ရန် လုပ်ငန်း လုပ်ကိုင်လိုသူသည် ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲတွင် ဗီဒီယို ထုတ်လုပ်ရေး လိုင်စင် ရယူစေခြင်း၊ လိုင်စင်ရယူ ထားသူသည် ဇာတ်ကားမရိုက်ကူးမီ ဦးစွာ မြန်မာနိုင်ငံ ရုပ်ရှင်/ဂီတ အစည်းအရုံးမှ ရိုက်ကူးခွင့်ရရှိရေးဆောင်ရွက်စေခြင်း၊ရိုက်ကူးပြီးစီးသောဇာတ်ကားများအား ပြသခွင့်ရရှိရေး အတွက် စိစစ်အကဲဖြတ် အဖွဲ့သို့ ဇာတ်လမ်းအကျဉ်း/ ဇာတ်ဝင် တေးသီချင်း/ ဇာတ်ကားနှင့် ပတ်သက် သော အချက်အလက်ပုံစံ မူရင်း (၁)စုံ၊ မိတ္တူ (၂၀)အုပ် တင်ပြ စေခြင်းနှင့်အတူ သတ်မှတ်ထားသည့် စစ်ဆေးခများ ပေးသွင်း စေခြင်း နှင့် စိစစ်အကဲဖြတ် အဖွဲ့ဝင်များမှ သတ်မှတ် ထားသော ဆင်ဆာမူဝါဒ များနှင့်အညီ ကြည့်ရှု စစ်ဆေးပြီး တိုက်ရိုက်ခွင့်ပြုခြင်း၊ ပြင်ဆင်တည်းဖြတ်စေပြီး ခွင့်ပြုခြင်း၊ ပြင်ဆင်ပြီးပြန်လည် တင်ပြစေခြင်း၊ ခွင့်မပြုခြင်းများကို ဆောင်ရွက် ပါမည်။

Website လိပ်စာ

http://www.moi.gov.mm/?q=content/mmpdd-e-services