ကိုယ်အင်္ဂါထိခိုက်မှုနှင့်ရောဂါဘယအာမခံ


Ministry of Planning and Finance / July 24, 2024

အာမခံအကာအကွယ်

အသက် ၁၆ နှစ်မှ ၆၀ နှစ်အထိ ကျန်းမာရေးကောင်းမွန်သူ မည်သူမဆို အာမခံထားနိုင်ပါ သည်။ အာမခံထားရန် အဆိုပြုရာတွင် မတော်တဆမှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရခြင်းနှင့် အဆိုလွှာပါ ရောဂါ ၅၅ မျိုးကြောင့် ဆေးကုသမှု အကာအကွယ်အတွက် Table A ၊ သေဆုံး ခြင်းနှင့် ဒဏ်ရာရရှိမှုအတွက် Table B ၊ သေဆုံးမှုတစ်မျိုးကိုသာ ထားရှိခြင်းနှင့် အသက် ၆၀ နှစ် နှင့်အထက် အာမခံ ထားရှိသူများအတွက် Table C တို့ကိုအာမခံထားသူမှ ရွေးချယ်နိုင်ပါ သည်။

 

ဝန်ဆောင်ခ

ပရီမီယံန်းထားကောက်ခံရာတွင် အာမခံထားသူ၏ အလုပ်အကိုင် အန္တရာယ်အနည်းအများ ပေါ်မူတည်၍ အတန်းအစားကို ဌာနမှ (၃) မျိုးခွဲခြားကာ အာမခံထားသူ၏ဆအရ အဆိုလွှာပါ ဇယား (၃) မျိုးအနက် ကြိုက်နှစ်သက်ရာ ဇယားကိုရွေးချယ်ထားရှိနိုင်ပြီး ပရီမီယံ န်းထားဇယားအရ ပရီမီယံတွက်ချက်ပါသည်။ ပရီမီယံနှုန်းမှာ အနည်းဆုံး ၀.၁% မှ အများဆုံး ၀.၉% ဖြစ်ပါသည်။ အပိုအကာအကွယ်များ ရယူမည်ဆိုပါက ရယူမည့် အပိုအကာအကွယ်အလိုက် ပရီမီယံထပ်ဆောင်း ပေးရမည် ဖြစ်ပါသည်။ တံဆိပ်ခေါင်း တန်ဖိုးမှာ အာမခံထားငွေ (၁) သိန်းလျှင် ၃၀ ကျပ် ဖြစ်ပါသည်။

 

အာမခံထားငွေ

အာမခံထားငွေအား အများဆုံး မြန်မာကျပ်ငွေ-၂၀,၀၀၀,၀၀၀/- (သို့မဟုတ်) USD-၅၀,၀၀၀/- အထိ အဆိုပြုထားရှိနိုင်ပါသည်။

 

အာမခံသက်တမ်း

(၁) လ၊ (၃) လ၊ (၆) လ၊ (၁) နှစ် စသည်ဖြင့် ကာလအပိုင်းအခြားခွဲခြား၍ ကိက်နှစ်သက်သလို အာမခံထားခွင့်ရှိပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

  • ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
  • သတ်မှတ်ထားသောအဆိုလွှာပုံစံ
  • အာမခံထားမည့်လူဦးရေအသေးစိတ်စာရင်း (ဌာနမှ ထုတ်ပေးသော Excel ဇယားတွင် ဖြည့်စွက်ရန်) Hard Copy နှင့် Soft Copy
  • အာမခံထားမည့်သူ၏ မှတ်ပုံတင်မိတ္တူ

 

လျှောက်ထားရန်အဆင့်များ

  • သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
  • ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
  • ပရီမီယံပေးသွင်းပြီးပါက ‌ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း