လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများ စစ်ဆေးပေးခြင်း

လုပ်ငန်းခွင် မတော်တဆထိခိုက်မှုများ စစ်ဆေးပေးခြင်း


Ministry of Labour / April 10, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေနှင့် အကျုံးဝင်သက်ဆိုင် သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ ဖြစ်ရပါမည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သော စာရွက်စာတမ်းများ

မတော်တဆထိခိုက်မှု ဖြစ်ပွားကြောင်း အကြောင်းကြားစာ ပုံစံ(က)

လျှောက်ထားရန် အဆင့်များ

ဝန်ဆောင်မှု ရယူရန် လျှောက်ထားရန် မလိုပါ။

ဦးစီးဌာနရှိ စစ်ဆေးရေး အရာထမ်းများက လုပ်ငန်းခွင် မတော်တဆထိခိုက်မှု ဖြစ်ပွားပါက လာရောက်စစ်ဆေးပြီး အလားတူ မတော်တဆထိခိုက်မှုမျိုး ထပ်မံ မဖြစ်ပွားရန် ညွှန်ကြားအချက်များကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါ သည်။

ဆက်သွယ်ရမည့်လိပ်စာ

အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁) နေပြည်တော်။

ဝန်ဆောင်မှုရရှိနိုင်သည့် တည်နေရာ

ဦးစီးဌာနလက်အောက်ရှိ ရုံးစိုက်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ စက်မှုဇုန်နှင့် မြို့နယ်ရုံးများ အားလုံးတွင် ဝန်ဆောင်မှု ရရှိနိုင်ပါသည်။

Website လိပ်စာ

မရှိပါ။



Services (Online) - 1 items
HOT NEWS
January 4,