ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံချက်လက်မှတ် AHD/PC (1) လျှောက်ထားခြင်း

ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံချက်လက်မှတ် AHD/PC (1) လျှောက်ထားခြင်း


Ministry of Agriculture, Livestock and Irrigation / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်ရရှိရန် အောက်ပါအခြေခံအချက်များ လိုအပ်ပါသည်-

      (က)   တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန် တိရစ္ဆာန်မွေးမြူထားရှိရမည်ဖြစ်ပါသည်။

      ( ခ )   မိမိမွေးမြူထားသော တိရစ္ဆာန်သည် မွေးမြူရေးခြံ မှတ်ပုံတင်ထားရမည်။

      ( ဂ )   ဦးစီးဌာနဝန်ထမ်း၏ ကာကွယ်ဆေးထိုးနှံခြင်းကို ခံယူရမည်။

      (ဃ)    ဦးစီးဌာနဝန်ထမ်းမှ ကာကွယ်ဆေးထိုးမည်ဟု အကြောင်းကြားသောအခါ တိရစ္ဆာန်များအား တစ်နေရာထဲတွင် စုစည်းပေးရန် လိုအပ်ပါသည်။

      ( င )    ဦးစီးဌာနမှ ထုတ်လုပ်သော ကာကွယ်ဆေးများကို သတ်မှတ်ကာလ၊ ကြိမ်ရေအတိုင်း အပြည့်အဝ ထိုးနှံထားရန် လိုအပ်ပါသည်။

ဝန်ဆောင်ခ

ကျွဲနွားဒေါင့်သန်း၊ လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ် တို့အတွက် ကာကွယ်ဆေးထိုး ဝန်ဆောင်ခ(၁)ကျပ်၊ ခွာနာလျှာနာကာကွယ်ဆေးထိုးဝန်ဆောင်ခ(၁၅)ကျပ်

လိုအပ်သော စာရွက်စာတမ်းများ

ပိုင်ရှင်အမည်၊ လိပ်စာ၊ တိရစ္ဆာန်နှင့်ပတ်သက်သော အချက်အလက်များ

လျှောက်ထားရန်အဆင့်များ

အဆင့် ၁ - ကာကွယ်ဆေးထိုး ဆောင်ရွက်ခြင်း

ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ်ရရှိရန်အတွက် တိရစ္ဆာန်အား ကာကွယ်ဆေးထိုးရန် လိုအပ်ပါသည်။ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဦးစီးဌာမှ ကာကွယ်ဆေးများ လုံလောက်စွာထုတ်လုပ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်ဒေသများသို့ ဖြန့်ဖြူးပြီး၊ ဆက်လက်၍ ခရိုင်၊ မြို့နယ်၊ ဦးစီးရုံးများသို့  ဖြန့်ဖြူးပေးလျက်ရှိပါသည်။  ခရိုင်/ မြို့နယ်/ ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများမှလည်း ကျေးရွာအရောက် ကာကွယ်ဆေးထိုး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

အဆင့် ၂ - ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်း

ကာကွယ်ဆေး အမှန်တကယ်ထိုးပြီးမှသာ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။

ဆက်သွယ်ရမည့်လိပ်စာ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

၁။       မန္တလေးတိုင်းဒေသကြီးတွင် အမရပူရ မြို့နယ်၊ ညောင်ဦးမြို့နယ်။

၂။       ရန်ကုန်တိုင်းဒေသကြီးတွင် ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ မှော်ဘီမြို့နယ်။

၃။       စစ်ကိုင်းတိုင်းဒေသကြီးတွင် တမူးမြို့နယ်။

၄။       ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ဒီမောဆိုးမြို့နယ်၊ရှားတောမြို့နယ်၊ ဘော်လခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်။

၅။      ပဲခူးတိုင်းဒေသကြီးတွင် သာယာဝတီမြို့နယ်၊ နတ္တလင်းမြို့နယ်။

၆။      ချင်းပြည်နယ်တွင် ထန်တလန်မြို့နယ်၊ ဖလန်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မတူပီမြို့နယ်။

Website လိပ်စာ

www.lbvd.gov.mm



Services (Online) - 0 items

No Data Available

HOT NEWS
January 4,