ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမကဏ္ဍမှ ဆောင်ရွက်မည့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စပါး/ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် စားသုံးဆီဖူလုံရေးအတွက် မြစိမ်းရောင်စီမံကိန်းဖြင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး အစည်းအဝေးများသို့ တက်ရောက်


Ministry of Cooperatives and Rural Development/ Naypyitaw / August 18, 2022
image_latest


နေပြည်တော် ဩဂုတ် ၁၈

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သမဝါယမ ကဏ္ဍမှ ဆောင်ရွက်မည့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စပါး/ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ခြင်း အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ညွှန်ကြားရေးမှူးများ၊ ကန်ထရိုက်လယ်ယာ အကျိုးတူ ဆောင်ရွက်မည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ သမဝါယမကဏ္ဍမှ ကန်ထရိုက်လယ်ယာစနစ်ဖြင့် စပါး/ ပဲတီစိမ်း စိုက်ပျိုးထုတ် လုပ်ရေးအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ပြီး နိုင်ငံ့စီးပွားရေး မြင့်မားလာစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် စီးပွားရေး မြင့်တက်လာစေရေးအတွက် ရည်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စပါးနှင့် ပဲတီစိမ်းအတွက် စိုက်ပျိုး စရိတ်ရရှိရေး ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ကြမည့်ကုမ္ပဏီများ၊ သမဝါယမအသင်းများကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထောက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ခြင်းကို စပါးစိုက်ပျိုးရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက Focal အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမှန်တကယ် စိုက်ပျိုး သည့် တောင်သူများအား ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ အကျိုးတူလယ်ယာစနစ် ဆောင်ရွက် ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေး၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်ပြီး ဦးဆောင်မှု ပြုနိုင်သူများကို ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးချယ်၍ ကျေးရွာသမဝါယမအသင်း ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်သော မျိုး၊ မြေဩဇာ၊ စိုက်ပျိုး စရိတ်များရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ စာချုပ်ချုပ်ဆို ဆောင်ရွက်ခြင်း၊ စာရင်းဇယားများ စနစ်တကျထားရှိရေးနှင့် ကိုယ်တိုင်စာရင်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

              သမဝါယမကဏ္ဍ အကျိုးတူလယ်ယာစနစ် ဆောင်ရွက်မည့် ကုမ္ပဏီ(သို့မဟုတ်) သမဝါယမအသင်းမှ စပါး/ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းတွင် ပါဝင်သည့် ကျေးရွာ သမဝါယမအသင်းများအား Refund ရရှိအောင် ဆောင်ရွက်ပေးပြီး ဖြစ်ပေါ်လာသည့် အကျိုးအမြတ် ငွေများကို ရာသီ/ အချိန်အလိုက် အသင်းသားများအား ထိထိရောက်ရောက် ခွဲဝေပေးခြင်း၊ အသင်း ၏ ရှယ်ယာများတိုးမြှင့်ပေးခြင်း၊ အသင်း၏ စီးပွားရေးလုပ်ငန်းတွင် ပြန်လည်သတ်မှတ် ထည့်ဝင် စေခြင်း၊ အုပ်ချုပ်မှုစရိတ်ထားရှိခြင်းတို့ကိုလည်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်း များ ဆောင်ရွက်သည့်အခါ လက်တွေ့ကျကျ အမှန်တကယ် လုပ်ဆောင်ကြရန်နှင့် တာဝန်ရှိသူများ အနေဖြင့် အမြဲမပြတ် ကွင်းဆင်းထိတွေ့ပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ တိုင်းဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့် တာဝန်ကျဝန်ထမ်းများ အနေဖြင့် စီမံကိန်းကျေးရွာများ သို့ စိုက်ကြပ်အဖွဲ့များကဲ့သို့ အမြဲတမ်းကွင်းဆင်း၍ အသင်းတာဝန်ရှိသူများ၊ တောင်သူလယ်သမား များနှင့် ထိတွေ့ဆောင်ရွက်နေကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် အမှားအယွင်း မရှိစေရေး ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊

              သမဝါယမအသင်းများ ဖွဲ့စည်း၍ ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ လိုအပ်သည့် သွင်းအားစုများရရှိနိုင်ရေး သမဝါယမအသင်းအမှုဆောင်များမှ ကြီးကြပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်ရေးအတွက် အခြားဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး တာဝန်ရှိသူအသီးသီးက မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြား ပါသည်။

              ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက် များနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရ