မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်မောင်းအား သတ်ဖြတ်ကာ မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သည့်တရားခံကို ဖော်ထုတ်ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / October 06, 2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်မောင်းအား သတ်ဖြတ်ကာ မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သည့် တရားခံထံမှ ပြန်လည်သိမ်းဆည်းရမိခဲ့သည့် သက်သေခံပစ္စည်းများ။


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယာဉ်မောင်းအား သတ်ဖြတ်ကာ မော်တော်ယာဉ် လုယက်ယူဆောင်ခဲ့သည့် တရားခံအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ချိတ်ဆက် ပူးပေါင်းဖော်ထုတ်မှုဖြင့် (၂)ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂ ရက်နေ့ ည ၈ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၆၇ လမ်းနှင့် စက်မှုပန်းခြံလမ်းကြား၌ အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသားတစ်ဦးအား ဝဲရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာခြေသလုံးထိုးသွင်းဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စက်မှုနယ်မြေရဲစခန်း၌ (ပ)၂၅၅/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ ဖြင့်အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိနိုင်ရေးနှင့် သေဆုံးသူအား အတည်ပြုနိုင်ရေးဆောင်ရွက်ခဲ့သည်။

သေဆုံးသူနှင့်ပတ်သက်၍ စုံစမ်းအတည်ပြုခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်နေ ဦးပြည့်စုံထွန်း (၃၀)နှစ် အငှားယာဉ်မောင်းနှင်သူဖြစ်ပြီး ယင်းနေ့နံနက် ၈ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၅၄ လမ်းကြားရှိ “ရွှေသိင်္ဂီ”တည်းခိုခန်းတွင် တည်းခိုနေသူတစ်ဦးမှ မြို့တွင်းဘုရားဖူးရန် ကားငှားသဖြင့် ၎င်းမောင်းနှင်သည့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးရာမှ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ၎င်းမောင်းနှင်ခဲ့သည့် မော်တော်ယာဉ်မှာလည်း ပျောက်ဆုံးလျက်ရှိကြောင်း ကနဦးဖော်ထုတ်သိရှိရသည်။

ထို့နောက် တရားခံဖမ်းဆီးရမိနိုင်ရေးနှင့် မော်တော်ယာဉ်အား ပြန်လည်သိမ်းဆည်းရမိ နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက “ရွှေသိင်္ဂီ”တည်းခိုခန်းသို့ သွားရောက်စုံစမ်းခဲ့ရာ ၎င်းတည်းခိုခန်း၌ တည်းခိုနေထိုင်သည့် ကျော်သီဟဆိုသူမှ ၎င်း၏မိသားစုနှင့်အတူ ယင်းနေ့ည ၆ နာရီတွင် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်အား မောင်းနှင်၍ တည်းခိုခန်းသို့ ပြန်လည်ရောက်ရှိလာကာ အခန်းခများရှင်းပြီး ထွက်ခွာသွားခဲ့ကြောင်း သိရှိရသဖြင့် မြို့ဝင်/ထွက် ဂိတ်များရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကွင်းဆက်မပြတ် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခဲ့ရာ အဆိုပါ မော်တော်ယာဉ်မှာ ကျောက်ဆည်၊ သာစည်နှင့် အေးသာယာမြို့နယ်တို့မှတစ်ဆင့် တောင်ကြီးမြို့ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိခဲ့ရသည်။

အောက်တိုဘာလ ၃ ရက် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်းပေါ်ရှိ ကားရေဆေးဆိုင်အတွင်း၌ အဆိုပါ MDY CC-4268 TOYOTA MARK II ယာဉ်အား တွေ့ရှိရပြီး စီးနင်းလာသူများမှာ အနောက်မြို့ပတ်လမ်း ပေါ်ရှိ “လစ်ဗင်းကာလာ”တည်းခိုခန်း အခန်းအမှတ်(၂၀၂)၌ တည်းခိုနေကြောင်း စုံစမ်းသိရှိရသဖြင့် တည်းခိုခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ် (၂၀၂)၌ ကျော်သီဟ(ခ) တရုတ်ကြီး၏ ဇနီးဖြစ်သူ မဝေဝေနွယ်နှင့် သားဖြစ်သူတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ကျော်သီဟ(ခ) တရုတ်ကြီးအား ည ၈ နာရီ ၄၅ မိနစ်တွင် အဆိုပါတည်းခိုခန်းအပေါ်ထပ် ရေတိုင်ကီအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။ 

တရားခံ ကျော်သီဟ(ခ)တရုတ်ကြီး၏ ထွက်ဆိုချက်အရ ၎င်းသည် အလုပ်အကိုင် မရှိဘဲ မိသားစုနှင့်အတူ “ရွှေသိင်္ဂီ” တည်းခိုခန်း၌ စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ တည်းခိုနေထိုင်ကာ သုံးစွဲရန်ငွေမရှိသဖြင့် ငွေရရှိရန် မော်တော်ယာဉ်တစ်စီးအား ငှားရမ်းအသုံးပြု၍ မော်တော်ယာဉ်အား ယာဉ်မောင်းအလစ် မောင်းနှင်ထွက်ပြေးယူဆောင်ရောင်းချရန် စီစဉ်ကာ ယခင်ကသိကျွမ်းခဲ့သည့် အိုးဝေမောင်းနှင်သူမှတစ်ဆင့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်အား မြို့တွင်း ဘုရားဖူးသွားရန် ငှားရမ်းခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် မော်တော်ယာဉ်အား ရန်ကင်းတောင် အရှေ့ဘက်ခြမ်း လမ်းကြားသို့ မောင်းနှင်စေခဲ့ပြီး အဆိုပါလမ်းကြားအရောက်၌ ၎င်း၏မိဘများ လာမည်ဖြစ်၍ စောင့်ဆိုင်းပေးရန် ယာဉ်မောင်းအား လိမ်လည်ပြောဆိုပြီး ဇနီးနှင့်သားဖြစ်သူတို့အား ယာဉ်အောက်၌ စောင့်နေစေကာ ၎င်းမှ ယာဉ်၏အနောက်ခန်းတွင် ထိုင်၍ ယာဉ်မောင်းအလစ် အငိုက်အား စောင့်ဆိုင်းနေခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူမှာ ယာဉ်ပေါ်မှမဆင်းသဖြင့် ညနေ ၅ နာရီခန့်တွင် ၎င်းမှ ယာဉ်မောင်းအား အသင့်ယူဆောင်လာသည့် ဓားဖြင့် ထိုးကာ အလောင်းအား ၆၇ လမ်းနှင့် စက်မှုပန်းခြံလမ်းကြား၌ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း၊ 

အခင်းဖြစ်စဉ်က အသုံးပြုသည့် သက်သေခံဓားအား ကျောက်ဆည်မြို့အထွက် လမ်းဘေးခြုံတစ်ခုအတွင်းသို့ လွှင့်ပစ်ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့နောက် တောင်ကြီးမြို့သို့ လုယက်ယူဆောင်ခဲ့သည့် TOYOTA MARK II ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး “လစ်ဗင်းကာလာ”တည်းခိုခန်း၌ တည်းခို နေထိုင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် အငှားယာဉ်မောင်းအား သတ်ဖြတ်၍ ယာဉ်အား လုယက်ခဲ့သည့် တရားခံ ကျော်သီဟ(ခ)တရုတ်ကြီး (၂၅)နှစ် (ဘ) ဦးသန်းဝင်းဦးအား ၎င်းလုယက်ယူဆောင်ခဲ့သည့် MDY CC-4268 TOYOTA MARK II မော်တော်ယာဉ်တစ်စီး၊ ယာဉ်နှင့်ပတ်သက်သည့်  စာရွက်စာတမ်းများ၊ ဦးပြည့်စုံထွန်း၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ယာဉ်မောင်းလိုင်စင်နှင့် အဝတ်အထည်များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရသင့်ရထိုက်သည့်အခွန်ဝင်ငွေများမဆုံးရှုံးစေရေးတရားဝင်ကုန်သွယ်မှုလမ်းကြောင်းများမှသွားလာလုပ်ကိုင်တတ်စေရန် စည်းရုံးပြောဆိုအရေးယူမှုများဆောင်ရွက်ဖို့လို

ရသင့်ရထိုက်သည့်အခွန်ဝင်ငွေများမဆုံးရှုံးစေရေးတရားဝင်ကုန်သွယ်မှုလမ်းကြောင်းများမှသွားလာလုပ်ကိုင်တတ်စေရန် စည်းရုံးပြောဆိုအရေးယူမှုများဆောင်ရွက်ဖို့လို

၈-၁၂-၂၀၂၂ ရက်နေ့တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

၈-၁၂-၂၀၂၂ ရက်နေ့တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း Office of the Auditor General of the Union/ NPT / December...

သင်တန်းဆင်းပွဲကျင်းပခြင်း

သင်တန်းဆင်းပွဲကျင်းပခြင်း

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့၏ (၂၈)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင် အခမ်းအနား


   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊ မန္တလေး) တို့၏(၂၈)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ၈-၁၂-၂၀၂၂ ရက်နေ

နေ့စဉ်မြစ်ရေခန့်မှန်းချက်

နေ့စဉ်မြစ်ရေခန့်မှန်းချက်

ရသင့်ရထိုက်သည့်အခွန်ဝင်ငွေများမဆုံးရှုံးစေရေးတရားဝင်ကုန်သွယ်မှုလမ်းကြောင်းများမှသွားလာလုပ်ကိုင်တတ်စေရန် စည်းရုံးပြောဆိုအရေးယူမှုများဆောင်ရွက်ဖို့လို

ရသင့်ရထိုက်သည့်အခွန်ဝင်ငွေများမဆုံးရှုံးစေရေးတရားဝင်ကုန်သွယ်မှုလမ်းကြောင်းများမှသွားလာလုပ်ကိုင်တတ်စေရန် စည်းရုံးပြောဆိုအရေးယူမှုများဆောင်ရွက်ဖို့လို

၈-၁၂-၂၀၂၂ ရက်နေ့တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

၈-၁၂-၂၀၂၂ ရက်နေ့တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း Office of the Auditor General of the Union/ NPT / December...