ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း


Ministry of Industry / September 20, 2022

စက်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ

 

အဆင့်(၁)
  
  ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင် လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင် လျှောက်လွှာပုံစံ(၁)နှင့်အတူ အောက်ဖော်ပြပါစာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရပါမည်-

    (က)     ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင် တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ (မှတ်ပုံတင်/ Passport ENG မိတ္တူပူးတွဲ)
    ( ခ)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုအစီအစဉ်
    ( ဂ)     လုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းမိတ္တူ(၁)စုံ
    (ဃ)     ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် အထောက်အထား မိတ္တူ
    ( င)     အထွေထွေနစ်နာဆုံးရှုံးမှုအား ပေးလျော်ရန်အတွက် … မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိမှု မိတ္တူ
    ( စ)     သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက် သို့မဟုတ် ခွင့်ပြုမိန့်

အဆင့်(၂)

    ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၁၇ အရ လိုင်စင်လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၁)အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်းကြား ဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံပါက လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များထံသို့ အကြောင်းကြား ဆောင်ရွက်မည် ဖြစ်ပါသည်။

အဆင့်(၃)
    
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် လိုင်စင်ထုတ်ပေးရန် ထောက်ခံပါက လျှောက်ထားသူသည် နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ လိုင်စင်ခပေးသွင်းရပါမည်။ 

လိုင်စင်ခ

စဉ် လုပ်ငန်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ ခု ၁၀၀,၀၀၀ ၂ နှစ်
(ခ) ၂ ခု ၂၀၀,၀၀၀ ၂ နှစ်
(ဂ) ၃ ခုနှင့် အထက် ၃၀၀,၀၀၀ ၂ နှစ်

 

အဆင့်(၃-က)(လိုင်စင်သက်တမ်းတိုးခြင်း)

    လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်ဖြစ်ပြီး ဥက္ကဌ၏ ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564)သို့ လိုင်စင်သက်တမ်းတိုးမြှင့်ခ ပေးသွင်းရပါမည်။

လိုင်စင်သက်တမ်းတိုးမြှင့်ခ

စဉ် လုပ်ငန်းအရေအတွက် နှုန်း(ကျပ်) သက်တမ်း
(က) ၁ ခု ၈၀,၀၀၀ ၂ နှစ်
(ခ) ၂ ခု ၁၆၀,၀၀၀ ၂ နှစ်
(ဂ) ၃ ခုနှင့်အထက် ၂၄၀,၀၀၀ ၂ နှစ်

 

အဆင့်(၄)
    လျှောက်ထားသူကိုယ်တိုင်  လိုင်စင်(သို့မဟုတ်) သက်တမ်းတိုးကတ်  ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်းကောင်း၊ ကိုယ်စားလှယ် ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံ နှင့်သော်လည်းကောင်း ပူးတွဲယူဆောင်လာရပါမည်။

ဆက်သွယ်ရန်လိပ်စာ

စာချုပ်စာတမ်းများစိစစ်ရေးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်(၃၀)နေပြည်တော်
ဖုန်း ဝ၆၇၃-၄၀၅၃၃၆

  

ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်လွှာပုံစံ(၁)ကို အောက်တွင် Download ရယူနိုင်ပါသည်။



FAQs