၆၆ ကေဗွီ ရာဇဂြိုဟ်-ကလေး-ကလေးဝ ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံဖွင့်ပွဲ ကျင်းပ - ၆၆ ကေဗွီ ရာဇဂြိုဟ်-ကလေး-ကလေးဝ ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံဖွင့်ပွဲ ကျင်းပ

၆၆ ကေဗွီ ရာဇဂြိုဟ်-ကလေး-ကလေးဝ ဓာတ်အားလိုင်းနှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံဖွင့်ပွဲ ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 11, 2019
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁ဝ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ရာဇဂြိုဟ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈ ဒသမ ၉၆) မိုင်နှင့် ၆၆/ ၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ကလေးဝမြို့ရှိ အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
▲▲ပိုမိုဖြန့်ဖြူး▲▲
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ် ဓာတ်အား လုံလုံ လောက်လောက် ရရှိမှုနှင့် ပတ်သက်နေသည့်အတွက် ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတစ်ဝန်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ယခင်က ကလေးဝမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် အနီးရှိပတ်ဝန်းကျင် ကျေးရွာနှစ်ရွာရှိ အိမ်ထောင်စု ၁၇၆၁ စုကိုသာ ၈ဝဝ ကေဗွီအေ မီးစက်တစ်လုံး၊ (၃၄ဝ)ကေဗွီ အေ မီးစက်တစ်လုံးတို့ဖြင့် တစ်နေ့လျှင် ၄ နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရာဇဂြိုဟ်ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိလာမည့် ဓာတ်အား များကို ၂၃ဝ ကေဗွီ ကလေးဓာတ်အားခွဲရုံတွင် ရောက်ရှိ နေပြီးဖြစ်သည့် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက် ပြီး ကလေးဝမြို့ကို ဆက်လက် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ရာဇဂြိုဟ်- ကလေး - ကလေးဝ ဓာတ်အားလိုင်း (၄၈ ဒသမ ၉၆) မိုင်နှင့် ကလေးဝမြို့တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံကို ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရာဇဂြိုဟ်-ကလေးအပိုင်း (၂၄ ဒသမ ၄)မိုင်ကို ၂ဝ၁၈ ခုနှစ် ဇွန် ၇ ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၃ဝ ကေဗွီ ကလေးဓာတ်အားခွဲရုံနှင့် ရာဇဂြိုဟ်ရေအား လျှပ်စစ် စက်ရုံကို ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေး - ကလေးဝအပိုင်း (၂၄ ဒသမ ၅၆) မိုင် တည် ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်းပြီးစီးရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် တည်ဆောက်ပြီးစီး၍ ၆၆ ကေဗွီ ကလေးဝ ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ခဲ့ပြီး ဖြစ်သည့်အတွက် ကလေးဝမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသည် ၂၄ နာရီ ဓာတ်အားရယူ သုံးစွဲနိုင်ပြီ ဖြစ်ပါကြောင်း၊ အဆိုပါ ၆၆ ကေဗွီ ရာဇဂြိုဟ် - ကလေး - ကလေးဝဓာတ်အားလိုင်း (၄၈ ဒသမ ၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ တည်ဆောက်ရေးအတွက် ကျပ် သန်းပေါင်း ၉၉၁၄ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပါ ကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ကလေးခရိုင်အတွင်း ယခင်ကထက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်တော့ မည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၅ ခုနှစ်တွင်Residential ၃၈ ဒသမ ၃၇ မဂ္ဂါဝပ်၊Industrial ၅၂ ဒသမ ၃၃ မဂ္ဂါဝပ် စုစုပေါင်း ၉ဝ ဒသမ ၇ မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂ဝ၁၈ ခုနှစ်တွင်Residential ၈၄ ဒသမ ၉၈ မဂ္ဂါဝပ်၊Industrial ၁၂၃ ဒသမ ၈၂ မဂ္ဂါဝပ် စုစုပေါင်း ၂ဝ၈ ဒသမ ၈ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက် စေရန်အတွက် အခြေခံ အကျဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်လျက်ရှိသော ကြောင့် မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးကလည်း အားသွန်ခွန်စိုက် ပူးပေါင်း ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက် ပေးခဲ့မှုနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
▲▲ဖဲကြိုးဖြတ်ဖွင့်လှစ်▲▲
ထို့နောက် ၆၆ ကေဗွီ ရာဇဂြိုဟ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈ ဒသမ ၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ကလေးဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်နှင့် ကလေးဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ သည်။
ယင်းနောက် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံ ကမ္ပည်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဓာတ်အားထိန်းချုပ် ခန်းနှင့် Switch Yard အတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကလေးဝမြို့အား နိုင်ငံတော်ဓာတ်အား စနစ်မှ ၂၄ နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပြီဖြစ်၍ ဒေသခံပြည်သူများက မီးလင်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေရေးများ ကျင်းပခြင်းဖြင့် ဝမ်းသာပျော်ရွှင် ကြည်နူးလျက်ရှိကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
 

အထူးသတင်း
  • “Ceremony of Government Digitalization on Microsoft Platform and Seminar on Microsoft Cloud Solution” အခမ်းအနားကျင်းပ
  •           
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •