တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သရက်ချောင်းမြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ - တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သရက်ချောင်းမြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သရက်ချောင်းမြို့နယ်ရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့/ တနင်္သာရီတိုင်းဒေသကြီး၊သရက်ချောင်းမြို့နယ် / May 16, 2019


ယနေ့နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် သရက်ချောင်းမြို့နယ်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသူများနှင့် ဒေသခံပြည်သူများက တင်ပြကြရာတွင် လျှပ်စစ်ဓါတ် အားခ ဈေးနှုန်းချိုသာစွာ ရရှိနိုင်ရေး၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော ချောင်းကော မြောင်းကော များ တူးဖော်နိုင်ရေး ၊ စည်းကမ်းမဲ့သစ်ခုတ်မှုများအား တားဆီးနိုင်ရေး၊ ချောင်းနံဘေးရှိ ကျူးကျော် နေထိုင်မှုများအား ဖယ်ရှားနိုင်ရေး၊ အားကစားကဏ္ဍနှင့်ပတ်သက်ပြီး ဆုကြေးငွေများ မြှင့်တင်ပေး နိုင်ရေး ၊ အမှိုက်စွန့်ပစ်မှုများ စနစ်တကျရှိစေရေး ၊ ကျေးရွာချင်းဆက် လမ်းများဖောက်လုပ်ပေးနိုင် ရေး၊ ကရင်စာပေသင်ကြားမှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးနိုင်ရေး၊ ကနက်သီရိပင်လယ်ကမ်းခြေတွင် မြေထိန်းနံရံတည်ဆောက်ထားမှု ကျန်ရှိသည့် အပိုင်းအား ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာများတွင် လျှပ်စစ်မီးရရှိနိုင်ရေး ၊ လေဘေးဝဲယာရှိ ရေမြောင်းများ ပြန်လည်တူးဖော်ပေးရေး ၊ ရပ်ကျေးတည်/ကော်များ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက် ပြီး စစ်ဆေးနိုင်ရန်အတွက် BP/BQ ရရှိအောင် ဆောင်ရွက်ပေးရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ က ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ က ဒေသအတွင်း လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိ သူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ညနေ (၁၇:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

 

 

 

 

 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •