ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသော Data Center Service များ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန | Jul 13, 2020

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်း များမှ Myanmar Governance Master Plan တွင်ပါရှိသည့် လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော်ဆောင်သွားနိုင်ရန်၊ အစိုးရအဖွဲ့အစည်းများ၏ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆိုက်ဘာလုံခြုံရေးစသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ Online ပြည်သူ့ဝန်ဆောင်မှုများအား  စွမ်းဆောင်ရည် မြင့်မားစွာ ဖြန့်ဖြူးပေးသွားနိုင်စေရန် ရည်ရွယ်၍ e-Government Data Center အား သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ e-Government ဌာန၊ နေပြည်တော်တွင် တည်ဆောက်ခဲ့ပြီး Co-Location ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိ ပါသည်။

အစိုးရဌာနအသီးသီး၏ e-Government လုပ်ငန်းစဉ်များအား အထောက်အကူပြု ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသောကြောင့် သက်သာသော ဝန်ဆောင်ခ နှုန်းထားများဖြင့်  ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ Rack Rental (half rack, full rack, share rack) နှင့် Webhosting တို့ဖြစ်ပြီး  Webhosting  အား Disk Space Rental Service နှင့် Cloud Service ဟူ၍ ၂ ပိုင်းခွဲခြားပြီး မကြာမီ ကာလအတွင်း ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

Server Co-Location ဝန်ဆောင်မှုအတွက် လစဉ်ကောက်ခံသည့် နှုန်းထားများမှာ  1 U အတွက် ၁၅,၀၀၀ ကျပ်၊  6 U  အတွက် ၉၀,၀၀၀ ကျပ်၊ 21 U အတွက် ၃၀၀,၀၀၀ ကျပ်နှင့် 42 U အသုံးပြုပါက လစဉ်ကြေး ၅၅၀,၀၀၀ ကျပ် အသီးသီး ကျသင့်မည် ဖြစ်ပါ သည်။ ဝန်ဆောင်မှုရယူလိုပါက Online အသုံးပြု၍ အင်တာနက်စာမျက်နှာ www.motc.gov.mm သို့ ဝင်ရောက် လျှောက်ထားနိုင်ပါသည်။

ဤ Data Center တွင် Fully Redundant Network, Electricity, Security (Firewall, CCTV, NVR, Access Control), Precision Cooling, Fire Fighting, Real-Time Monitoring စသည့် Facility များအား ၂၄ နာရီ ၇ ရက် (24/7) ဝန်ဆောင်မှု ပေးအပ်လျက်ရှိပါသည်။ ဤ Facilities များအား မျှဝေအသုံးပြုသွားခြင်းအားဖြင့်  အစိုးရဌာနများမှ Data Center များ သီးခြားစီ တည်ဆောက်အသုံးပြုခြင်းအားဖြင့် တွေ့ကြုံလာရမည့် ငွေကြေးနှင့် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်၊ စီမံခန့်ခွဲမှုစသည့် အခက်အခဲများအား ကျော်လွားနိုင်မည့်အပြင် တစ်စုတစ်ဝေးတည်း စီမံခန့်ခွဲနိုင်ခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေအသုံးပြုမှု လျော့ချနိုင်ခြင်း၊ လုံခြုံမှုပိုမိုကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။

 

ဒေါ်နွယ်နီစိုးရင်

ညွှန်ကြားရေးမှူး

e-Government ဌာန

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန