စက်သုံးဆီသိုလှောင်ခွင့်လိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့်အထောက်အထားများ
-
ကဏ္ဍများ
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
စက်သုံးဆီသိုလှောင်ခွင့်လိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့်အထောက်အထားများ
ချင်းပြည်နယ်အစိုးရအဖွဲ့ / October 05, 2021
(၁) လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုးထားသော လျှောက်လွှာမူရင်း
- သက်ဆိုင်ရာကုမ္ပဏီ/ အဖွဲ့အစည်း၏ တာဝန်ရှိသူကိုယ်တိုင် လက်မှတ် ရေးထိုးထားပြီး ညွှန်ကြားရေးမှူးချုပ် သတ္တုတွင်းဦးစီးဌာနသို့ လိပ်မူထားသော လျှောက်လွှာမူရင်း၊
- ကုမ္ပဏီအမည်ဖြင့် လျှောက်ထားလာပါက လက်မှတ်ရေးထိုးသူသည် ကုမ္ပဏီ ပုံစံ(၂၆) တွင်ပါရှိသည့် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ရပါမည်။
(၂) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ လိပ်မူထားသော သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံစာ (မူရင်း)။
(၃) သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံစာ။
(၄) သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ထောက်ခံစာ။
(၅) သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံစာ။
(၆) မြေပိုင်ဆိုင်မှု အထောက်အထား
- ဂရန်/ လယ်ယာမြေဖြစ်ပါက မြေစာရင်းပုံစံ ၁၀၅/၁၀၆၊
- လယ်ယာမြေအခြားနည်းအသုံးပြုခွင့် ပုံစံ ၁၅ - က။
(၇) အရပ်လေးမျက်နှာရှိ နေထိုင်သူ ပတ်ဝန်းကျင် (၄)ဦး၏ ထောက်ခံချက်နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်။
(၈) တည်နေရာပြပုံ (Layout Plan)
- အင်ဂျင်နီယာလက်မှတ်ပါရှိသည့် ဆီသိုလှောင်ကန်၏ တည်နေရာပြ Layout Plan A3 Size (မူရင်း)။
(၉) ဆီသိုလှောင်ကန်များ အသေးစိတ်ပုံ (Detail Drawing)
- အင်ဂျင်နီယာလက်မှတ်ပါရှိသည့် ဆီသိုလှောင်ကန်၏ အသေးစိတ်ပုံ Detail Drawing A3 Size (မူရင်း)။
(၁၀) လျှောက်ထားသူကိုယ်တိုင် သို့မဟုတ် ကုမ္ပဏီ ပုံစံ (၂၆)တွင် ပါရှိသည့် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးမှ ညွှန်ကြားရေးမှူးချုပ်ရှေ့တွင် ကိုယ်တိုင်ကတိခံဝန်ချက်။
(၁၁) ကုမ္ပဏီအနေဖြင့်လျှောက်ပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ထုတ်ပေးထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ပုံစံ (၂၆)။
မေးလေ့ရှိသောမေးခွန်းများ
Fully online Licensing System စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်း (ခွင့်ပြုအမယ် (၄၃) မျိုး)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန / April 09, 2018
အကောက်ခွန်သက်သာခွင့်ခံစားခွင့်ရှိသော CO FORM ပုံစံများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန / September 30, 2021
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း(ထသက) နှင့် စီးပွာရေးအကျိုးဆောင်မှတ်ပုံတင်ခြင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန / April 09, 2018
