ပြည်ပနိုင်ငံတွင် သေဆုံး/ဒဏ်ရာရရှိသူများအတွက် လျော်ကြေးရရှိရေး ဆောင်ရွက်ပေးခြင်း

ပြည်ပနိုင်ငံတွင် သေဆုံး/ဒဏ်ရာရရှိသူများအတွက် လျော်ကြေးရရှိရေး ဆောင်ရွက်ပေးခြင်း


နိုင်ငံခြားရေးဝန်ကြီးဌာန / June 27, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

သေဆုံး/ဒဏ်ရာရရှိသူများမှ အမွေဆက်ခံမည့်သူအဖြစ် အသက်အာမခံကြေး ပေးသွင်းရာတွင် ဖြည့်သွင်းသောသူ သို့မဟုတ် အိမ်ထောင်စုစာရင်းတွင် ပါ၀င်သော ကျန်ရစ်သူ မိသားစု၀င်များသာလျှင် လျော်ကြေးဆက်ခံခွင့်ရှိပါသည်။

ဝန်ဆောင်ခ

အခမဲ့

လိုအပ်သောစာရွက်စာတမ်းများ

အောက်ဖော်ပြပါစာရွက်စာတမ်းများအား နိုတြီပြုလုပ်လာရပါမည်−

(က) အိမ်ထောင်စု စာရင်း၊

(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား (သေဆုံးသူ၊ ဆက်ခံသူ)၊

(ဂ) ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ (သေဆုံးသူ၊ ဆက်ခံသူ)၊

(ဃ) အိမ်ထောင်သည်(သို့မဟုတ်) အပျို/ လူပျို ဖြစ်ကြောင်း ထောက်ခံစာအမွေ ဆက်ခံသူမှ မြန်မာသံရုံးသို့ လွှဲအပ်ကြောင်း၊

(င) ကိုယ်စားလှယ်လွှဲစာ ပြည်ပနိုင်ငံ အလုပ်သမားလျော်ကြေးဥပဒေနှင့်အညီသာ လျော်ကြေးငွေများတောင်းခံမည်ဖြစ်ကြောင်း ကျမ်းကျိန်လွှာ

လျှောက်ထားရန်အဆင့်များ

အဆင့်(၁)

ပြည်ပနိုင်ငံဘက်မှ လျော်ကြေးငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း အကြောင်းကြားလာပါက ကျန်ရစ်သူ မိသားစု၀င်များထံ စာတိုက်မှသော်လည်းကောင်း ဖုန်းဖြင့် လည်းကောင်း အကြောင်းကြား၍ အထက်ဖော်ပြပါ အထောက်အထားများနှင့်အတူ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (သို့) ဧရာ၀တီဘဏ် (သို့) ကမ္ဘောဇဘဏ် တွင် ဖွင့်လှစ်ထားသည့်ဘဏ်စာရင်းအမှတ် (မိတ္တူ) တို့ကို ဆက်သွယ် တောင်းခံပေးပါသည်။

အဆင့်(၂)

လျော်ကြေးငွေ ဆက်ခံရရှိမည့်သူမှ အထက်ဖော်ပြပါ အထောက်အထားများနှင့် ဖြည့်စွက်ပြီး Form H၊ Letter of Authorization နှင့် Sworn Statement တို့ကို ပေးပို့လာပါက မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှတစ်ဆင့် ပြည်ပနိုင်ငံရှိ အလုပ်သမား၀န်ကြီးဌာနသို့ ပေးပို့၍ လျှော်ကြေးငွေရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါသည်။

အဆင့်(၃)

ပြည်ပရှိ အလုပ်သမား၀န်ကြီးဌာနမှ လျော်ကြေးငွေများအား ဆက်ခံမည့် မိသားစု၀င်များ၏ ဘဏ်စာရင်းသို့တိုက်ရိုက်လွှဲပြောင်း ပေးပို့ပေးပါသည်။

အဆင့်(၄)

လျော်ကြေးငွေဆက်ခံရရှိပါက လက်ခံရရှိကြောင်း အထောက်အထားများနှင့်အတူ နိုင်ငံခြားရေး၀န်ကြီးဌာန(နေပြည်တော်) သို့ လာရောက်တင်ပြရပါမည်။

ဆက်သွယ်ရမည့်လိပ်စာ

နိုင်ငံခြားရေး၀န်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နိုင်ငံခြားရေး၀န်ကြီးဌာန၊ နေပြည်တော်။

Website လိပ်စာ

www.mofa.gov.mm



ဝန်ဆောင်မှု (အွန်လိုင်း) - ၀ ခု

အချက်အလက်များ မရှိသေးပါ

HOT NEWS
January 4,