ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုများအား MY CITY App မှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်း

ဝန်ဆောင်မှု (အော့ဖ်လိုင်း) - ၉၄ ခု ဆက်လက်ကြည့်ရှုရန်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ဆောင်မှုများအား MY CITY App မှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်း


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / October 08, 2020

MY CITY APP Application အား ဖုန်းထဲသို့ ထည့်ထားရုံဖြင့် ရန်ကုန်မြို့တော်စည်ပင်၏ ဝန်ဆောင်မှုများကို အလွယ်တကူ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါသည်။ လက်ရှိ MY CITY APP တွင်အသုံးပြုနိုင်မည့် ရန်ကုန်မြို့တော်စည်ပင်၏ ဝန်ဆောင်မှုအမျိုးအစားများမှာ -

() စက်မှုဇုန်အမှိုက်သိမ်း ဝန်ဆောင်မှု

() ဆေးရုံအမှိုက်သိမ်း ဝန်ဆောင်မှု

() ရေပုပ်စုပ်ယာဉ် ဝန်ဆောင်မှု

() ပါမစ်ဝန်ဆောင်ခ (YBPS)

() ရေခွင့်ပြုမိန့် ဝန်ဆောင်ခ (Water Connection) တို့ ဖြစ်ပါသည်။

 

ဝန်ဆောင်ခ ပေးချေရမည့်ပုံစံနှင့် နည်းလမ်းများကိုလည်း မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပြုလုပ်ထားရှိပါသည်။

ရယူလိုက်သောဝန်ဆောင်မှုအား Service Fee ပြန်လည်ပေးချေရန်အတွက် MY CITY APP ရှိ CITY PAY WALLET မှတစ်ဆင့် လွယ်ကူစွာ ပေးချေနိုင်မည်ဖြစ်ပါသည်။ ကျသင့်ငွေပေးချေနိုင်ရန်အတွက် CITY PAY WALLET အား ငွေဖြည့်ရန် လိုအပ်ပါသည်။ လက်ရှိတွင် ရန်ကုန်မြို့တော်ဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများ၊ Sai Sai PayCB Pay နှင့် OK$ တို့မှတစ်ဆင့် CITY PAY WALLET ထဲသို့ငွေဖြည့်ပြီး ကျသင့်ငွေ ပေးချေခြင်းများအပြင် CITY PAY WALLET အချင်းချင်း ငွေလွှဲခြင်းများကိုပါ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ‍‍‍‍‍‍


MY CITY APP ကို အောက်ပါလင့်များမှတစ်ဆင့် Download ရယူနိုင်ပါသည်-

GooglePlaystore Link - https://play.google.com/store/apps/details?id=ycdc.gov.mm

App Store Link - https://apps.apple.com/us/app/id1527520240

 



မေးလေ့ရှိသောမေးခွန်းများ

HOT NEWS
January 4,