ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ၊ စီမံရေးရာဌာနမှ ပြည်သူသို့ပေးနေသော ဝန်ဆောင်မှုများ


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ / October 29, 2021

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန အနေဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသော လိုင်စင်(၇)မျိုးရှိပြီး ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် −

  • အစားအသောက်လိုင်စင်
  • လုပ်ငန်းလိုင်စင်
  • တည်းခိုခန်းလိုင်စင်
  • ဘော်ဒါဆောင်လိုင်စင်
  • ကိုယ်ပိုင်စျေးလိုင်စင်
  • ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်

အစားအသောက်လိုင်စင် (အသစ်)လျှောက်ထားခြင်း (အစားအသောက်များတည်ခင်းရောင်းချခြင်း)

လိုအပ်သောအထောက်အထားများ (နိုင်ငံသား)

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ မှတ်ပုံတင်မိတ္တူ/ဓါတ်ပုံ(၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များ
  • အရက်/ဘီယာ တွဲဖက်ရောင်းချပါက ယစ်မျိုးလိုင်စင်
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှ ခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

အစားအသောက်လိုင်စင် (အသစ်)လျှောက်ထားခြင်း(အစားအသောက်များတည်ခင်းရောင်းချခြင်း)

လိုအပ်သောအထောက်အထားများ (နိုင်ငံခြားသား)

၁။Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • သက်တမ်းရှိ ပတ်စ်ပို့၊သက်တမ်းရှိဗီဇာမိတ္တူနှင့် လိုင်စင်ဓါတ်ပုံ(၁)ပုံ
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ အစုရှယ်ယာစာရင်း၊ ဒါရိုက်တာအဖွဲ့ စာရင်း၊
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် များ
  • အရက်/ဘီယာ တွဲဖက်ရောင်းချပါက ယစ်မျိုးလိုင်စင်
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှ ခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

အစားအသောက်လုပ်ငန်းလိုင်စင်သက်တမ်းတိုး ဆောင်ရွက်ခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ(၁)ပုံ
  • ယခင်နှစ်ခွင့်ပြုခဲ့သည့် လိုင်စင်ကတ်ပြားမိတ္တူ
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်းအထောက်အထား
  • လိုအပ်ပါက အနီးစပ်ဆုံးပတ်၀န်းကျင်(၁၀)ဦး ထောက်ခံချက် ထပ်မံတင်ပြရမည် ဖြစ်ပါသည်။
  • နိုင်ငံခြားသားဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ အစုရှယ်ယာစာရင်း၊ ဒါရိုက်တာ အဖွဲ့စာရင်း၊ သက်တမ်းရှိ ပတ်စ်ပို့မိတ္တူ

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ယင်းရက်မှ(၁)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။

၅။ တိုင်စာနှင့်ကန့်ကွက်ချက်ရှိသော လုပ်ငန်းများအတွက် သီးခြားစိစစ်၍ ဌာနက ခွင့်ပြုမှသာ သက်တမ်းတိုးမြှင့်ပေးမည်ဖြစ်ပါသည်။

လုပ်ငန်းလိုင်စင်(အသစ်)လျှောက်ထားခြင်း(ထုတ်လုပ်ခြင်း၊ရောင်းချခြင်း၊ တည်ခင်းခြင်း၊ ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ဝန်ဆောင်မှု၊အကျိုးဆောင်လုပ်ငန်းများနှင့်စက်ရုံ/အလုပ်ရုံများ)

လိုအပ်သောအထောက်အထားများ(နိုင်ငံသား)

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမာန်အားဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာရှေ့နောက် အနီးစပ်ဆုံးပတ်၀န်းကျင် (၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • အစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းဖြစ်ပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်
  • စက်ရုံ/အလုပ်ရုံများဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုချက်
  • လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်သော၀န်ကြီးဌာန၏ ခွင့်ပြုမိန့် (လုပ်ငန်းအလိုက် လိုအပ်သည့်သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုမိန့်များအား အထွေထွေခေါင်းစဉ်အောက်တွင် ဖော်ပြထားပါသည်။)

ဆောင်ရွက်မှု

၂။ OnlineApplication လက်ခံရရှိပါကသက်ဆိုင်ရာ ခရိုင်/မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံ တင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်းတောင်းခံပါမည်။

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ယင်းရက်မှ(၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်းအကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

လုပ်ငန်းလိုင်စင်(အသစ်)လျှောက်ထားခြင်း

(ထုတ်လုပ်ခြင်း၊ရောင်းချခြင်း၊ တည်ခင်းခြင်း၊ ဖြန့်ဖြူးခြင်း၊သိုလှောင်ခြင်း၊ဝန်ဆောင်မှု၊အကျိုးဆောင်လုပ်ငန်းများနှင့်စက်ရုံ/အလုပ်ရုံများ)

လိုအပ်သောအထောက်အထားများ(နိုင်ငံခြားသား)

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမာန်အားဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • သက်တမ်းရှိ ပတ်စ်ပို့၊ သက်တမ်းရှိဗီဇာမိတ္တူနှင့် ဓါတ်ပုံ(၁)ပုံ
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ အစုရှယ်ယာစာရင်း၊ ဒါရိုက်တာအဖွဲ့ စာရင်း၊
  • MIC ခွင့်ပြုချက်(ဝန်ဆောင်မှု/အကျိုးဆောင်လုပ်ငန်းများမပါ)
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • စက်ရုံ/အလုပ်ရုံများဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • အစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းဖြစ်ပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်
  • လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်သော၀န်ကြီးဌာန၏ ခွင့်ပြုမိန့် (လုပ်ငန်းအလိုက် လိုအပ်သည့်သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုမိန့်များအား အထွေထွေခေါင်းစဉ်အောက်တွင် ဖော်ပြထားပါသည်။)

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ယင်းရက်မှ(၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်းအကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

စက်မှုဇုံနယ်မြေအတွင်းတွင်လိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ(နိုင်ငံသား/နိုင်ငံခြားသား)

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမန်အားဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ နိုင်ငံခြားသားဖြစ်ပါက Passport/ Visa မိတ္တူနှင့် ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • စက်မှုဇုန်ထောက်ခံချက်၊
  • စည်ပင်သာယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်​ရှင်းရေးဌာန၏ ထောက်ခံချက်၊
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • စက်ရုံ/အလုပ်ရုံများဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • အစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းဖြစ်ပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ အစုရှယ်ယာစာရင်း၊ ဒါရိုက်တာအဖွဲ့စာရင်း၊
  • လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်သော၀န်ကြီးဌာန၏ ခွင့်ပြုမိန့် (လုပ်ငန်း အလိုက်လိုအပ်သည့်သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုမိန့်များအား အထွေထွေခေါင်းစဉ် အောက်တွင် ဖော်ပြထားပါသည်။)

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၂/၃)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

MIC လုပ်ငန်းများ လိုင်စင်လျှောက်ထားခြင်း(နိုင်ငံသား/နိုင်ငံခြားသား)

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမန်အားဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ နိုင်ငံခြားသားဖြစ်ပါက သက်တမ်းရှိ ပတ်စ်ပို့/ ဗီဇာမိတ္တူနှင့် ဓါတ်ပုံ(၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံးပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • စက်မှုဇုန်နှင့် စည်ပင်သာယာပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့် သန့်ရှင်းရေးဌာန၏ ထောက်ခံချက်
  • MIC ခွင့်ပြုချက်
  • စက်ရုံ/အလုပ်ရုံများဖြစ်ပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ခွင့်ပြုချက်
  • အစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းဖြစ်ပါက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန (FDA)၏ ခွင့်ပြုချက်
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ အစုရှယ်ယာစာရင်း၊ ဒါရိုက်တာအဖွဲ့ စာရင်း၊
  • လုပ်ငန်းအမျိုးအစားအလိုက်သက်ဆိုင်သော၀န်ကြီးဌာန၏ ခွင့်ပြုမိန့် (လုပ်ငန်းအလိုက် လိုအပ်သည့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုမိန့်များအား အထွေထွေခေါင်းစဉ် အောက်တွင် ဖော်ပြထားပါသည်။)

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍(၃)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ကားအရောင်းပြခန်းလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်မလျှောက်ထားမီ လုပ်ငန်းရှင်အနေဖြင့် မြို့နယ်ထွေ/အုပ်၊ခရိုင်ထွေ/အုပ်မှ တဆင့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြလျှောက်ထား၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိမှသာ အောက်ဖော်ပြပါအချက်များ၊ အထောက်အထား များအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ မော်တော်ယာဉ် တင်သွင်း ရောင်းချခွင့်ပြုလတ်မှတ်(ရရှိပြီးဖြစ်ပါက)
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊အစုရှယ်ယာဝင်စာရင်း၊ ဒါရိုက်တာအဖွဲ့စာရင်း

ဆောင်ရွက်မှု

၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့လည်း တပြိုင်တည်း လျှောက်ထားရမည်။

၃။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာ ရရှိသည့်အခါ ကော်မတီ စိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မည်ဖြစ်ပါသည်။ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၄။ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအရ လိုအပ်ချက်များ ပြည့်စုံမှုရှိပါက တိုင်း​ဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်တင်ပြမည်ဖြစ်ပါသည်။ တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

၅။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဌာနမှ(၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လုပ်ငန်း လိုင်စင်ခွင့်ပြုချက် ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင် ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည် ဖြစ်ပါသည်။

အပန်းဖြေအိမ်တွင်းကစားနည်းခန်းမ(ကလေးကစားကွင်း) လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်မလျှောက်ထားမီ လုပ်ငန်းရှင်အနေဖြင့် မြို့နယ်ထွေ/အုပ်၊ ခရိုင်ထွေ/အုပ်မှ တဆင့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြလျှောက်ထား၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိမှသာ အောက်ဖော်ပြပါအချက်များ၊ အထောက်အထား များအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာ ထွေ/အုပ် ထောက်ခံချက်
  • သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • စက်ပစ္စည်းများအတွက်၊ သွင်းကုန်/ ထုတ်ကုန် ခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာန၏ ခွင့်ပြုချက် အထောက်အထားများ

ဆောင်ရွက်မှု

၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့လည်း တပြိုင်တည်း လျှောက်ထားရမည်။

၃။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာ ရရှိသည့်အခါ ကော်မတီ စိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်။ ကွင်းဆင်းစစ်ဆေးမည့် ရက်အား အကြောင်းကြားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၄။ ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအရ လိုအပ်ချက်များ ပြည့်စုံမှုရှိပါက တိုင်း​ဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်တင်ပြမည်ဖြစ်ပါသည်။ တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ လုပ်ငန်း လိုင်စင်ထုတ်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။

၅။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဌာနမှ(၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လုပ်ငန်းလိုင်စင် ခွင့်ပြုချက်ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ် လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။

စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

၁။ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းလိုင်စင်လျှောက်ထားပါက အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရန် လိုအပ်ပါသည်−

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်ထွေ/အုပ် ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စက်သုံးဆီအရောင်းဆိုင်ခွင့်ပြုခြင်း အကြောင်းကြားစာ
  • သတ္ထုတွင်း၀န်ကြီးဌာန၏ စက်သုံးဆီသိုလှောင်ကန် ခွင့်ပြုမိန့်
  • စွမ်းအင်၀န်ကြီးဌာန၏ စက်သုံးဆီရောင်းချခွင့်လိုင်စင်  
  • အင်ဂျင်နီယာဌာန(အဆောက်အအုံ)၏ ခွင့်ပြုချက်

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၃)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြု ကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြား ထုတ်ပေးမည်ဖြစ်ပါသည်။

ပုဂ္ဂလိကဆေးရုံလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် သာမန်အားဖြင့် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင် (၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်လက်မှတ်
  • ဆေးရုံနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ဆောင်မှု၊ သန့်ရှင်းရေးဝန်ဆောင်မှု၊ အမှိုက် စွန့်ပစ်မှုစနစ်၊ ရေဆိုးစွန့်ပစ်မှုစနစ်၊ လုံခြုံရေးထားရှိမှု အခြေအနေတို့ပါဝင်သည့် စီစဉ် ဆောင်ရွက်ထားမှု အစီရင်ခံစာ

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှ တဆင့် ဌာနသို့တင်ပြ၍ (၃)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ကိုယ်ပိုင်ကျောင်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • ပညာရေးဝန်ကြီးဌာန၏ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်၊
  • သင်ကြားမည့် ဆရာ/ဆရာမများအတွက် သက်ဆိုင်သည့် အထောက်အထား

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍(၃)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

မူကြိုကျောင်းလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား(ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုချက်

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ဘာသာရပ်ဆိုင်ရာ သင်တန်းများ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း(အခြေခံပညာရေးဆိုင်ရာ ဘာသာရပ်များအတွက်)

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင် (၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး၏ထောက်ခံချက်(သို့မဟုတ်) ပညာရေးဝန်ကြီးဌာနမှ ခွင့်ပြုထားသည့် ဘာသာရပ်သင်လက်မှတ်

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ဘာသာစကားနှင့်လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများအတွက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • ကုမ္ပဏီဖြစ်ပါက မှတ်ပုံတင်လက်မှတ်၊ အစုရှယ်ယာဝင်စာရင်း၊ ဒါရိုက်တာအဖွဲ့စာရင်း၊ သက်တမ်းရှိပတ်စ်ပို့/ဗီဇာမိတ္တူ

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ဆံပင်ညှပ်နှင့်မျက်နှာအလှပြုပြင်ရေးလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

မှတ်ချက်။ လုပ်ငန်းဆောင်ရွက်မည့်နေရာအား သီးသန့်အခန်းများဖွဲ့၍ ဆောင်ရွက်ခြင်းအား ခွင့်မပြုပါကြောင်းနှင့် မျက်နှာနှင့်ကိုယ်ခန္ဓာများ ခွဲစိတ်ပြုပြင်ခြင်း၊ နင်းနှိပ်ခြင်း၊ ရေချိုးခန်းဖွင့်လှစ်ခြင်း စသည့် လုပ်ငန်းများမပြုလုပ်ပါကြောင်း လုပ်ငန်းရှင်၏ ခံဝန်ချက်တင်ပြရန် လိုအပ်ပါသည်။

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ကျန်းမာရေးခြေထောက်ဆေးစိမ်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

၁။ Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံးပတ်၀န်း ကျင် (၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

မှတ်ချက်။ လုပ်ငန်းဆောင်ရွက်မည့် နေရာအား သီးသန့်အခန်းများဖွဲ့၍ ဆောင်ရွက်ခြင်းအား ခွင့်မပြုပါကြောင်းနှင့် ကျန်းမာရေးအတွက် ခြေထောက်ဆေးစိမ်ခြင်းမှအပ ကျန်လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုပါကြောင်း လုပ်ငန်းရှင်၏ခံဝန်ချက်တင်ပြ ရန် လိုအပ်ပါသည်။

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း(ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

မျက်မမြင်အကြောပြင်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • လုပ်ငန်းဆောင်ရွက်မည့်မျက်မမြင်ပုဂ္ဂိုလ်များအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အသိအမှတ်ပြု ကျောင်းများမှ သင်တန်းဆင်း လက်မှတ် (သို့) အဆိုပါ ဝန်ကြီးဌာနလက်အောက်ရှိ မျက်မမြင်ကျောင်းများမှ သင်တန်းဆင်းလက်မှတ်

မှတ်ချက်။ မျက်မမြင်ပုဂ္ဂိုလ်များအတွက်သာ အလုပ်အကိုင်ရရှိရေးအတွက် ရည်ရွယ်၍ ခွင့်ပြု ပေးခြင်း ဖြစ်ပါသည်။ မျက်မမြင်ပုဂ္ဂိုလ်များဖြင့်သာ လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ခံဝန်ချက်တင်ပြရန် လိုအပ်ပါသည်။

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။     ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။      ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ဖျော်ဖြေရေးကွင်းငှားရမ်းခြင်းလုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ် ထွေ/အုပ်ထောက်ခံချက်

မှတ်ချက်။ ဖျော်ဖြေရေးကွင်းတွင် လုပ်ငန်းဆောင်ရွက်သည့်အခါတိုင်း သက်ဆိုင်ရာ ထွေ/အုပ်၏ ခွင့်ပြုချက်ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။     ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။      ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

အကျိုးဆောင်လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူး၏ ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ် ထွေ/အုပ်ထောက်ခံချက်

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။     ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။      ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ထုတ်လုပ်ခြင်း(အစားအသောက်/လူသုံးကုန်/အလှကုန်/ဆေးဝါး)

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းလုပ်မည့်နေရာအတွက် လုပ်ကိုင်ခွင့်အထောက်အထား (ဥပမာ၊ ကိုယ်ပိုင်ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာန၏ ခွင့်ပြုချက်
  • အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ခွင့်ပြုချက် (FDA လက်မှတ်)
  • လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်သော၀န်ကြီးဌာန၏ ခွင့်ပြုမိန့် (လုပ်ငန်း အလိုက် လိုအပ်သည့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုမိန့်များအား အထွေထွေ ခေါင်းစဉ် အောက်တွင် ဖော်ပြထားပါသည်။)

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။     ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။      ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်သက်တမ်းတိုးလျှောက်ထားရာတွင် ပုံမှန်အားဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲ တင်ပြရ ပါမည်-

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • ယခင်နှစ်ခွင့်ပြုခဲ့သည့် လိုင်စင်ကတ်ပြားမိတ္တူ
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်းအထောက်အထား
  • လုပ်ငန်းအမျိုးအစားနှင့် သက်ဆိုင်သော၀န်ကြီးဌာန၏ သက်တမ်းရှိခွင့်ပြုမိန့်များ (လုပ်ငန်းအလိုက် လိုအပ်သည့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များအား အထွေထွေခေါင်းစဉ် အောက်တွင် ဖော်ပြထားပါသည်။)
  • နိုင်ငံခြားသားဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ အစုရှယ်ယာဝင် ဒါရိုက်တာအဖွဲ့ စာရင်း
  • သက်တမ်းရှိ ပတ်စ်ပို့/ဗီဇာမိတ္တူ
  • လိုအပ်ပါကလုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင် (၁၀)ဦး သဘောတူ/ကန့်ကွက်ရန် မရှိကြောင်းထောက်ခံချက်များ

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ ကွင်းဆင်းစစ်ဆေး၍ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက် မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

၅။ တိုင်စာနှင့်ကန့်ကွက်ချက်ရှိသော လုပ်ငန်းများအတွက် သီးခြားစိစစ်၍ ဌာနက ခွင့်ပြုမှသာ သက်တမ်းတိုးမြှင့်ပေးမည်ဖြစ်ပါသည်။

တည်ခိုခန်းလုပ်ငန်းလိုင်စင် (အသစ်)လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်မလျှောက်ထားမီ လုပ်ငန်းရှင်အနေဖြင့် မြို့နယ် ထွေ/အုပ်၊ ခရိုင်ထွေ/အုပ်မှတဆင့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုချက်ရရှိရေး တင်ပြလျှောက်ထား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြား စာရရှိမှသာ အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
  • မြို့နယ်ထွေ/အုပ်၏ ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

ဆောင်ရွက်မှု

၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားစဉ် ကာလအတွင်း လုပ်ငန်းရှင်အနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့လည်း တပြိုင်တည်း လျှောက်ထားရမည်။

၃။      တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန် အကြောင်းကြားစာရရှိသည့်အခါ ကော်မတီ စိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်။ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၄။      ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာအရ လိုအပ်ချက်များ ပြည့်စုံမှုရှိပါက တိုင်း​ဒေသကြီးအစိုးရ အဖွဲ့သို့ ပြန်လည်တင်ပြမည်ဖြစ်ပါသည်။ တိုင်း​ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ တည်းခိုခန်း လိုင်စင် ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါသည်။

၅။     သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဌာနမှ(၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လုပ်ငန်းလိုင်စင် ခွင့်ပြုချက်ရရှိမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

တည်းခိုခန်းလုပ်ငန်း လိုင်စင် များသက်တမ်းတိုး၊အခန်းတိုး/လျော့ဆောင်ရွက်ခြင်း

လိုအပ်သောအထောက်အထားများ

Online မှ တည်းခိုခန်းလုပ်ငန်းလိုင်စင် သက်တမ်းတိုးလျှောက်ထားရာတွင် လုပ်ငန်းရှင် အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • ယခင်နှစ်ခွင့်ပြုခဲ့သည့် လိုင်စင်ကတ်ပြားမိတ္တူ
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံ ချက်များ
  • သက်ဆိုင်ရာမြို့နယ်ထွေ/အုပ် ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်းအထောက်အထား

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည် ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက ဌာနသို့ အဆင့်ဆင့်တင်ပြ၍ (၂)ပတ် အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုး ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။ 

ဘော်ဒါဆောင်လုပ်ငန်းလိုင်စင်(အသစ်)လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါအချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းတည်နေရာအတွက်လုပ်ကိုင်ဆောင်ရွက်ခွင့် အထောက်အထား (ဥပမာ၊ ကိုယ်ပိုင် ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်များ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်
  • မြို့နယ်ထွေ/အုပ်၏ ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက် အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ဘော်ဒါဆောင်လုပ်ငန်း လိုင်စင်များ သက်တမ်းတိုး၊ ကုတင်အရေအတွက်တိုး/လျော့ဆောင်ရွက်ခြင်း

လိုအပ်သောအထောက်အထားများ

Online  မှ ဘော်ဒါဆောင်လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • ယခင်နှစ်ခွင့်ပြုခဲ့သည့် လိုင်စင်ကတ်ပြားမိတ္တူ
  • သက်ဆိုင်ရာမြို့နယ်ထွေ/အုပ် ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထောက်ခံချက်
  • သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးမှူး၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • လိုအပ်ပါက လုပ်ကိုင်မည့်လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင် (၁၀)ဦး သဘောတူ/ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်များ

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။ 

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၁)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။ 

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုး ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။ 

၅။ တိုင်စာနှင့်ကန့်ကွက်ချက်ရှိသော ဘော်ဒါဆောင်လုပ်ငန်းအတွက် သီးခြားစိစစ်၍ ဌာနက ခွင့်ပြု မှသာ သက်တမ်းတိုးမြှင့်ပေးမည် ဖြစ်ပါသည်။

ကိုယ်ပိုင်စျေးလိုင်စင် လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ၊ အထောက် အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • လုပ်ငန်းတည်နေရာအတွက်လုပ်ကိုင်ဆောင်ရွက်ခွင့် အထောက်အထား (ဥပမာ၊ ကိုယ်ပိုင် ဂရန်/ အရောင်းအဝယ်စာချုပ်/ အငှားစာချုပ်)
  • လုပ်ကိုင်မည့် လုပ်ငန်းကို ဝဲ/ယာ ရှေ့နောက် အနီးစပ်ဆုံး ပတ်၀န်းကျင်(၁၀)ဦး သဘောတူ/ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက်များ
  • ကိုယ်ပိုင်စျေးဧရိယာအကျယ်အဝန်းနှင့် အထပ်အရေအတွက် ဖော်ပြသည့် အထောက် အထား (ကားပါကင်ရှိပါက အထပ်နှင့်အကျယ်အဝန်း)
  • သက်ဆိုင်ရာမြို့နယ်မီးသတ်/လျှပ်စစ်၏ ထောက်ခံချက်
  • စည်ပင်သာယာကျန်းမာရေးဌာန၏ ထောက်ခံချက်
  • အဆောက်အဦအတွက် ဆောက်လုပ်ခွင့်/ပြင်ဆင်ခွင့်ပြုမိန့်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား
  • မှတ်ချက်။ (မီးဘေး/ လုံခြုံရေး/ သန့်ရှင်းရေး) ဆောင်ရွက်မည့် အစီအစဉ်ရေးဆွဲထားရှိရမည်။

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၃)ပတ် အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။

ကိုယ်ပိုင်စျေးလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ခြင်း 

လိုအပ်သောအထောက်အထားများ

Online မှ ကိုယ်ပိုင်စျေးလိုင်စင်သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
  • ယခင်နှစ်ခွင့်ပြုခဲ့သည့် လိုင်စင်ကတ်ပြားမိတ္တူ
  • သက်ဆိုင်ရာမြို့နယ်မီးသတ်/လျှပ်စစ်၏ ထောက်ခံချက်
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်းအထောက်အထား
မှတ်ချက်။ (မီးဘေး/ လုံခြုံရေး/ သန့်ရှင်းရေး) ဆောင်ရွက်မည့် အစီအစဉ်ရေးဆွဲထားရှိရမည်။

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက မြို့နယ်/ခရိုင်မှတဆင့် ဌာနသို့တင်ပြ၍ (၃)ပတ် အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၄။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။

ယာဉ်ဖြင့်လှည့်လည် ရောင်းချခွင့် လိုင်စင် လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော် ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • အသုံးပြုမည့် ယာဉ်၏"င" လိုင်စင်၊ လိုင်စင်စာအုပ်
  • အသုံးပြုမည့် ယာဉ်၏ဓါတ်ပုံ (၃)ပုံ (ရှေ့/ နောက်/ ဘေး)
  • အောက်ပါ အချက်များကို သိရှိလိုက်နာပါမည်ဟူသော ခံ၀န်ချက်လက်မှတ်ရေးထိုး ထားသည့် တင်ပြစာ

(၁) မြို့တွင်း(၆)မြို့နယ် (လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်)တွင် ရောင်းချခြင်းမပြုရန်

(၂) လမ်းဆုံလမ်းခွတွင် ပိတ်ဆို့ရောင်းချခြင်းမပြုရန်

(၃) လမ်းသွယ်များတွင် သတ်မှတ်ယာဉ်ကြောအတိုင်း လမ်းဘေးတွင် လည်းကောင်း၊ အခြားမော်တော်ယာဉ်၊ အနှေးယာဉ်များအား ပိတ်ဆို့မှု အနှောင့်အယှက် မဖြစ် စေရန် လည်းကောင်း ရပ်နားရောင်းချရန်

(၄) တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ရပ်နားရောင်းချခြင်း မပြုရန်

  • သန်းခေါင်စာရင်းမိတ္တူ
  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပြီး အချက်အလက်ပြည့်စုံ၍ လိုအပ်ချက်မရှိပါက မြို့နယ်မှခရိုင်သို့တင်ပြ၍ (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြား ပါမည်။

၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

ယာဉ်ဖြင့်လှည့်လည် ရောင်းချခွင့်လိုင်စင် သက်တမ်းတိုးဆောင်ရွက်ခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော် ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

  • လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ/ဓါတ်ပုံ (၁)ပုံ
  • အသုံးပြုမည့် ယာဉ်၏"င" လိုင်စင်၊ လိုင်စင်စာအုပ်
  • အသုံးပြုမည့် ယာဉ်၏ဓါတ်ပုံ (၃)ပုံ (ရှေ့/ နောက်/ ဘေး)
  • အောက်ပါ အချက်များကို သိရှိလိုက်နာပါမည်ဟူသော ခံ၀န်ချက်လက်မှတ်ရေးထိုး ထားသည့် တင်ပြစာ

(၁) မြို့တွင်း(၆)မြို့နယ် (လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်)တွင် ရောင်းချခြင်းမပြုရန်

(၂) လမ်းဆုံလမ်းခွတွင် ပိတ်ဆို့ရောင်းချခြင်းမပြုရန်

(၃) လမ်းသွယ်များတွင် သတ်မှတ်ယာဉ်ကြောအတိုင်း လမ်းဘေးတွင် လည်းကောင်း၊ အခြားမော်တော်ယာဉ်၊ အနှေးယာဉ်များအား ပိတ်ဆို့မှု အနှောင့်အယှက် မဖြစ် စေရန် လည်းကောင်း ရပ်နားရောင်းချရန်

(၄) တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ရပ်နားရောင်းချခြင်း မပြုရန်

  • အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား

ဆောင်ရွက်မှု

၂။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၁)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားမည်။

၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်သက်တမ်းတိုး ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။ 

ယာယီဇာတ်ရုံလိုင်စင် လျှောက်ထားခြင်း

လိုအပ်သောအထောက်အထားများ

Online မှ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းရှင်အနေဖြင့် အောက်ဖော်ပြပါ အချက်များ၊ အထောက်အထားများအား ပူးတွဲတင်ပြရပါမည်-

သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ (သို့) ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုမိန့်

အခြားအထောက်အထားစာရွက်စာတမ်းများအား လိုအပ်ပါက ထပ်မံတင်ပြရမည် ဖြစ်ပါသည်။

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၁)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) ခွင့်ပြုကြောင်း အကြောင်းပြန်ကြားမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက ခွင့်ပြုမိန့် ထုတ်ပေးမည် ဖြစ်ပါသည်။

လုပ်ငန်းရှင်အမည်ပြောင်း လျှောက်ထားခြင်း (လိုင်စင်အမျိုးအစားအားလုံး)

လိုအပ်သောအထောက်အထားများ

Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-

  • ယခင်လုပ်ငန်းရှင်နှင့် ယခုပြောင်းလဲမည့် လုပ်ငန်းရှင်၏ မှတ်ပုံတင်မိတ္တူ
  • ယခင်လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ
  • အမည်ပြောင်းလဲခြင်းအတွက် နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးသည့် စာချုပ်
  • ကုမ္ပဏီဖြစ်ပါက ယခင်ကုမ္ပဏီနှင့် ယခုပြောင်းလဲမည့် ကုမ္ပဏီ တို့၏ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်၊ အစုရှယ်ယာစာရင်း၊ ဒါရိုက်တာအဖွဲ့စာရင်း
  • ကုမ္ပဏီဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း

ဆောင်ရွက်မှု

၂။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။

၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင် ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

မှတ်ချက်။ အမည်ပြောင်းမည့်သူ နှစ်ဦးမှ သဘောတူညီကြောင်း ခံဝန်ချက်အား မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး၏ ရှေ့တွင်လက်မှတ်ရေးထိုးရမည်။

လုပ်ငန်းအမည်ပြောင်းလျှောက်ထားခြင်း (လိုင်စင်အမျိုးအစားအားလုံး)

လိုအပ်သောအထောက်အထားများ

Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-

  • လုပ်ငန်းရှင်၏မှတ်ပုံတင်မိတ္တူ
  • ယခင်နှစ်လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ
  • အခြားသက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ
  • ကုမ္ပဏီဖြစ်ပါက ယခင်ကုမ္ပဏီနှင့် ယခုပြောင်းလဲမည့် ကုမ္ပဏီတို့၏ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်၊ အစုရှယ်ယာစာရင်း၊ ဒါရိုက်တာအဖွဲ့စာရင်း
  • ကုမ္ပဏီဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
  • လိုအပ်ပါကပြောင်းလဲလိုသည့် လုပ်ငန်းအမည်နှင့်ပတ်သက်သည့် အထောက်အထား

ဆောင်ရွက်မှု

၂။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။

၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင် ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

လုပ်ငန်းအမျိုးအစားပြောင်းလျှောက်ထားခြင်း (လိုင်စင်အမျိုးအစားအားလုံး)

လိုအပ်သောအထောက်အထားများ

Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-

  • လုပ်ငန်းရှင်၏မှတ်ပုံတင်မိတ္တူ
  • ယခင်နှစ်လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ
  • ပြောင်းလဲလိုသည့် လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်သည့် အထောက်အထား
  • အခြားသက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ

ဆောင်ရွက်မှု

၂။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။

၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင် ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

မှတ်ချက်။ လုပ်ငန်းအမျိုးအစားပြောင်းရာတွင် မူလလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းသာ ပြောင်းလဲရမည်။ ထိုသို့မဟုတ်ပါက ယခင်လုပ်ငန်းကိုပိတ်၍ ယခုလုပ်ငန်းအား အသစ် လျှောက်ထားရမည်ဖြစ်ပါသည်။

လုပ်ငန်းလိပ်စာပြောင်းလျှောက်ထားခြင်း (လိုင်စင်အမျိုးအစားအားလုံး)

လိုအပ်သောအထောက်အထားများ

Online မှ အချက်အလက်ပြောင်း လိုင်စင်လျောက်ထားရာတွင် အောက်ပါအချက်အလက်များ ပါရှိရပါမည်-

  • လုပ်ငန်းရှင်၏မှတ်ပုံတင်မိတ္တူ
  • လိုင်စင်ကတ်ပြားမူရင်းနှင့်မိတ္တူ
  • ပြောင်းလဲလိုသည့် လုပ်ငန်းအမျိုးအစားနှင့်ပတ်သက်သည့် အထောက်အထား
  • အနီးစပ်ဆုံး ပတ်ဝန်းကျင် နေထိုင်သူ (၁၀)ဦး၏ ထောက်ခံချက်
  • လိပ်စာပြောင်းရွှေ့မည့်နေရာ၏ ပိုင်ဆိုင်မှု အထောက်အထား/အငှားစာချုပ်
  • အခြားသက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ဖြစ်ပါက သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များ

ဆောင်ရွက်မှု

၂။ Online Application လက်ခံရရှိပါက သက်ဆိုင်ရာ ခရိုင်/ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးရုံးမှ ကွင်းဆင်းစစ်ဆေးမည့်ရက်အား အကြောင်းကြားမည်ဖြစ်ပါသည်။ ယင်းသို့ ကွင်းဆင်း စစ်ဆေးစဉ် ထပ်မံတင်ပြရန် အထောက်အထားများ လိုအပ်ပါက တပြိုင်တည်း တောင်းခံပါမည်။

၃။ အချက်အလက်ပြည့်စုံပြီး လိုအပ်ချက်မရှိပါက (တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့် ကားအရောင်းပြခန်း၊ အပန်းဖြေအိမ်တွင်းကစားနည်းခန်းမ၊ တည်းခိုခန်းလုပ်ငန်းများမှ လွဲ၍)  ကျန်လုပ်ငန်းများအား (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြား ပါမည်။

၄။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လျှောက်ထားခွင့်ပြုချက်ရရှိပြီးမှသာ လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။ (ဥပမာ-ကားအရောင်းပြခန်း၊ တည်းခိုခန်း၊ ကလေးကစားကွင်း)

၅။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ငွေပေးသွင်းပြီးပါက လိုင်စင် ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

လိုင်စင်ပျောက်ဆုံး/ ပျက်စီးသဖြင့် မိတ္တူ လျှောက်ထားခြင်း (လိုင်စင်အမျိုးအစားအားလုံး)

လိုအပ်သောအထောက်အထားများ

Online မှလိုင်စင်ပျောက်ဆုံး/ပျက်စီးသဖြင့် မိတ္တူလျှောက်ထားပါက အောက်ပါအချက်များ ပါရှိရမည်-

  • လုပ်ငန်းရှင်မှတ်ပုံတင်ကတ်မိတ္တူ
  • သက်ဆိုင်ရာရဲတပ်ဖွဲ့၏ ပျောက်ဆုံး/ပျက်စီးကြောင်း ထောက်ခံချက်
  • လုပ်ငန်းရှင်၏ လိုင်စင်ဓာတ်ပုံ(၁)ပုံ
  • ယခင်ခွင့်ပြုထားသည့် လိုင်စင်မိတ္တူ (ရှိပါက)

ဆောင်ရွက်မှု

၂။ အချက်အလက်ပြည့်စုံမှန်ကန်၍ လိုအပ်ချက်မရှိပါက (၂)ပတ်အတွင်း (ရုံးပိတ်ရက်မပါ) လိုင်စင် ခွင့်ပြုကြောင်း အကြောင်းကြားပါမည်။

၃။ ခွင့်ပြုချက်ရရှိ၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် သတ်မှတ်လိုင်စင်ကြေးငွေကို ပေးသွင်းပြီးပါက လိုင်စင်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။

လိုင်စင်ပိတ်သိမ်းခြင်း(လိုင်စင်အမျိုးအစားအားလုံး)

လိုအပ်သောအထောက်အထားများ

Online မှ လိုင်စင်ပိတ်သိမ်းကြောင်း လျှောက်ထားလာပါက ​အောက်ပါအချက်များပါရှိရပါမည်-

  • လုပ်ငန်းရှင်မှတ်ပုံတင်ကတ်မိတ္တူ
  • ခွင့်ပြုထားသည့်လိုင်စင်ကတ်ပြားမူရင်း (သို့)နောက်ဆုံးပေးဆောင်ခဲ့သည့်ပြေစာမိတ္တူ

အထွေထွေ(လုပ်ငန်းအလိုက်လိုအပ်သည့်သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်)

လိုင်စင်များလျှောက်ထားရာတွင် အချို့သောလုပ်ငန်းအမျိုးအစားများအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ခွင့်ပြုလိုင်စင်/ ထောက်ခံချက်များ လိုအပ်ပါသည်-

(ဥပမာအားဖြင့် အောက်ပါအတိုင်း ယှဉ်တွဲ ဖော်ပြပါသည်)−

စဉ် လုပ်ငန်းအမျိုးအစား

လိုအပ်သည့်ခွင့်ပြုလိုင်စင်ထောက်ခံချက်

၁။ ဆေးရုံ/ဆေးခန်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ခွင့်ပြုချက်

၂။ အင်တာနက်လုပ်ငန်း

ပုဂ္ဂလိကကျန်းမာရေးလိုင်စင်

၃။ မွေးမြူရေးနှင့် အအေးခန်း လုပ်ငန်းများ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ခွင့်ပြုချက်

၄။ စားသောက်ဆိုင် (အရက်၊ဘီယာတွဲရောင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ခွင့်ပြုချက် (ယစ်မျိုးလိုင်စင်)
၅။ အရက်ပုလင်းသွင်း လုပ်ငန်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ခွင့်ပြုချက်(D.1.A) လိုင်စင်
၆။ အရက်ချက်စက်ရုံများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက်
၇။ အစားအသောက်ထုတ်လုပ်ခြင်းနှင့်ထုတ်ပိုး ခြင်း လုပ်ငန်းများ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်လက်မှတ် (FDA)
၈။ လူသုံးကုန်၊အလှကုန် နှင့်ဆေးဝါးထုတ်လုပ် ခြင်း/ဖြန့်ဖြူးခြင်း လုပ်ငန်းများ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် လက်မှတ် (FDA)
၉။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခြင်း တိုင်းရင်းဆေးပညာဦးစီးဌာန၏ခွင့်ပြုချက်
၁၀။ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်
၁၁။ ဆပ်ပြာအမျိုးမျိုး ထုတ်လုပ်ခြင်း စက်မှုဝန်ကြီးဌာန၏ခွင့်ပြုချက်
၁၂။ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း သံယဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ခွင့်ပြုချက်
၁၃။ မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်း စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်
၁၄။ စက်မှု/လက်မှု လုပ်ငန်းငယ်များ ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်
၁၅။ စက်ရုံ/အလုပ်ရုံများ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခွင့်ပြုချက်
၁၆။ သစ်အရောင်း/ သစ်ခွဲစက် သစ်ခွဲစက်လိုင်စင်နှင့် ခွင့်ပြုချက်
၁၇။ အိမ်တွင်းစက်မှုလက်မှု အိမ်တွင်းစက်မှုလက်မှု မှတ်ပုံတင်လက်မှတ်
၁၈။ ကိုယ်ပိုင်ကျောင်း ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် (ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်)
၁၉။ ကားအရောင်းပြခန်း စီးပွားရေးအကျိုးဆောင် မှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မော်တော်ယာဉ် အရောင်းပြခန်းဖွင့်လှစ်ခွင့်ပါမစ်မော်တော်ယာဉ် အရောင်းဌာန မှတ်ပုံတင်လက်မှတ် (ကညန)တိုင်းဒေသကြီး ခွင့်ပြုချက်
၂၀။ ဗီဒီယိုနှင့် KTV လုပ်ငန်းများ ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ ခွင့်ပြုချက်
၂၁။ မိတ္တူနှင့် ပုံနှိပ်လုပ်ငန်းများ ပြန်ကြားရေးဝန်ကြီးဌာန၏ခွင့်ပြုချက်
၂၂။ စက်သုံးဆီဆိုင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခွင့်လိုက်စင် (က/ခ)၊ စက်သုံးဆီကန်တည်ဆောက်ခွင့်၊ တိုင်းဒေသကြီးခွင့်ပြုချက်
၂၃။ နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်MIC ခွင့်ပြုမိန့်
၂၄။ ရွှေဆိုင်/ပန်းထိမ် လုပ်ငန်းများ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းဝင်လက်မှတ်
၂၅။ သင်္ဘောလွန်းကျင်းများ လွန်းကျင်းမြေနေရာချထားသည့်ခွင့်ပြုချက် (ထွေ/အုပ်) လွန်းကျင်းမြေနေရာချထားသည့်ခွင့်ပြုချက် (ရေအရင်းအမြစ်)
၂၆။ ကမ်းနားသဲ၊ကျောက် စုပုံလုပ်ငန်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်နှင့် မြေအသုံးချမှုခွင့်ပြုချက်

မှတ်ချက်။ Online ဖြင့် ဆောင်ရွက်၍ မရနိုင်သည့်အခါ လုပ်ငန်းလိုင်စင်များအား သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများတွင်လူကိုယ်တိုင်သွားရောက် လျှောက်ထား နိုင်ပါသည်။



မေးလေ့ရှိသောမေးခွန်းများ

ဝန်ဆောင်မှု (အွန်လိုင်း) - ၁၂၆ ခု ဆက်လက်ကြည့်ရှုရန်

‌လေယာဉ်လိုင်စင် online မှတစ်ဆင့်လျှောက်ထားခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / September 29, 2021

Rating

eVisa လျှောက်ထားခြင်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / November 03, 2021

Rating