အသုံးချ၀န်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / December 28, 2021

လိုင်စင်လျှောက်ထားရာတွင်တင်ပြရမည့်အချက်များ

လျှောက်ထားလိုသူများသည် အောက်ပါစာရွက်စာတမ်းများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ()၊ နေပြည်တော် သို့ လိပ်မူ၍ပေးပို့လျှောက်ထားနိုင်ပါသည်။

  • Company Letter Head ဖြင့် လျှောက်လွှာ
  • Registration Form for Application Service (AS) License
  • Attachment (1) Additional responses
  • Attachment (2) Company Registration Certificate
  • Attachment (3) Memorandum and Articles of Association
  • Attachment (4) Technical Plan
  • Attachment (5) Certificate of Paid up Capital ( သိန်း ၂၅၀ အထက်)

လိုင်စင်လျှောက်ထားမှုအတွက် ပေးသွင်းရမည့် အခကြေးငွေ

လျှောက်လွှာကြေး

-

ကျပ်(၂၅)သိန်း

ကနဦးလိုင်စင်ကြေး

-

ကျပ်သိန်း(၁၀၀)

နှစ်စဉ်ကြေး

-

သက်ဆိုင်သော ဝင်ငွေ၏(.%)(သို့မဟုတ်)ကျပ်သိန်း(၁၅)တို့အနက်မှ များရာကို ပေးဆောင်ရမည်။

ထပ်တိုးဝန်ဆောင်မှုအတွက် ပေးသွင်းရမည့်အခကြေးငွေ

-

ကျပ် (၁၂သိန်း၅သောင်း)



မေးလေ့ရှိသောမေးခွန်းများ