Border Trade Online System (BOTS)(နယ်စပ်ပို့ကုန် သွင်းကုန် လိုင်စင်စနစ်)


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

www.commerce.gov.mm တွင် လုပ်ထုံးလုပ်နည်း ဖော်ပြထားပါသည်။

ဝန်ဆောင်ခ

www.commerce.gov.mm တွင် လုပ်ထုံးလုပ်နည်း ဖော်ပြထားပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

www.commerce.gov.mm တွင် လုပ်ထုံးလုပ်နည်း ဖော်ပြထားပါသည်။

လျှောက်ထားရန်အဆင့်များ

အဆင့်-၁       

လိုင်စင်လျှောက်ထားရန်အတွက် လုပ်ငန်းဆောင်ရွက်သူ ကုမ္ပဏီကိုယ်စားလှယ်များမှ ယူဆောင်လာသော ပြည့်စုံသည့် စာရွက်စာတမ်း လျှောက်လွှာများအရ PIAC တွင် လိုင်စင် Data များ Entry ပြုလုပ်ပါသည်။ ၎င်းနောက် မှန်ကန်မှုရှိ/မရှိ စစ်ဆေးနိုင်ရန် အကြမ်း Print ထုတ်ပေးပါသည်။ လုပ်ငန်းဆောင်ရွက်သူ ကုမ္ပဏီကိုယ်စားလှယ်မှ စစ်ဆေးပြီး မှန်ကန်သည်ဆိုပါက PIAC မှ ပို့ကုန်/သွင်းကုန် လိုင်စင်ဌာနသို့ Online ဖြင့် Submit ပြုလုပ်ပေးပို့ပါသည်။

အဆင့်-၂      

PIAC မှ ပေးပို့လာသော လိုင်စင်အကြမ်း Form အား လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုသည့် ပစ္စည်းများမှအပ ကျန်ပစ္စည်းများအားလုံးအား သွင်းကုန်လိုင်စင်ကြေး ပေးသွင်းနိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်သို့ Online မှ ပေးပို့ပါသည်။

အဆင့်-၃      

မြန်မာ့စီးပွားရေးဘဏ်မှ သွင်းကုန်လိုင်စင်ကြေးငွေ လက်ခံပြီးပါက သွင်းကုန်လိုင်စင်ဌာန၏ Screen တွင် လိုင်စင် Data ၏ ဘေး၌ Paid ဟုပေါ်ပါမည်။

အဆင့်-၄      

သွင်းကုန်လိုင်စင်ကြေး ပေးသွင်းပြီးသော လိုင်စင်အကြမ်းအား အချက်အလက်များ မှန်/မမှန်ကို သက်ဆိုင်ရာ သွင်းကုန်လိုင်စင် တာဝန်ရှိသူများမှ စစ်ဆေးပြီး ၊ မှန်ကန်ပြည့်စုံပါက လိုင်စင်အချော Print ထုတ်ပေးပါသည်။

မှတ်ချက်      

သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုပစ္စည်းများသည် ဘဏ်သို့ ပို့ရန်မလိုဘဲ Section မှစစ်ဆေးပြီးပါက လိုင်စင်အချော ထုတ်ပေးပါသည်။

အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်ခြင်း

လိုင်စင်လျှောက်ထားပြီးလျှင် အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ED/ID Form များအား အကောက်ခွန်ဦးစီးဌာနသို့ သွားရောက်ရယူ၍ အကြမ်းဖြည့်သွင်းရမည် ဖြစ်ပါသည်။ အကောက်ခွန်ဌာနမှ အကြမ်းစစ်ဆေးပြီးသော Export/Import Declaration Form များအတိုင်း BOTS စနစ်သို့ Entry ပြုလုပ်ပေးပါသည်။ Entry ပြုလုပ်ပြီး Save ပြုလုပ်သည်နှင့် တစ်ပြိုင်နက် အကောက်ခွန်စနစ်အတွင်းသို့ ED/ID Data ရောက်ရှိပြီး ဖြစ်ပါသည်။

အကောက်ခွန်ဌာနမှ ED/ID Form များအား Check/Update ပြုလုပ်ခြင်း

အကောက်ခွန်ဌာနမှ ED/ID Form အား လိုအပ်သည်များစစ်ဆေးအတည်ပြုခြင်း၊ ဗဟိုဘဏ် နေ့စဉ်ငွေလဲနှုန်း ထည့်သွင်းခြင်းများပြုလုပ်၍ ယခု ED/ID လျှောက်ထားသည်အား လက်ခံသည့်အနေဖြင့် အကောက်ခွန်ဌာနမှ Check/Update ပြုလုပ်ပေးပါသည်။

မြန်မာ့စီးပွားရေးဘဏ်မှ PO လက်ခံခြင်း (သွင်းကုန်ပစ္စည်းများသာ)

အကောက်ခွန်မှ ID အားလိုအပ်သည်များ စစ်ဆေးအတည်ပြု၍ မှန်ကန်ပါက ပြုလုပ်ပြီး၊ PO တင်ပေးပါသည်။

အကောက်ခွန်ဦးစီးဌာနမှ Online ဖြင့် ပေးပို့လိုက်သော PO (Payment Order) အရ ပေးသွင်းရမည့် ငွေအား မြန်မာ့စီးပွားရေးဘဏ်မှ လက်ခံပါသည်။

ED/ID ပေါ်တွင် ကြိုတင်ဝင်ငွေခွန် (၂%) အား ပြည်တွင်းခွန်ဦးစီးဌာနသို့ ပေးဆောင်ခြင်း

ED/ID တန်ဖိုး၏ (၂%) အား နိုင်ငံတော်သို့ ပေးဆောင်ရမည်ဖြစ်၍ ပြည်တွင်းအခွန်ဦးစီးဌာနတွင် (၂%) ချလံအား BOTS စနစ်ဖြင့် ချလံဖြတ်ပါသည်။ ၎င်းနောက် ထိုချလံသည် မြန်မာ့စီးပွားရေးဘဏ်သို့ Online ဖြင့် ရောက်ရှိသွားမည်ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်မှ ၂% အခွန်ငွေ လက်ခံခြင်း

ပြည်တွင်းအခွန်ဦးစီးဌာနမှ ချလံဖြတ်ပေးလိုက်သည့် နိုင်ငံတော်သို့ ပေးဆောင်ရမည့် ၂% အား မြန်မာ့စီးပွားရေးဘဏ်မှ Online ဖြင့် ငွေလက်ခံပါသည်။ (သွင်းကုန်ပစ္စည်းဆိုပါက ဘဏ်လုပ်ငန်း ဆောင်ရွက်ခ (၀.၁၂၅%) ကိုပါ တစ်ပါတည်း ပေးသွင်းစေပါသည်။) ၎င်းနောက် ငွေဝင်ပြီး၍ ED နှင့် ပတ်သက်သည့် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခွင်ပြုကြောင်း အထောက်အထားအဖြစ် ပြည်တွင်းအခွန်ဦးစီးဌာနမှ Give Permission ပေးရပါသည်။

အကောက်ခွန်ဦးစီးဌာနမှ ED/ID Form အား Print ထုတ်ပေးခြင်း

အကောက်ခွန်ဦးစီးဌာနမှ ED/ID အား လိုအပ်သည်များ စစ်ဆေးအတည်ပြု၍ မှန်ကန်ပါက ED/ID Print ထုတ်ပေးပါသည်။

မှတ်ချက်

၂% မပေးသွင်းရသေးသည့် ED/ID စောင်ရေများအတွက် ED/ID Print ပေး၍ မရပါ။

ယာဉ်ထွက်ခွာခြင်း

ကုန်ပစ္စည်းစစ်ဆေးတွေ့ရှိချက် Manifest အား PIAC တွင် Entry ပြုလုပ်၍ Print ထုတ်ပေးပါသည်။ (မှတ်ချက်။ ED/ID Print မပြုလုပ်ရသေးပါက ဆက်လက်ဆောင်ရွက်၍ မရပါ။)

Website လိပ်စာ

မရှိပါ။