Import\Export License Permit System (IELPS) စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခြင်း


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန / April 09, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)     ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လတ်မှတ်(သက်တမ်းရှိ)

( ခ )     Sale Contract & Invoice (လိုအပ်လျှင် လျှောက်ထားသည့်ပစ္စည်းများ၏ ပုံနှင့်တကွ) တင်ပြရမည်။

( ဂ )     လျှောက်ထားသည့်ပစ္စည်းများသည် ထောက်ခံချက်လိုသည့် ပစ္စည်းများဖြစ်ပါက သက်ဆိုင်ရာ ဌာနထောက်ခံချက် တင်ပြရမည်။

(ဃ )     ကိုယ်စားလျှောက်ထားပါက Agent Card ရှိရမည်။

( င )      Consignment လိုင်စင်လျှောက်ထားပါက Consignment လက်မှတ်၊ စီးပွားရေးအကျိုးဆောင်လက်မှတ် ရှိရမည်။

( စ )      ဝိုင်များလျှောက်ထားပါက Wine Importation Card ရှိရမည်။

(ဆ)      Re-export လိုင်စင်များ လျှောက်ထားပါက Re-export Card ရှိရမည်။

( ဇ )     လိုင်စင်လျှောက်ထားခွင့်လျှောက်လွှာ (Company Letter Head)

( ဈ )    လိုင်စင်လုပ်ငန်းနှင့်ပတ်သက်သည့် ငွေပေးသွင်းမှုများအတွက် e-payment စနစ်ဖြင့် ဆောင်ရွက်မည်ဆိုလျှင် လက်ရှိစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ထားသည့် မြန်မာနိုင်ငံသားများဘဏ်တွင် Deposite Amount(လုံလောက်သော) ရှိရမည်ဖြစ်သည်။ မြန်မာနိုင်ငံသားများဘဏ်တွင် Account မရှိလျှင် MPU ဖြင့် ငွေပေးချေနိုင်သည်။

ဝန်ဆောင်ခ

www.commerce.gov.mm\ ဥပဒေလုပ်ထုံးလုပ်နည်းများ\ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ\ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

လိုအပ်သောစာရွက်စာတမ်းများ

လျှောက်ထားသည့်ပစ္စည်းများပေါ် မူတည်၍ စာရွက်စာတမ်းများ လိုအပ်ပါသည်။

လျှောက်ထားရန်အဆင့်များ

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်ပါမစ်များအား နည်းလမ်း(၃)မျိုး (Myanmartradenet, Diskette, Manual) ဖြင့် လျှောက်ထားနိုင်ပါသည်။

အဆင့်-၁     

လျှောက်ထားလာသည့် ပို့ကုန်/သွင်းကုန် လိုင်စင်များအား တာဝန်ကျဝန်ထမ်းမှ Typing ရိုက်သွင်းပေးခြင်းဖြင့်သော်လည်းကောင်း၊ Format ဖြင့်လာသော Application Form အား Migrate ပြုလုပ်၍သော်လည်းကောင်း၊ myanmartradenet ဖြင့်လာသော Application Form များအားဝန်ထမ်းမှ စနစ်အတွင်းသို့ download ပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာ Menu မှ အသီးသီး ပြုလုပ်နိုင်ပါသည်။

အဆင့်-၂     

Online Fees (MPU/epayment စနစ်အသုံးပြု) ပေးသွင်းပြီးမှသာ လျှောက်ထားသည့်လိုင်စင် Application Form အား လိုင်စင်ထုတ်ပေးရန်အတွက် စစ်ဆေးသည့်အပိုင်းသို့ အွန်လိုင်းမှတဆင့် ပေးပို့နိုင်မည်ဖြစ်ပါသည်။

အဆင့်-၃    

Online Fees ပေးဆောင်ပြီးသော Application Form များအား အချက်အလက်များမှန်ကန်မှုရှိ/မရှိ စစ်ဆေးမည်ဖြစ်ပါသည်။ ကုန်သွယ်ရေးမူဝါဒကောင်စီထံသို့ တင်ပြရန် လိုအပ်သည်များကို ပို့ကုန်သွင်းကုန်ကြီးကြပ်ကွပ်ကဲရေးကော်မတီမှတဆင့် တင်ပြရမည်ဖြစ်ပါသည်။

အဆင့်-၄    

အချက်အလက်မှန်ကန်မှုရှိသည့် သွင်းကုန်လိုင်စင်များအတွက် လိုင်စင်ကြေးပေးသွင်းရမည်ဖြစ်ပါသည်။ (မှတ်ချက်။       ပို့ကုန်လိုင်စင်/လိုင်စင်ကြေးပေးသွင်းရန် မလိုသော သွင်းကုန်လိုင်စင်များအတွက် လိုင်စင်ကြေးပေးသွင်းရန်မလိုပါ။)

အဆင့်-၅    

လိုင်စင်ကြေး (MPU/epayment စနစ်အသုံးပြု) ပေးသွင်းပြီး အချက်အလက်များ မှန်ကန်ကြောင်းစစ်ဆေးပြီးပါက လိုင်စင်ထုတ်ပေးမည်ဖြစ်ပါသည်။

အဆင့်-၆      

ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် အချက်အလက်များအား EDI ထုတ်၍ MACCS စနစ်သို့ပေးပို့ခဲ့ရာ ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် အကောက်အခွန်ဦးစီးဌာနတွင် အကောက်ခွန် ရှင်းလင်းရေးကိစ္စရပ်များ ဆက်လက်ဆောင်ရွက်ရမည်။

ဆက်သွယ်ရမည့်လိပ်စာ

ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်

067-408485, 01-241025

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

နေပြည်တော်၊ ရန်ကုန်

Website လိပ်စာ

နေပြည်တော်၊ ရန်ကုန်တွင် ချိတ်ဆက်ထားသည့် Local Application ဖြစ်သည်။

e-trade.moc.local